ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • bm အပိုင်း ၂၂ စာ. ၂၅
  • တမန်တော်များ ရဲရင့်စွာဟောပြောကြ

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • တမန်တော်များ ရဲရင့်စွာဟောပြောကြ
  • သမ္မာကျမ်းစာ—ယင်းတွင် အဘယ်သတင်းတရား ပါရှိသနည်း
  • ဆင်တူတဲ့ အကြောင်းအရာ
  • ယေရှုက ရှောလုကို ရွေးချယ်
    ကျမ်းစာကနေ သင်ယူနိုင်တဲ့ သင်ခန်းစာများ
  • အသင်းတော်ဟာ “ငြိမ်သက်အေးချမ်း” နေတယ်
    ဘုရားသခင့် နိုင်ငံတော်အကြောင်း ‘စေ့စေ့စပ်စပ် သက်သေခံပါ’
  • ဘုရားသခင့်လက်ယာတော်ဘက်မှာရှိနေတဲ့ ခရစ်တော်
    ယေရှု—လမ်းခရီး၊ အမှန်တရား၊ အသက်
  • ညှဉ်းပန်းနှိပ်စက်သူ—ကြီးစွာသောအလင်းမြင်
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၀
နောက်ထပ် ကြည့်ပါ
သမ္မာကျမ်းစာ—ယင်းတွင် အဘယ်သတင်းတရား ပါရှိသနည်း
bm အပိုင်း ၂၂ စာ. ၂၅
ဂျုးတရားရုံးချုပ်ရှေ့မှာ တမန်တော်တွေ ဟောပြောနေကြ

အပိုင်း ၂၂

တမန်တော်များ ရဲရင့်စွာဟောပြောကြ

ခရစ်ယာန်အသင်းတော်သည် ဆန့်ကျင်မှုများကြား အလျင်အမြန်တိုးပွားလာသည်

ယေရှု ကောင်းကင်သို့တက်ကြွပြီးနောက် ဆယ်ရက်အကြာ၊ စီအီး ၃၃ တွင် ဂျူးတို့၏ပင်တေကုတ္တေပွဲကျင်းပနေစဉ် တပည့်တော် ၁၂၀ သည် ဂျေရုဆလင်မြို့ရှိ အိမ်တစ်အိမ်၌ စုဝေးခဲ့ကြသည်။ ရုတ်တရက်၊ လေပြင်းတိုက်သံနှင့်တူသောအသံသည် အိမ်တစ်အိမ်လုံးပြည့်လေ၏။ တပည့်များသည် သူတို့မပြောတတ်ခဲ့သောဘာသာစကားများကို အံ့ဖွယ်နည်းဖြင့် စတင်ပြောဆိုခဲ့ကြသည်။ ထိုထူးဆန်းသောဖြစ်ရပ်များက အဘယ်အရာကိုဖော်ပြသနည်း။ ဘုရားသခင်သည် တပည့်များအား သန့်ရှင်းသောစွမ်းအားတော်ကို ပေးသနားခဲ့ခြင်းဖြစ်၏။

အိမ်အပြင်တွင် ပွဲတော်အတွက် ရပ်ဝေးဒေသများစွာမှရောက်လာကြသော ဧည့်သည်လူအုပ်ရှိနေသည်။ ၎င်းတို့၏မိခင်ဘာသာစကားကို ယေရှု၏တပည့်များ ကျွမ်းကျင်စွာပြောဆိုနေသည်ကိုကြားရ၍ သူတို့အလွန်အံ့သြနေကြ၏။ အဘယ်အရာဖြစ်ပျက်ခဲ့ကြောင်း ရှင်းပြရာတွင် ပေတရုက အံ့ဖွယ်ဆုကျေးဇူးများကိုပေးနိုင်သော စွမ်းအားတော်ကို ဘုရားသခင် “သွန်းလောင်း” မည်ဟူသည့် ယောလ၏ပရောဖက်ပြုချက်ကို ရည်ညွှန်းခဲ့သည်။ (ယောလ ၂:၂၈၊ ၂၉) သန့်ရှင်းသောစွမ်းအားတော်၏ ထိုအစွမ်းထက်သောသက်သေက အရေးပါသောအပြောင်းအလဲတစ်ခု ဖြစ်ပေါ်ပြီဖြစ်ကြောင်းကို ရှင်းလင်းစွာဖော်ပြနေ၏– ယင်းမှာ ဘုရားသခင့်မျက်နှာသာတော်ကို အစ္စရေးလူမျိုးမရရှိတော့ဘဲ တည်ထောင်ခါစခရစ်ယာန်အသင်းတော်က ရရှိပြီဖြစ်၏။ ယခု၊ ဘုရားသခင်နှစ်သက်လက်ခံသောနည်းဖြင့် ဝတ်ပြုလိုသူများသည် ခရစ်တော်၏နောက်လိုက်များဖြစ်ဖို့လိုသည်။

ထိုအတောအတွင်း ဆန့်ကျင်မှုများပြင်းထန်လာပြီး ရန်သူတို့က တပည့်များကို ထောင်ချကြသည်။ သို့သော် ညအချိန်တွင် ယေဟောဝါ၏ကောင်းကင်တမန်သည် ထောင်တံခါးကိုဖွင့်ပေးကာ ဆက်ဟောပြောကြရန် တပည့်များကိုမိန့်မှာသည်။ နံနက်ရောက်သော် သူတို့သည် ဝတ်ပြုရာအိမ်တော်သို့ဝင်၍ ယေရှုနှင့်ပတ်သက်သောသတင်းကောင်းကို ဆက်ဟောပြောလေသည်။ သူတို့ကိုဆန့်ကျင်သော ဘာသာရေးခေါင်းဆောင်များသည် အလွန်အမျက်ထွက်၍ ဆက်မဟောပြောရန် ပိတ်ပင်သည်။ သို့သော် တမန်တော်များက “ငါတို့သည် လူ၏စကားထက် ဘုရားသခင်၏စကားကို နားထောင်ရမည်” ဟု ရဲရင့်စွာပြန်ပြောသည်။—တမန်တော် ၅:၂၈၊ ၂၉။

နှိပ်စက်ညှဉ်းပန်းမှု ပြင်းထန်လာလေပြီ။ ဂျူးအချို့က တပည့်ဖြစ်သူသတေဖန်ကို ဘုရားသခင်အား စော်ကားသည်ဟုစွပ်စွဲ၍ ကျောက်ခဲဖြင့်ပေါက်သတ်ခဲ့သည်။ တာရှုမြို့သား လူငယ်ရှောလုသည် ထိုလူသတ်မှုကို သဘောတူလျက် ရပ်ကြည့်နေခဲ့သည်။ ထို့နောက် သူသည် ခရစ်တော်၏နောက်လိုက်မှန်သမျှကို ဖမ်းဆီးရန် ဒမတ်စကတ်မြို့သို့သွားလေ၏။ လမ်းတွင် ကောင်းကင်မှအလင်းတန်းသည် သူ့ပတ်လည်၌ ရုတ်တရက်ထွန်းလင်းကာ “ရှောလု၊ ရှောလု၊ အဘယ်ကြောင့် ငါ့ကိုညှဉ်းဆဲသနည်း” ဟူသောစကားသံကို ကြားရ၏။ ထိုအလင်းကြောင့် မျက်စိကွယ်သွားသောရှောလုက “ကိုယ်တော်သည် အဘယ်သူနည်း” ဟုမေးလျှောက်သော် ထိုအသံက “ငါကား သင်ညှဉ်းဆဲသောယေရှုဖြစ်၏” ဟုပြန်ဖြေဆိုသည်။—တမန်တော် ၉:၃-၅။

သုံးရက်လွန်သော် ယေရှုသည် အာနနိအမည်ရှိတပည့်တစ်ဦးကို စေလွှတ်၍ ရှောလု၏မျက်စိပြန်မြင်နိုင်ရန် ကုသစေသည်။ ရှောလုသည် နှစ်ခြင်းခံ၍ ယေရှုအကြောင်းကို ရဲရင့်စွာစတင်ဟောပြောလေ၏။ ရှောလုသည် တမန်တော်ပေါလုအဖြစ် လူသိများလာပြီး ခရစ်ယာန်အသင်းတော်တွင် ဇွဲထက်သန်သောအသင်းသားတစ်ဦးဖြစ်လာသည်။

ယေရှု၏တပည့်များသည် ဘုရားသခင်၏နိုင်ငံတော်သတင်းကောင်းကို ဂျူးနှင့်ရှမာရိလူတို့ကိုသာ ဟောပြောခဲ့သည်။ ယခု၊ ကောင်းကင်တမန်တစ်ပါးသည် ဘုရားသခင်ကိုကြောက်ရွံ့ရိုသေသော ရောမတပ်မှူးကော်နေလိရှေ့တွင်ပေါ်လာပြီး လူတို့ကိုစေလွှတ်၍ တမန်တော်ပေတရုကိုခေါ်ဖိတ်ရန် ပြောသည်။ အခြားသူတို့လည်း ပေတရုနှင့်အတူလိုက်ပါလာ၍ ပေတရုသည် ကော်နေလိနှင့်သူ၏အိမ်သားများကို ဟောပြောခဲ့သည်။ ပေတရုဟောပြောနေစဉ် သန့်ရှင်းသောစွမ်းအားတော်သည် ယုံကြည်သူလူမျိုးခြားများအပေါ် သက်ရောက်လေ၏။ ပေတရုသည် ယေရှု၏နာမ၌နှစ်ခြင်းယူကြရန် သူတို့ကိုညွှန်ကြားခဲ့သည်။ ယခု၊ ထာဝရအသက်သို့ပို့ဆောင်သောလမ်းသည် လူမျိုးအပေါင်းအတွက် ပွင့်သွားလေပြီ။ အသင်းတော်သည် သတင်းကောင်းကို ကျယ်ကျယ်ပြန့်ပြန့်ဟောပြောဖို့ အသင့်ရှိနေပြီ။

—တမန်တော် ၁:၁–၁၁:၂၁ ကိုအခြေခံသည်။

  • ပင်တေကုတ္တေပွဲတွင် အဘယ်အရာဖြစ်ပျက်ခဲ့သနည်း။

  • ယေရှုတပည့်များ၏ဟောပြောခြင်းကို ရန်သူများ မည်သို့တုံ့ပြန်ခဲ့ကြသနည်း။

  • ထာဝရအသက်သို့ပို့ဆောင်သောလမ်းသည် လူမျိုးအပေါင်းအတွက် မည်သို့ပွင့်ခဲ့သနည်း။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ