ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • “ဗာဗုလုန် ပြိုလဲပြီ!”
    ဟေရှာယ ပရောဖက်ပြုချက်—လူခပ်သိမ်းအတွက် အလင်း ၁
    • ကင်းစောင့်ကို မေးမြန်းခြင်း

      ၁၇။ ဧဒုံကို “ဒုမာ” ဟု အဘယ်ကြောင့် သင့်လျော်စွာ ခေါ်ဆိုသနည်း။

      ၁၇ ဟေရှာယ အခန်းကြီး ၂၁ တွင် ပါသော ဒုတိယ ပရောဖက်ပြုချက်သတင်းသည် ကင်းစောင့်၏ ကဏ္ဍကို ဦးစားပေး ဖော်ပြသည်။ ဤသို့ အစပြုဆိုထား၏– “ဒုမာပြည်နှင့်ဆိုင်သော ဗျာဒိတ်တော်ကား ‘အိုကင်းစောင့် ညအမှုကား အဘယ်သို့နည်း။ အိုကင်းစောင့် ညအမှုကား အဘယ်သို့နည်း’ ဟု စိရတောင်ပေါ်က ငါ့ကို ဟစ်ခေါ်လေ၏။” (ဟေရှာယ ၂၁:၁၁) ဤဒုမာပြည်သည် မည်သည့်နေရာတွင် ရှိသနည်း။ ကျမ်းစာခေတ်တွင် ထိုအမည်ဖြင့် မြို့များစွာ ရှိကြောင်း ထင်ရှားသည်၊ သို့သော် ယင်းတို့ထဲမှ တစ်ခုကိုမျှ ဤတွင် ဆိုလိုခြင်း မဟုတ်ပါ။ ဒုမာပြည်ကို စိရ၊ နောက်အမည်တစ်မျိုး ဖြစ်သော ဧဒုံပြည်တွင် မတွေ့ရပါ။ သို့ရာတွင် “ဒုမာ” သည် “တိတ်ဆိတ်” ဟု အဓိပ္ပာယ်ရသည်။ ထို့ကြောင့် ရှေ့တွင် ဖော်ပြခဲ့သော အဖြစ်အပျက်တွင်ကဲ့သို့ နယ်မြေ၏ အနာဂတ် အရိပ်အယောင် ဖော်ပြသော အမည်ပေးထားခြင်း ဖြစ်မည်။ နှစ်ပေါင်းများစွာ ဘုရားသခင့် လူမျိုး၏ ရန်သူ ဖြစ်ခဲ့သူ ဧဒုံသည် တိတ်ဆိတ်ခြင်း—သေခြင်းတွင် တိတ်ဆိတ်သွားခြင်းဖြင့် အဆုံးသတ်မည်။ သို့သော် ထိုသို့မဖြစ်မီ အချို့သူများသည် အနာဂတ်နှင့်ပတ်သက်၍ စိုးရိမ်ပူပန်လျက် မေးမြန်းကြမည်။

  • “ဗာဗုလုန် ပြိုလဲပြီ!”
    ဟေရှာယ ပရောဖက်ပြုချက်—လူခပ်သိမ်းအတွက် အလင်း ၁
    • e ကင်းမျှော်စင်မဂ္ဂဇင်း၏ အစောပိုင်း ၅၉ နှစ်အတွင်း မျက်နှာဖုံးတွင် ဟေရှာယ ၂၁:၁၁ ကို ဖော်ပြခဲ့ကြသည်။ ကင်းမျှော်စင်အသင်း၏ ပထမဥက္ကဋ္ဌ ချားလ်စ် တီ. ရပ်စဲလ် နောက်ဆုံး ရေးသားခဲ့သော ဟောပြောချက်၏ အဓိကအချက်သည် ထိုကျမ်းချက်ပင် ဖြစ်သည်။

မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
ထွက်ပါ
ဝင်ပါ
  • မြန်မာ
  • ဝေမျှပါ
  • နှစ်သက်ရာ ရွေးချယ်ပါ
  • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
  • လိုက်နာရန် စည်းကမ်းများ
  • ကိုယ်ရေးလုံခြုံမှု မူဝါဒ
  • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
  • JW.ORG
  • ဝင်ပါ
ဝေမျှပါ