ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • က၁၂ ၆/၁ စာ. ၂၆
  • သင်သိပါသလား

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • သင်သိပါသလား
  • ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၁၂
  • ဆင်တူတဲ့ အကြောင်းအရာ
  • စာရှုသူများထံမှ မေးခွန်းလွှာ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း (လေ့လာရန် စာစောင်)—၂၀၁၇
  • နှစ်ခြိုက်စိတ်ဝင်စားဖွယ်ကောင်းသော ဂျိုစီဖတ်စ်၏သမိုင်းမှတ်တမ်းများ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၄
  • “ငါတို့သည်မေရှိကိုတွေ့ကြပြီ”
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၂
ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၁၂
က၁၂ ၆/၁ စာ. ၂၆

သင်သိပါသလား

ဂျူးတွေက သူတို့ရဲ့မျိုးရိုးစဉ်ဆက်ကို ဘာကြောင့် အရမ်းစိတ်ဝင်စားကြတာလဲ။

▪ အမျိုးအနွယ်နဲ့ မိသားစုတော်စပ်ပုံတွေကို ဖော်ထုတ်ဖို့ဆိုရင် မျိုးရိုးစဉ်ဆက်မှတ်တမ်းက မရှိမဖြစ်လိုအပ်ပါတယ်။ နယ်မြေတွေသတ်မှတ်ဖို့နဲ့ အမွေဆက်ခံဖို့အတွက်လည်း အဲဒီမှတ်တမ်းတွေက လိုအပ်ပါသေးတယ်။ အရေးကြီးဆုံးကတော့၊ ရောက်ရှိလာမယ့် မေရှိယ (ခန့်အပ်ခြင်းခံရသူ) ရဲ့ မျိုးရိုးအတွက် ဖြစ်ပါတယ်။ မေရှိယဟာ ယုဒအနွယ်၊ ဒါဝိဒ်မျိုးရိုးကနေ ဆင်းသက်လာမယ်ဆိုတာကို ဂျူးတွေ ကောင်းကောင်းသိထားကြတယ်။—ယောဟန် ၇:၄၂။

ဒါ့အပြင်၊ “ယဇ်ပုရောဟိတ်အခွင့်အရာကို လေဝိမျိုးနွယ်သာ ဆက်ခံခွင့်ရှိတဲ့အတွက် . . . အဲဒီအနွယ်က စစ်မှန်ဖို့ အရေးကြီးဆုံးဖြစ်တယ်” လို့ ကျမ်းပညာရှင် ရိုအာကင် ရေရီမီအက်စ်က ပြောတယ်။ ယဇ်ပုရောဟိတ်အနွယ်နဲ့ လက်ထပ်မယ့် အစ္စရေးအမျိုးသမီးဟာ သူ့ရဲ့မျိုးရိုးက စစ်မှန်တယ်ဆိုတာ သက်သေပြဖို့လိုအပ်တယ်၊ ဒါမှသာ ယဇ်ပုရောဟိတ်အသိုင်းအဝိုင်းက “သွေးမရောထား” ဘဲ မျိုးရိုးစစ်နေမှာဖြစ်တယ်။ နေဟမိခေတ်မှာ လေဝိတစ်နွယ်လုံး “စာရင်းဝင်သောလူစုတွင် မိမိတို့စာရင်းကို ရှာ၍မတွေ့” တဲ့အတွက် ယဇ်ပုရောဟိတ်အရာ မရရှိခဲ့ကြပါဘူး။—နေဟမိ ၇:၆၁-၆၅။

ဒါ့အပြင်၊ ‘တရားမဝင်သောသား’ နဲ့ ‘အမ္မုန်အမျိုးသား၊ မောဘအမျိုးသားသည်လည်း ထာဝရဘုရားသခင်၏ပရိသတ်တော်၌ အပါအဝင်မဖြစ်ရ’ လို့ မောရှေပညတ်က သတ်မှတ်ပြဋ္ဌာန်းထားတယ်။ (တရားဟောရာ ၂၃:၂၊ ၃) အဲဒါကြောင့် ရေရီမီအက်စ်က ဒီလိုဆက်ပြောတယ်– “အမျိုးသားတစ်ဦးက အစ္စရေးလူမျိုးတစ်ယောက်ရဲ့ လုပ်ပိုင်ခွင့်ကို အသုံးပြုနိုင်ဖို့ဆိုရင် သူဟာ အမျိုးစစ်ကြောင်း သက်သေပြဖို့လိုတယ်။ အဲဒီအချက်က သာမန်အစ္စရေးလူတစ်ယောက်တောင် သူဟာ ဆယ့်နှစ်နွယ်ထဲက ဘယ်အနွယ်ကဖြစ်တယ်၊ သူနဲ့အနီးစပ်ဆုံး ဘိုးဘေးတွေက ဘယ်သူတွေဖြစ်တယ်ဆိုတာ ပြောပြနိုင်တယ်ဆိုတဲ့ . . . ကျွန်တော်တို့ရဲ့ ကောက်ချက်ကို အတည်ပြုပေးတယ်။”

ဂျူးတွေက သူတို့ရဲ့မျိုးရိုးစဉ်ဆက်စာရင်းကို ဘယ်လို ထိန်းသိမ်းစောင့်ရှောက်ခဲ့သလဲ။

▪ ယေရှုရဲ့ဘိုးဘေးတွေရဲ့ မျိုးရိုးစဉ်ဆက်စာရင်းကို ခရစ်ဝင်ကျမ်းရေးသူ မဿဲနဲ့ လုကာတို့က အသေးစိတ်ဖော်ပြခဲ့ပါတယ်။ (မဿဲ ၁:၁-၁၆; လုကာ ၃:၂၃-၃၈) ဒါ့အပြင် တခြားမျိုးရိုးစဉ်ဆက်စာရင်းတွေကိုလည်း ထိန်းသိမ်းထားကြပါတယ်။ ဥပမာ၊ ယေရှု အသက်ရှင်ခဲ့ချိန်က ရဗ္ဗိ (ဂျူးဘာသာရေးဆရာ) တစ်ဦးဖြစ်တဲ့ ဟေလိလနဲ့ပတ်သက်ပြီး ဂျူးအနက်ဖွင့်ကျမ်းတစ်ကျမ်းက ဒီလိုဖော်ပြတယ်– “ဂျေရုဆလင်မြို့မှာ မျိုးရိုးစဉ်ဆက်စာရင်းပါတဲ့ ကျမ်းလိပ်တစ်လိပ်ကို တွေ့ခဲ့တယ်။ အဲဒီထဲမှာ ဟေလိလက ဒါဝိဒ်ရဲ့မျိုးရိုးကနေ ဆင်းသက်လာတယ်လို့ ဖော်ပြထားတယ်။” ပထမရာစု ဂျူးသမိုင်းပညာရှင် ဖလေးဗီးယပ်စ် ဂျိုစီဖတ်စ်က သူ့ရဲ့ဘိုးဘေးတွေဟာ ယဇ်ပုရောဟိတ်တွေဖြစ်ပြီး သူ့အမေဘက်ကတော့ “မင်းမျိုးမင်းနွယ်” ဖြစ်တယ်လို့ သူ့ရဲ့စာအုပ် (The Life) မှာ အခိုင်အမာဖော်ပြထားတယ်။ အဲဒီအချက်အလက်တွေကို “ပြည်သူ့မှတ်တမ်းတွေမှာ ရေးမှတ်ထား” တာ သူတွေ့ရှိခဲ့တယ်လို့ ဖော်ပြထားတယ်။

ယဇ်ပုရောဟိတ်မိသားစုဝင်တွေရဲ့ မှတ်တမ်းတွေကို ထိန်းသိမ်းဖို့ သူ့လူမျိုးထဲက အရည်အချင်းပြည့်ဝတဲ့၊ အကျင့်စာရိတ္တအရမ်းကောင်းတဲ့ အမျိုးသားတွေကို တာဝန်ပေးတယ်လို့ ဂျိုစီဖတ်စ်က သူ့ရဲ့စာအုပ် (Against Apion) မှာ ဖော်ပြထားတယ်။ စွယ်စုံကျမ်းတစ်ကျမ်း (The Jewish Encyclopedia) က ဒီလိုဖော်ပြတယ်– “အထူးမင်းအရာရှိတစ်ဦးကို အဲဒီမှတ်တမ်းတွေ ယုံကြည်စိတ်ချစွာ ပေးအပ်လိုက်ပုံရတယ်။ မျိုးရိုးစဉ်ဆက်စာရင်းနဲ့ပတ်သက်တဲ့ မေးမြန်းစုံစမ်းမှုတွေကို ကြားနာပြီး ဖြေကြားပေးတဲ့ တရားရုံးတစ်ခုလည်း ရှိပုံရတယ်။” ယဇ်ပုရောဟိတ်အနွယ်မဟုတ်တဲ့ ဂျူးတွေကတော့ သူတို့ဖခင်ရဲ့ မြို့တွေမှာ မှတ်ပုံတင်ရတယ်။ (လုကာ ၂:၁-၅) ခရစ်ဝင်ကျမ်းရေးသူတွေဟာ အဲဒီအချိန်မှာရှိနေတဲ့ ပြည်သူ့မှတ်တမ်းတွေကို ဆန်းစစ်လေ့လာခဲ့တယ်ဆိုတာ ထင်ရှားပါတယ်။ ကိုယ်ပိုင်မှတ်တမ်းတွေကိုတော့ မိသားစုကိုယ်တိုင် ထိန်းသိမ်းထားကြပုံရတယ်။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ