-
ယေဟောဝါ၏ထူးခြားသောစီရင်ချက်ကို အဆက်မပြတ်သတိပေးကင်းမျှော်စင်—၁၉၉၁ | ဇွန် ၁
-
-
၁၇၊ ၁၈။ လူမျိုးတော်အတွက် ယေဟောဝါသည် မည်သည့်နည်းဖြင့် မာနသရဖူနှင့်ဘုန်းအသရေပန်းဦးရစ်ဖြစ်လာသနည်း။
၁၇ စစ်မှန်သောဝတ်ပြုရေးဘက်ရပ်တည်သူတို့၏ ရွှင်လန်းအားရစရာအခြေအနေအကြောင်းကို ပရောဖက်ဟေရှာယဤသို့ဖေါ်ပြသည်။ “ထိုကာလ၌ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရား [ယေဟောဝါ၊ NW ] သည်ကျန်ကြွင်းသောမိမိလူတို့၌ ဘုန်းရှိသောသရဖူ၊ အသရေတင့်တယ်သောဦးရစ်ဖြစ်တော်မူလိမ့်မည်။ တရားမှုကိုစီရင်သောသူတို့အား တရားစီရင်သောဉာဏ်ကိုလည်းကောင်း၊ ရန်သူမျိုးတံခါးတိုင်အောင် စစ်မှုကိုလှန်သောသူတို့အား ခွန်အားဗလကိုလည်းကောင်း ပေးတော်မူလိမ့်မည်။”—ဟေရှာယ ၂၈:၅၊ ၆။
-
-
ယေဟောဝါ၏ထူးခြားသောစီရင်ချက်ကို အဆက်မပြတ်သတိပေးကင်းမျှော်စင်—၁၉၉၁ | ဇွန် ၁
-
-
၁၉။ တရားမှုကိုစီရင်သောသူကား မည်သူနည်း။ ကိုယ်တော်အတွက် ယေဟောဝါသည် တရားစီရင်ခြင်းဉာဏ် မည်သို့ဖြစ်လာသနည်း။
၁၉ “တရားမှုကိုစီရင်သောသူ” ယေရှုအတွက် ယေဟောဝါသည် “တရားစီရင်ခြင်းဉာဏ်” သဖွယ်ဖြစ်လာပေပြီ။ ယေရှုမြေကြီးပေါ်သက်တော်ထင်ရှားစဉ် လောကီမိတ်သဟာယ၏ တက်ကြွလှုပ်ရှားသောစိတ်ဓာတ်၏လွှမ်းမိုးခြင်းကို ကိုယ်တော်ငြင်းပယ်ခဲ့သည်။ ယနေ့ယေဟောဝါ၏နန်းတင်ဘုရင်အနေနှင့် ကိုယ်တော်သည်သန့်ရှင်းသောဝိညာဉ်တော်နှင့်ပြည့်ဝသဖြင့် ဟန်ချက်ညီမျှတ၍ရှင်းလင်းပြတ်သားသောဆုံးဖြတ်ချက်များချရန် ညွှန်ကြားခံရသည်။ ယေရှုတွင် ဤပရောဖက်ပြုချက်ပြည့်စုံလေပြီ။ “ထာဝရဘုရား [ယေဟောဝါ၊ NW ] ၏ဝိညာဉ်တော်တည်းဟူသောဉာဏ်ပညာကိုပေးသောဝိညာဉ်၊ ကြံစည်တတ်စွမ်းနိုင်သောသတ္တိကိုပေးသောဝိညာဉ်၊ ထာဝရဘုရား [ယေဟောဝါ၊ NW ] ကိုသိ၍ကြောက်ရွံ့သောသဘောကိုပေးသောဝိညာဉ်တော်သည် ထိုသူအပေါ်မှာ ကျိန်းဝပ်တော်မူလိမ့်မည်။” (ဟေရှာယ ၁၁:၂) မှန်ပါသည်။ ယေရှုအားဖြင့် ယေဟောဝါရှင်သည် “တရားစောင့်ခြင်းကိုမျဉ်းကြိုးအဖြစ်၊ ဖြောင့်မတ်ခြင်းကိုမှန်ထုပ်အဖြစ်ထား” တော်မူမည်။ (ဟေရှာယ ၂၈:၁၇) ဝိညာဏသောက်ကြူးသည့်ရန်သူများသည် ဖျက်ဆီးခြင်းဘေးဒဏ်ခံစဉ် ယေဟောဝါ၏သန့်ရှင်းသောနာမတော်မြတ်နှင့်စကြဝဠာအချုပ်အခြာအာဏာအတွက် တရားခြင်းနှင့်အညီဘုန်းထင်ရှားရမည်။
-