ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • ယေဟောဝါ၏ “ထူးခြားသော အမှုတော်” အကြောင်း ဟေရှာယ ကြိုဟော
    ဟေရှာယ ပရောဖက်ပြုချက်—လူခပ်သိမ်းအတွက် အလင်း ၁
    • ၈။ ဟေရှာယ၏ သတင်းစကားကို မည်သို့ တုံ့ပြန်ကြသနည်း။

      ၈ ယုဒခေါင်းဆောင်များသည် ယေဟောဝါ၏ သတိပေးချက်ကို မည်သို့ တုံ့ပြန်ကြသနည်း။ သူတို့သည် ဟေရှာယကို လှောင်ပြောင်ကြပြီး မိမိတို့အား နို့စို့သူငယ်အမှတ်နှင့် လာပြောနေသည်ဟု ဆိုကာ သူ့အား အပြစ်တင်ကြ၏– “အဘယ်သူကို ပညာသွန်သင်ချင်သနည်း။ အဘယ်သူကို တရားနားလည်စေချင်သနည်း။ ငါတို့သည် နို့နှင့် ကွာစရှိသောသူ၊ အမိသားမြတ်နှင့် အနိုင်ကွာရသောသူ ဖြစ်ကြသလော။ ‘ပညတ်တစ်ခုပေါ်မှာ တစ်ခု၊ တစ်ခုပေါ်မှာ တစ်ခု၊ တစ်နည်းပေါ်မှာ တစ်နည်း၊ တစ်နည်းပေါ်မှာ တစ်နည်း၊ သည်ဘက်မှာ အနည်းငယ်၊ ဟိုဘက်မှာ အနည်းငယ် ရှိပါသည်တကား’ ဟု ဆိုကြ၏။” (ဟေရှာယ ၂၈:၉၊ ၁၀) သူတို့အား ဟေရှာယ ပြောဆိုသည့် စကားများသည် ထပ်တလဲ ဖြစ်ပြီး အသစ်အဆန်း ဖြစ်နေသည်! သူက ‘ဤကား ယေဟောဝါ၏ ပညတ်! ဤကား ယေဟောဝါ၏ ပညတ်! ဤကား ယေဟောဝါစံချိန်! ဤကား ယေဟောဝါစံချိန်!’ ဟု အထပ်ထပ် ပြောနေ၏။a သို့သော် မကြာမီ ယေဟောဝါသည် ယုဒပြည်သူပြည်သားများကို အရေးယူလုပ်ဆောင်မှုဖြင့် “မိန့်တော်မူ” မည်။ ကိုယ်တော်သည် ဗာဗုလုန်စစ်တပ်—စကားမတူသော တိုင်းတစ်ပါးသားများကို လွှတ်ကာ သူတို့အား တိုက်ခိုက်စေမည်။ ထိုစစ်တပ်သည် ယေဟောဝါ၏ “ပညတ်တစ်ခုပေါ် တစ်ခု” ကို အမှန် လိုက်နာကြပြီး ယုဒပြည် ကျသွားမည်။—ဟေရှာယ ၂၈:၁၁-၁၃ ဖတ်။

  • ယေဟောဝါ၏ “ထူးခြားသော အမှုတော်” အကြောင်း ဟေရှာယ ကြိုဟော
    ဟေရှာယ ပရောဖက်ပြုချက်—လူခပ်သိမ်းအတွက် အလင်း ၁
    • a မူရင်းဟေဗြဲကျမ်းတွင် ဟေရှာယ ၂၈:၁၀ သည် ကလေး ရွတ်ဖတ်သော ကဗျာလင်္ကာနှင့် အတန်ငယ် တူသော ကဗျာလင်္ကာထပ်ပုံစံ ဖြစ်သည်။ ထို့ကြောင့် ဘာသာရေး ခေါင်းဆောင်များအတွက် ဟေရှာယ၏ သတင်းစကားသည် ကလေးဆန်ဆန် အထပ်ထပ် ပြောနေခြင်းနှင့် တူနေသည်။

မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
ထွက်ပါ
ဝင်ပါ
  • မြန်မာ
  • ဝေမျှပါ
  • နှစ်သက်ရာ ရွေးချယ်ပါ
  • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
  • လိုက်နာရန် စည်းကမ်းများ
  • ကိုယ်ရေးလုံခြုံမှု မူဝါဒ
  • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
  • JW.ORG
  • ဝင်ပါ
ဝေမျှပါ