ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • နဓ ၆/၉၄ စာ. ၂-၄
  • လူ့ဖန်ဆင်းရှင်၌ ယုံကြည်အားထားမှု တည်ဆောက်ပေး

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • လူ့ဖန်ဆင်းရှင်၌ ယုံကြည်အားထားမှု တည်ဆောက်ပေး
  • ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၁၉၉၄
  • ဆင်တူတဲ့ အကြောင်းအရာ
  • ကျွန်ုပ်တို့၏ ဖန်ဆင်းရှင်ကို အခြားသူများပါ ဂုဏ်တင်ကြရန် ကူညီပေးခြင်း
    ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၁၉၉၄
  • စိတ်ဝင်စားမှုကိုနှိုးဆွပေးသည့် တင်ဆက်ပုံများ
    ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၁၉၉၂
  • သတင်းကောင်းကို အပြုသဘောဖြင့် တင်ဆက်နေခြင်း
    ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၁၉၉၆
  • မည်သို့ထာဝစဉ်အသက်ရှင်နိုင်ကြောင်း သင်ယူနိုင်ရန် ကူညီပေးဖို့ လူတို့ထံ ပြန်လည်ပတ်
    ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၁၉၉၃
နောက်ထပ် ကြည့်ပါ
ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၁၉၉၄
နဓ ၆/၉၄ စာ. ၂-၄

လူ့ဖန်ဆင်းရှင်၌ ယုံကြည်အားထားမှု တည်ဆောက်ပေး

၁ အသက်စဖြစ်လာပုံကို လူအများ တစ်မျိုးစီကောက်ချက်ချကြသည်။ ဝမ်းနည်းစရာမှာ အဖြေမှန်သည် ဆင့်ကဲအားဖြင့်ဖြစ်သည်ဟု ယူဆရန် မှားယွင်းစွာ ဩဇာညောင်းခံရခြင်းဖြစ်သည်။ ဖန်ဆင်းခြင်း [လိပ်] စာအုပ်သည် ယင်းပြဿနာကို နှစ်ဘက်စလုံးမှ အတွင်းကျကျတင်ပြ၍ ကျမ်းစာကို ထောက်ခံသည့် သက်သေသာဓက မြောက်မြားစွာ ဖော်ပြပေးပါသည်။ နားထောင်လိုစိတ်ရှိခဲ့သော စိတ်ရင်းမှန်သူတို့အား မည်သို့ကူညီပေးနိုင်မည်နည်း။ ပြန်လည်ပတ်မှုများ ပြုလုပ်ခြင်းအားဖြင့် ဖြစ်သည်။ ပြန်သွားသည့်အခါ ကျွန်ုပ်တို့၏ဖန်ဆင်းရှင် ယေဟောဝါ၌ ယုံကြည်မှုတည်ဆောက်ပေးမည့်အကြောင်းတစ်ခုခုကို ပြောပြရန် အမြဲအသင့်ရှိခြင်းသည် ကောင်းပါ၏။

၂ ထိုသူသည် ကျမ်းစာကို ယုံကြည်မှုတင်ပြလျှင် စကားလက်ဆုံပြောဆိုခြင်းငှာ ဤချဉ်းကပ်နည်းသည် ထိရောက်ပေမည်–

▪ “စကြဝဠာ ဘယ်လိုစဖြစ်လာတဲ့အကြောင်း ဟေရှာယ ၄၅:၁၈ ကပိုင်ပိုင်နိုင်နိုင် ဖော်ပြထားတယ်။ ဘယ်လိုထင်သလဲဆိုတာကို သိချင်တယ်။ [ဖတ်ပြပြီး အဖြေပေးပါစေ။] ကောင်းကင်နဲ့မြေကြီးကို ဖန်ဆင်းတဲ့သူအဖြစ် ယေဟောဝါက ကိုယ့်ကိုယ်ကိုဖော်ပြတယ်။ ဒီကမ္ဘာပေါ်က အသက်ကော။ ဟေရှာယ ၄၂:၅ ကကိုယ်တော်ကြောင့်ရှိလာတယ်လို့ ဖော်ပြထားတယ်။ [ဖတ်။] ကျမ်းစာပြောတာ မှန်တယ်ဆိုရင် ဆင့်ကဲအယူဟာ မှားတယ်။ ကျမ်းစာကို စိတ်ချနိုင်မယ်လို့ ထင်သလား။” ဖန်ဆင်းခြင်း [လိပ်] စာအုပ်၏ အခန်း ၁၇ ကိုကိုးကားပြီး ယေဟောဝါသည် ဖန်ဆင်းရှင်ဖြစ်ကြောင်း ယုံကြည်နိုင်သည့် အခြားအကြောင်းများကို ဖော်ပြပါ။

၃ သင့်လက်ဆုံစကားပြောဆိုခြင်းကို ဤသို့စတင်နိုင်သည်–

▪ “နောက်ဆုံးတစ်ခေါက်က လူနဲ့ကမ္ဘာရဲ့အနာဂတ်ကဘာလဲ ဆိုတဲ့မေးခွန်းပေါ်ခဲ့တယ်။ ကျွန်တော်ထားခဲ့တဲ့ ဘရိုရှာက ဘယ်လိုဖြေဆိုတယ်ဆိုတာကို သတိပြုပါ။” ဘုရားသခင်သည် ကျွန်ုပ်တို့အား အမှန်ပင် ဂရုစိုက်တော်မူသလောဘရိုရှာ၏ စာမျက်နှာ ၂၂-၂၈ ကိုဖွင့်ပြီး အပိုဒ် ၂၃ နှင့် ၂၄ တို့ကို သူ့အားဖတ်စေပါ။ ထပ်၍စိတ်ဝင်စားမှု တင်ပြမည်ဆိုလျှင် ဤသို့မေးနိုင်မည်– “ကမ္ဘာပေါ်မှာ ဘာထူးခြားတဲ့အကြောင်းအလဲတွေ ဖြစ်လာမယ် ထင်သလဲ။” [ဖြေဆိုပါစေ။ ထိုနောက် ဗျာဒိတ် ၂၁:၄၊ ၅ ကိုဖတ်။] ကျွန်တော်ထားခဲ့တဲ့ဘရိုရှာက အဲ့ဒီအကြောင်းကို ရှင်းပြတယ်။” တစ်ပိုဒ်နှစ်ပိုဒ် စဖတ်ပါ။ ထို့နောက် ပြန်လည်ပတ်မှုအတွက် စီစဉ်ပါ။

၄ အိမ်ရှင်သည် ဘာသာတရားကိုင်းရှိုင်းသူဖြစ်မည်ဆိုလျှင် ဤသို့မေးနိုင်ပေမည်–

▪ “ယနေ့ လူအများက သဘာဝပါဆိုပြီး ပြောတတ်ကြတာ သတိထားမိသလား။ [ဖြေပါစေ။] ကျမ်းစာက ဖန်ဆင်းရှင်ရှိတယ်ဆိုတာကို မပြောဘဲမနေပါဘူး။” ဗျာဒိတ် ၄:၁၁ ကိုဖတ်။ ကျမ်းချက်ကိုဖတ်ပြီးနောက် အိမ်ရှင်ပြောဆိုစရာရှိပေမည်။ (စာအုပ်ရှိမည်ဆိုလျှင်) ဖန်ဆင်းခြင်း [လိပ်] စာအုပ် အခန်း ၁၁ မှ အချက်တစ်ခုနှစ်ခုကို သတိပြုစေပြီး ခရစ်တော်၏နိုင်ငံတော်အောက်တွင် ပရဒိသုကမ္ဘာဖြစ်လာစေရန် ဖန်ဆင်းရှင်ရည်ရွယ်ထားကြောင်း ပေါ်လွင်စေပါ။

၅ ပြန်လည်ပတ်မှု၌ စတင်ပြောနိုင်သည့်အခြားနည်းတစ်နည်းကား–

▪ “အရင်တစ်ခေါက်က မကြာမီဖြစ်လာမဲ့ အပြောင်းအလဲတွေအကြောင်း ပြောဆိုခဲ့တယ်။ ဒီဝေစာက “. . . အကြောင်းကို လိုရင်းတိုရှင်းဖော်ပြတယ်” ဟုပြောပြီးနောက် ကမ္ဘာသစ်တွင် ငြိမ်းချမ်းသောအသက်တာ ဝေစာကို အသုံးပြုပါ။ နောက်ဆုံးအခေါက်တွင် သင်ထားခဲ့သော မည်သည့်စာအုပ်ကိုမဆိုအသုံးပြုကာ ထပ်ဆင့်ဆွေးနွေးရန် ပြန်လည်ပတ်မှုကို စီစဉ်ပါ။

၆ ပြန်လည်ပတ်မှုပြုရန် အချိန်ကိုသတ်မှတ်ခြင်းသည် အကောင်းဆုံးဖြစ်ကြောင်း အတွေ့အကြုံရင့်ကျက်သော ကြေညာသူများ သတိပြုမိခဲ့ပြီ။ ဤလုပ်ငန်းအတွက် အစီအစဉ်အတိအကျရှိခြင်းက စိတ်ဝင်စားသူများထံ နောက်မကျဘဲ ပြန်သွားဖို့ရန် အကူအညီဖြစ်ပါလိမ့်မည်။ သင့်အတွက်နှင့် ရပ်ကွက်အတွက်ပါ အကောင်းဆုံးဖြစ်မည့်အချိန်ကို ဆုံးဖြတ်ပါ။ ဤလုပ်ငန်းတွင် မှန်မှန်ပါဝင်ခြင်းအားဖြင့် “တပည့်ဖြစ်စေ” ရန်မိန့်မှာချက်ကို လိုက်နာခြင်းမှ ပျော်ရွှင်မှုရရှိပါလိမ့်မည်။—မ. ၂၈:၁၉၊ ၂၀။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၆)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်များ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ