ကျမ်းစာထဲက အဖိုးတန်ဘဏ္ဍာများ | သုတ္တံ ၂၂–၂၆
“သူငယ်သွားရာလမ်းဝ၌ ဆုံးမသွန်သင်လော့”
သုတ္တံကျမ်းမှာ မိဘတွေအတွက် အကြံဉာဏ်ကောင်းတွေ ပါရှိတယ်။ သစ်ကိုင်းငယ်တစ်ခုကို ကွေးထားရင် အဲဒီအတိုင်းပဲ ကြီးထွားလာသလို ကောင်းကောင်း လေ့ကျင့်ခံရတဲ့ ကလေးတွေဟာ သူတို့ကြီးပြင်းလာတဲ့အခါ ယေဟောဝါရဲ့ အမှုတော်ကို ဆက်ထမ်းဆောင်ချင်စိတ် ရှိကြတယ်။
ကလေးတွေကို လေ့ကျင့်ပေးဖို့ အချိန်နဲ့ ကြိုးစားအားထုတ်မှု လိုအပ်
မိဘတွေအနေနဲ့ ပုံသက်သေကောင်း ပြရမယ့်အပြင် ဂရုတစိုက်ညွှန်ကြား၊ တိုက်တွန်းအားပေး၊ ဆုံးမရမယ်
ဆုံးမပဲ့ပြင်မှုဆိုတာ စိတ်နှလုံးကို ပြုပြင်တည့်မတ်ပေးတဲ့ မေတ္တာပါ လေ့ကျင့်မှုဖြစ်
ကလေးတွေဟာ မတူညီတဲ့ ဆုံးမပဲ့ပြင်မှု တစ်ယောက်တစ်မျိုးစီ လိုအပ်ကြ