-
လူငယ်များ—ယေဟောဝါ၏နှလုံး ရွှင်လန်းစေလော့နိုင်ငံတော်ဓမ္မအမှု—၁၉၉၃ | နိုဝင်ဘာ
-
-
လူငယ်များ—ယေဟောဝါ၏နှလုံး ရွှင်လန်းစေလော့
၁ လူငယ့်စွမ်းပကား ခွန်အားသတ္တိရှိချိန်သည် အမှန်ပျော်ရွှင်ကြည်နူးဖွယ်ရာ ဖြစ်သည်။ ပညာရှိရှောလမုန်မင်းကြီးက– “အချင်းလူပျို၊ အသက်ပျိုသောအခါ ပျော်မွေ့လော့။ အသက်ပျိုစဉ်ကာလတွင် စိတ်ရွှင်လန်းခြင်းရှိလော့” ဟုရေးသားခဲ့သည်။ (ဒေ. ၁၁:၉) သို့ရာတွင် သင့်အပြုအမူများကို ဘုရားသခင်ရှေ့ ထုချေဖြေရှင်းရဦးမည်ဖြစ်ကြောင်း အသင်လူငယ်များ သတိရနေရန် လိုသည်။
၂ သင်အသိအမှတ်ပြုသည်ဖြစ်စေ၊ မပြုသည်ဖြစ်စေ အသင် မည်သို့အသက်ရှင်နေထိုင်သည်ကား အရေးကြီးသည်။ ဥပမာ၊ သင့်မိဘများအတွက် ထူးခြားစရာဖြစ်စေသည်။ သု. ၁၀:၁ က “ပညာရှိသောသားသည် အဘဝမ်းမြောက်ခြင်းအကြောင်း၊ မိုက်သောသားမူကား အမိဝမ်းနည်းခြင်းအကြောင်းကို ဖြစ်စေတတ်၏” ဟုဆိုသည်။ သို့သော် ထိုထက်အရေးကြီးသည်ကား အသင်အသက်ရှင်ပုံသည် သင့်ဖန်ဆင်းရှင် ယေဟောဝါဘုရားသခင်ကိုပင် ထိခိုက်နိုင်ပါသည်။ သုတ္တံ ၂၇:၁၁ တွင် လူငယ်များကိုပါ ယေဟောဝါ တိုက်တွန်းသည်ကား “ငါ့သား၊ ပညာရှိလော့။ ကဲ့ရဲ့သောသူ၏စကားကို ငါချေနိုင်အောင် ငါ့စိတ်ကို ရွှင်လန်းစေလော့” ဟူ၍ဖြစ်သည်။ ယနေ့ အသင်လူငယ်များသည် ယေဟောဝါ၏နှလုံးကို မည်သို့ ရွှင်လန်းစေနိုင်မည်နည်း။ အသင်းတော်၏ ဝိညာဉ်ရေးကို ထူးခြားစွာ အကျိုးပြုခြင်းအားဖြင့်ဖြစ်သည်။ ယင်းကို နည်းမျိုးစုံဖြင့် တင်ပြနိုင်ပါသည်။
၃ သင့်လျော်သောပုံသက်သေဖြင့်– အသင်လူငယ်များသည် လူသားအပေါင်းတို့အတွက် သမ္မာကျမ်းစာကြိုတင်ဟောထားသည့် “ခဲယဉ်းသောကာလ” ကိုကြုံတွေ့နေကြရသည်။ (၂ တိ. ၃:၁) မယုံကြည်သောကျောင်းနေဘက်များနှင့် ကျမ်းစာအခြေခံသည့် သင့်ရှုမြင်ချက်များကို ကဲ့ရဲ့သောဆရာဆရာမများ၏ ဖိစီးမှုတို့ကိုလည်း အသင်ခံနေရပေမည်။ ဥပမာ၊ ကြေညာသူတစ်ဦး၏ဆရာသည် ဆင့်ကဲသီအိုရီကို ဖြစ်ရပ်မှန်၊ သမ္မာကျမ်းစာကို ကား ဒဏ္ဍာရီအဖြစ်တင်ပြခဲ့သည်။ သို့ရာတွင် ကြေညာသူလူငယ်သည် သမ္မာကျမ်းစာဘက်ရပ်တည်၍ ခုခံပြောဆိုနိုင်ခဲ့သည်။ ယင်းကြောင့် သူမသည် ကျမ်းစာသင်အံမှုများစွာကို စနိုင်ခွင့်ရခဲ့သည်။ စိတ်ဝင်စားမှုရှိသူအချို့ပင် စည်းဝေးများကို တက်လာကြပါသည်။ ညီအစ်ကိုညီအစ်မငယ်များ၏ယုံကြည်ခြင်းသည် ဘုရားတရားမဲ့လောကကို ပြစ်တင်ရှုတ်ချ၍ စိတ်နှလုံးရိုးဖြောင့်သူများအား သမ္မာတရားသို့ သွေးဆောင်ပေးပါသည်။—ဟေဗြဲ ၁၁:၇။
၄ ကျောင်းတွင်၊ အိမ်တွင်၊ အသင်းတော်တွင် ပုံသက်သေကောင်းတင်ပြခြင်းအားဖြင့် အခြားညီအစ်ကိုညီအစ်မငယ်များ၏ ယုံကြည်ခြင်းကို တည်ဆောက်ပေးနိုင်ပါသည်။ အသင်းတော်ရှိ သင့်သက်တူရွယ်တူ များသည် အဆိုးကို အားမကျကြရန် သင်၏ပုံသက်သေသည် အားပေးတည်ဆောက်မှု ဖြစ်စေနိုင်မည်လော။ (ရော. ၁:၁၂) အခြားသူများယေဟောဝါအား သစ္စာရှိစေရန် အသင်သည် ပုံသက်သေကောင်းပြခြင်းဖြင့် ကိုယ်တော့်နှလုံးကို မည်မျှ ရွှင်လန်းစေသည်တကား!
၅ ဝတ်စားဆင်ယင်မှုအားဖြင့်– ဣန္ဒြေရရဝတ်စားဆင်ယင်သည့်အတွက် အစခံရ၍ “အထိမခံသူ” ဟုကဲ့ရဲ့ခံနေရသော်လည်း ညီအစ်မငယ်တစ်ဦးသည် လောက၏ ဘုရားတရားမဲ့စံချိန်များကို လုံးဝ မလက်ခံခဲ့ပါ။ ယင်းအစား မိမိသည် ယေဟောဝါသက်သေတစ်ဦးဖြစ်ကြောင်း၊ ယင်း၏စံချိန်ကိုသာ မိမိလိုက်လျှောက်ကြောင်း ရှင်းပြပါသည်။ ဤညီအစ်မ၏ ခံနိုင်ရည်မျိုး အသင်၌ရှိပါသလော။ သို့မဟုတ် စာတန့်လောက၏ အတွေးအခေါ်အကျင့်အကြံကို လက်ခံကျင့်သုံးရန် အသင်ပုံသွင်းခံပါသလော။ အသင်လူငယ်များစွာတို့သည် ယေဟောဝါ၏ သွန်သင်ချက်များကို လိုက်နာခံယူ၍ လောက၏ ခေတ်စားရာနောက်မလိုက်၊ ဤလောကအမွှမ်းတင်ထားသူများကို အထင်မကြီး၊ လောကနှင့် လောကီရှင်ဘုရင်၊ နတ်ဆိုးတို့၏ သွန်သင်ချက်များကို ငြင်းပယ်နေကြကြောင်း အစီရင်ခံနိုင်သည့်အတွက် အလွန်ရွှင်လန်းအားရစရာပါတကား!—၁ တိ. ၄:၁။
၆ ဖျော်ဖြေအပန်းဖြေမှုကို ရွေးချယ်ခြင်းအားဖြင့်–နည်းမှန်လမ်းကျအပန်းဖြေရန် ဖျော်ဖြေမှုကောင်းကို ပညာရှိရှိရွေးချယ်တတ်ရန် သားသမီးများအား ကူညီပေးဖို့လိုကြောင်း မိဘများ သတိရနေသင့်သည်။ မိမိအလွန်ချစ်ခင်ရင်းနှီးသော အိမ်ထောင်စုတစ်စုအကြောင်း ညီအစ်ကိုတစ်ဦးပြောပြပါသည်။ သူတို့သည် ဝိညာဉ်ရေးစိတ်ထားရှိကြ၍ မိဘ၏လမ်းပြမှုသည် မိသားစုအပန်းဖြေရေးကိစ္စတွင်ပင် တွေ့ရှိခဲ့ရသည်။ “သူတို့သည် မိသားစုလိုက် လုပ်ကိုင်တတ်ခြင်းကို ချီးမွမ်းသည်။ လုပ်ငန်းတော်အတွက် သားသမီးများကို မိဘနှစ်ပါး အသင့်ပြင်ဆင်ပေးရုံမက အပန်းဖြေချိန်တွင်လည်း မိသားစုလိုက် ပျော်ရွှင်စရာအချိန် ဖြစ်စေကြသည်။ သူတို့သည် အတူတကွ ခြေလျင်ခရီးထွက်၊ ပြတိုက်များသို့ လေ့လာရေးသွားကြ၏။ သို့မဟုတ် အိမ်တွင်နေ၍ မိသားစုလိုက် ပျော်ပါးကြ၏။ သို့မဟုတ် မိသားစုစီမံကိန်းတစ်ခုတွင် ဝိုင်းဝန်းကူညီ လုပ်ကိုင်ကြသည်။ အချင်းချင်း တစ်ယောက်ကိုတစ်ယောက် သော်လည်းကောင်း၊ အခြားသူတို့အား သော်လည်းကောင်း မေတ္တာပြပုံက နောက်နောင်တွင် မည်သည့်အရာပေါ်လာစေကာမူ သမ္မာတရားလမ်းပေါ် လျှောက်သွားကြလိမ့်မည်ဟု ယုံကြည်စိတ်ချစေပါသည်” ဟူ၍ ပြောပြသည်။
၇ အပန်းဖြေမှုတိုင်း၊ ဖျော်ဖြေမှုတိုင်းတွင် တစ်အိမ်ထောင်လုံး မပါဝင်နိုင်သည့်အခါများ ရှိပါသည်။ အသင်လူငယ်များ ဂရုစိုက်ကြရမည်ကား သင့်အားလပ်ချိန်တွင် အဘယ်အမှုကိုပြုလုပ်ရန် ရွေးချယ်ခြင်းသည် အလွန်အရေးကြီးကြောင်း ဖြစ်သည်။ စာတန်သည် မြောက်မြားစွာသောသူတို့အား လမ်းလွဲစေလိုသည်ကား အမှန်ပင်။ ငယ်ရွယ်၍အတွေ့အကြုံ နုနယ်သူများသည် သူ၏ပါးနပ်ကျင်လည်သော သွေးဆောင်မှုနောက် လိုက်ပါသွားရန် အလွန်လွယ်ကူပါသည်။ (၂ ကော. ၁၁:၃။ ဧ. ၆:၁၁) ထိုကြောင့် မတရားသောလမ်းတွင် အတ္တဆန်ဆန် ပျော်ပါးနေစေရန် စာတန်သည် နည်းအမျိုးမျိုးဖြင့် သင့်အား ယနေ့သွေးဆောင်နေပါသည်။
၈ ရုပ်ပိုင်းဆိုင်ရာနှင့် စာရိတ္တယိုယွင်းသော ဘဝပုံစံမျိုးကိုလိုက်ရန် ရုပ်မြင်သံကြားက အထူးသွေးဆောင်ပါသည်။ ရုပ်မြင်သံကြားနှင့် ဗွီဒီယိုများကလည်း အဓမ္မမှုနှင့်လိင်နှီးနှောခြင်းကို ကွင်းကွင်းကွက်ကွက် ဖော်ပြနေပါသည်။ ခေတ်ပေါ်တေးသီချင်းတို့သည် တိုး၍တိုး၍ညစ်ညမ်းပျက်ပြားလာနေပါသည်။ စာတန်၏ သွေးဆောင်မှုများသည် မှားယွင်းမှုမရှိဟန်တူသော်လည်း ထောင်ပေါင်းများစွာသော ခရစ်ယာန်လူငယ်တို့အား အတွေးချော်စေ၍ မှားယွင်းစေခဲ့ပေပြီ။ ဤကဲ့သို့သောဖိစီးမှုများကို ငြင်းပယ်နိုင်ရန် ဖြောင့်မတ်ခြင်းတရားကို မှီအောင်လိုက်နေရမည်။ (၂ တိ. ၂:၂၂) အပန်းဖြေခြင်း၊ ဖျော်ဖြေမှုရွေးခြင်းနှင့်ပတ်သက်၍ သင့်အတွေးအခေါ်အပြုအမူကို ပြုပြင်စရာလိုနေပါက ယင်းတို့ကို မည်သို့ ပြုလုပ်နိုင်မည်နည်း။ ဆာလံဆရာ ဖြေဆိုသည်ကား– “အကျွန်ုပ်သည် ကိုယ်တော်ကို စိတ်နှလုံးအကြွင်းမဲ့ ရှာပါ၏။ ပညတ်တော်လမ်းမှ လွဲစေတော်မမူပါနှင့်။”—ဆာ. ၁၁၉:၁၀။
၉ အားကစားသမားများ၊ နာမည်ကြီး အဆိုအကသမားများကို အမွှမ်းတင်တတ်ကြသည်။ ယေဟောဝါကို ကြောက်ရွံ့ခြင်းမူကား မစုံလင်သူများအား အမွှမ်းတင်ခြင်းကို ရှောင်ကြဉ်စေပါလိမ့်မည်။ စာရိတ္တယိုယွင်းမှုကိုပင် ယနေ့ လူမြောက်မြားစွာ ကိုးကွယ်နေကြသည်။ အပြာရုပ်ပုံနှင့်စာပေများ၊
-
-
ယနေ့ လောကတွင် သမ္မာကျမ်းစာ၏ တန်ဖိုးနိုင်ငံတော်ဓမ္မအမှု—၁၉၉၃ | နိုဝင်ဘာ
-
-
ယနေ့ လောကတွင် သမ္မာကျမ်းစာ၏ တန်ဖိုး
၁ ယနေ့ သမ္မာကျမ်းစာသည် ခေတ်မမီ လက်တွေ့မကျဟု ယူမှတ်သူမြောက်မြားစွာ ရှိသည်။ ယင်းသည် သမိုင်းတစ်ခွင် အများဆုံးထုတ်ဝေ၍ ဘာသာစကားအများဆုံးသို့ ပြန်ဆိုထားသည့်စာအုပ်ဖြစ်သော်ငြား ဖတ်ရှုသူ အလွန်နည်းပါသည်။ ယင်း၏ညွှန်ကြားချက်ကို လိုက်နာသူဦးရေမှာ ထိုထက်ပင် လျော့နည်းသေးသည်။
၂ ကျွန်ုပ်တို့မူကား ဘုရားသခင့်နှုတ်ကပါဌ်တော်အဖြစ် သမ္မာကျမ်းစာကို လက်ခံတန်ဖိုးထားကြပါသည်။ ယင်းသည် သမိုင်းဝင်၍ မှန်ကန်ကြောင်း ဖြစ်ရပ်မှန်များကပြသည်။ ထို့ပြင် ယင်း၏ထူးခြားသောညီညွတ်မှု၊ ယင်း၏ပရောဖက်ပြုချက်များ၊ ယင်း၏ဉာဏ်ပညာနှင့် လူ့ဘဝကို ကောင်းကျိုးပြုနိုင်သည့် ယင်း၏အစွမ်းတို့က သမ္မာကျမ်းစာသည် “ဘုရားသခင်မှုတ်သွင်းတော်မူခြင်းအားဖြင့်ဖြစ်ကြောင်း” ဖော်ပြပါသည်။ (၂ တိ. ၃:၁၆) ကိုယ်ကိုယ်တိုင်၏တွေ့ကြုံခံစားမှုနှင့် ဤအံ့ချီးဖွယ်ဆုလာဘ်ကို ကျွန်ုပ်တို့တန်ဖိုးထားလေးမြတ်ကြသည့်အတွက် ယင်း၏စစ်မှန်သောတန်ဖိုးကို စူးစမ်းကြည့်ရန် အခြားသူတို့အား တိုက်တွန်းလိုစိတ် ရှိသင့်သည်။
၃ ချဉ်းကပ်နိုင်နည်းတစ်နည်းကား–
▪ “လူတွေရင်ဆိုင်နေရတဲ့ အရေးအကြောင်းတွေကြောင့် ဘုရားကိုမယုံနိုင်သူ များစွာရှိပါတယ်။ ဒါမှမဟုတ် ကျွန်တော်တို့ရင်ဆိုင်ရတဲ့ပြဿနာတွေ ဘုရားဖြေရှင်းပေးနိုင်တယ်ဆိုတာ သံသယဝင်ကြတယ်။ အဲဒါ ခင်းဗျားဘယ်လိုယူမှတ်သလဲ။ [ဖြေပါစေ။] သမ္မာကျမ်းစာကို သင်စိတ်ချနိုင်သည့်အကြောင်းရင်း အမည်ရှိ တဲ့ဒီဝေစာကို သတိပြုပါ။” မျက်နှာဖုံးပါ ရုပ်ပုံကို သတိပြုစေ၍ စာမျက်နှာ ၂ ပါ ပထမနှင့်ဒုတိယအပိုဒ်များကို ဖတ်ပါ။ အိမ်ရှင်သည် စိတ်ဝင်စားမည်ဆိုလျှင် ဒုတိယအပိုဒ်ပါ ကျမ်းချက်များကို ဖတ်၍ဆွေးနွေးနိုင်မည်။ စိတ်ဝင်စားမှု နှိုးဆွပေးရန် ခေါင်းစဉ်ငယ်တစ်ခုခုကို မေးခွန်းအဖြစ် ထုတ်ဖော်ပြောဆို၍ ယင်းကို ထပ်မံဆွေးနွေးသုံးသပ်ရန် ပြန်လာနိုင်မည့်နေ့ရက်ကို စီစဉ်ပါ။
၄ အခြားတစ်နည်းဖြင့် ဤသို့ချဉ်းကပ်ပြောဆိုလိုပေမည်–
▪ “ဘဝပြဿနာတွေကိုဖြေရှင်းနိုင်ဖို့ လူတွေဟာ လမ်းပြညွှန်ကြားချက်လိုနေတယ်ဆိုတာကို သဘောတူပါသလား။ [ဖြေပါစေ။] အရင်က လမ်းပြမှုရရှိဖို့ ကျမ်းစာကို လူတွေဖတ်ရှုခဲ့ကြတယ်။ ဒါပေမဲ့ အခြေအနေတွေ ပြောင်းလဲလာပြီ။ ကျမ်းစာဟာ အခုလက်တွေ့ကျတယ်ဆိုပြီး ခင်းဗျားထင်သလား။ [ဖြေပါစေ။] ၂ တိမောသေ ၃:၁၆ မှာ ဘယ်လိုပြောထားတယ်ဆိုတာ သတိပြုပါ။ [ဖတ်ပါ။] ဘုရားသခင့်နှုတ်ကပါဌ်တော်ဟာ ပညာရှိဆုံးဖြတ်ချက်တွေကို ချစေရုံမက အနာဂတ်အတွက် စိတ်ချရတဲ့ မျှော်လင့်ချက်ကိုလည်း ပေးပါတယ်။” ယောဟန် ၁၇:၃ ကိုဖတ်ပါ။ အိမ်ရှင်ကောင်းစွာလက်ခံနားထောင်မည်ဆိုလျှင် ကျမ်းစာ၏ လက်တွေ့ကျတန်ဖိုးကို ဖော်ပြခြင်းငှာ (စာအုပ် သို့မဟုတ် ဝေစာရှိမည်ဆိုလျှင်) သမ္မာကျမ်းစာ—ဘုရားသခင့်နှုတ်ကပါဌ်တော် သို့မဟုတ် လူ့ စာအုပ်လောမှ သင်ကြိုတင်ရွေးချယ်ထားသည့် အချက်တစ်ခုနှစ်ခုကိုပြပါ။
၅ ကျိုးကြောင်းဆင်ခြင်ခြင်းစာအုပ်၊ စာမျက်နှာ ၁၀ ပါ “သမ္မာကျမ်းစာ/ဘုရားသခင်” အောက် အကြမ်းဖျင်းဖော်ပြထားသည့် နိဒါန်းအချို့ကို အသုံးပြုခြင်းဖြင့် အကူအညီရနိုင်ပေမည်။ အိမ်ရှင်၏မေးခွန်းများကိုဖြေဆိုပေးရန် သို့မဟုတ် သူတို့၏ကန့်ကွက်ချက်များကို ဖြေရှင်းရန် အကူအညီဖြစ်မည့်အချက်များကို စာမျက်နှာ ၅၈-၆၈ တွင်ထပ်ဆင့်ဖော်ပြထားသည်။
၆ ကမ္ဘာသစ်ဘာသာပြန်ကျမ်းကိုဝေငှခြင်း– ပထမအကြိမ်လည်ပတ်ချိန် သို့မဟုတ် ပြန်လည်ပတ်မှုတွင် စိတ်ဝင်စားမှု အတော်အသင့် နှိုးဆွပေးနိုင်ခဲ့လျှင် ကမ္ဘာသစ်ဘာသာပြန်ကျမ်းကို ကမ်းလှမ်းနိုင်ပေမည်။ အိမ်ရှင်၌ ကျမ်းစာရှိမရှိ၊ ယင်းကို ဖတ်ရှုရာတွင် နားလည်ရ လွယ်မလွယ် မေးမြန်းပေမည်။ အဖြေပေါ်မူတည်ပြီး ကမ္ဘာသစ်ဘာသာပြန်ကျမ်း၏ အကူအညီဖြစ်သောထူးခြားချက်အချို့ကို ဖော်ပြပါ။ ကျိုးကြောင်းဆင်ခြင်ခြင်းစာအုပ် စာမျက်နှာ ၂၇၆-၈၀ ပါ တစ်ချက်နှစ်ချက်ကို ပေါ်လွင်စေနိုင်ပါသည်။
၇ သမ္မာကျမ်းစာကိုဖတ်ရှုရန် အားပေးတိုက်တွန်းဖို့ အခွင့်ကောင်းများကို အမြဲသတိပြုပါ။ စိတ်ဝင်စားသူတို့သည် ရေးသားထားသော ဘုရားသခင့်နှုတ်ကပါဌ်တော်ကို လေးစားပြီးမြတ်နိုးမှု ရှိလာရန် ကူညီပေးပါ။ ယင်း၏စည်းမျဉ်းမူများကို သူတို့ဘဝအသက်တာတွင် ကျင့်သုံးခြင်း၊ သမ္မာတရားကို သိကျွမ်းလာခြင်းအားဖြင့် ယခုသော်လည်းကောင်း အနာဂတ်တွင်သော်လည်းကောင်း သူတို့အကျိုးကျေးဇူးများစွာ ခံစားကြရလိမ့်မည်။—ဆာ. ၁၁၉:၁၀၅။
-
-
စစ်မှန်သောလမ်းပြမှုပေးသည့် စာအုပ်နိုင်ငံတော်ဓမ္မအမှု—၁၉၉၃ | နိုဝင်ဘာ
-
-
ထပ်ဆင့်သိမယ်ဆိုရင် အကျိုးရှိမယ်ထင်သလား။ [ဖြေဆိုပါစေ။] လက်ရှိကမ္ဘာအစီအစဉ်စနစ်အကြောင်း ကျမ်းစာ မည်သို့ကြိုတင်ဟောထားသည်ကို သတိပြုပါ။ [၂ တိမောသေ ၃:၁-၅ ကို ဝေစာ၏ စာမျက်နှာ ၅ မှဖတ်ပြပါ။] ကမ္ဘာကြီးဟာ ဒီနေ့ ဒီမှာပါတဲ့အတိုင်းဖြစ်နေတယ်ဆိုပြီး ထင်သလား။ [ဖြေပါစေ။] အနာဂတ်ကောပိုပြီး အခြေအနေကောင်းလာစရာအကြောင်း ရှိသလား။” ထိုနောက် လူသားအတွက် သမ္မာကျမ်းစာကမ်းလှမ်းသည့် ဝမ်းသာစရာမျှော်လင့်ချက်ကို ပေါ်လွင်စေရန် ဝေစာ၏ နောက်ဆုံးအပိုဒ်နှစ်ပိုဒ် သို့မဟုတ် သမ္မာကျမ်းစာ—ဘုရားသခင့်နှုတ်ကပါဌ်တော် သို့မဟုတ် လူ့ စာအုပ်လော၏ စာမျက်နှာ ၁၆၁ ကိုအသုံးပြုခြင်းအားဖြင့် နောက်တစ်ဖန်ပြန်လည်ပတ်မှုပြုခြင်းငှာ လမ်းခင်းထားနိုင်ပါသည်။
၄ သမ္မာကျမ်းစာသည် လက်တွေ့ကျသည်ကို အိမ်ရှင်စိတ်ဝင်စားသဖြင့် “သမ္မာကျမ်းစာ—ဘုရားသခင့်နှုတ်ကပါဌ်တော် သို့မဟုတ် လူ့စာအုပ်လော” အခန်း ၁၂ ပါစည်းမျဉ်းမူအနည်းငယ်ကို သင်တင်ပြရန် ဤသို့ပြောနိုင်မည်–
▪ “ဒီနေ့ လက်တွေ့ကျတဲ့အရာတွေကို ကျွန်တော်တို့စိတ်ဝင်စားကြတယ်မဟုတ်လား။ စစ်မှုကို အဆုံးသတ်လိုက်ခြင်းဟာ လက်တွေ့ကျမယ်ဆိုပြီး ခင်ဗျားယူဆသလား။ [ဖြေပါစေ။] အခြားတိုင်းနိုင်ငံတွေနှင့် လူတွေ သင့်မြတ်ငြိမ်သက်နိုင်မယ်ဆိုလျှင် အစကောင်းတစ်ခုဖြစ်မယ်မဟုတ်လား။ [ဖြေဆိုပါစေ။] သမ္မာကျမ်းစာက အတိအကျ အဲဒီလိုဘဲကြိုတင်ဟောထားပါတယ်။ [ဟေရှာယ ၂:၂၊ ၃ ကိုဖတ်။] ဒီအရာတွေ ဘယ်အချိန်မှာ ဘယ်လိုဖြစ်လာလိမ့်မယ်ဆိုတာ စဉ်းစားဖူးသလား။” အိမ်ရှင်အတွက် အဆင်ပြေသည့်အခါ နောက်တစ်ကြိမ်ပြန်လာ၍ ယင်းအကြောင်းကို ဆွေးနွေးလိုကြောင်း ရှင်းပြပါ။
၅ “ကမ္ဘာသစ်ဘာသာပြန်ကျမ်း” ကို သင်ထားရစ်ခဲ့မည်ဆိုလျှင် ပြန်လည်ပတ်သွားချိန်တွင် ဤသို့ပြောနိုင်မည်–
▪ “ခင်ဗျားဟာ ဘုရားသခင့်နှုတ်ကပါဌ်တော်ကို မြတ်နိုးတဲ့သူတစ်ဦးဖြစ်တယ်ဆိုတာ ထင်ရှားပါတယ်။ ဒါကြောင့် ကမ္ဘာသစ်ဘာသာပြန်ကျမ်းနှင့် အခြားဘာသာပြန်တွေကြားမှာ ကြီးလေးတဲ့ခြားနားမှုတစ်ခုကိုသိရင် စိတ်ဝင်စားမယ်ဆိုတာ ကျွန်တော်သေချာပြောရဲတယ်။ အဲဒီခြားနားမှုဟာ ကျမ်းစာမှာပါတဲ့ အရေးအကြီးဆုံးပုဂ္ဂိုလ်ရဲ့ နာမည်နှင့်ပတ်သက်ပါတယ်။ အဲဒီအရှင်ဟာဘယ်သူဖြစ်တယ်ဆိုတာကို ခင်ဗျားသိပါသလား။” အိမ်ရှင်ဖြေဆိုပါစေ။ ထိုနောက် ဆာလံ ၈၃:၁၈ ကိုဖတ်ပါ။ ကျိုးကြောင်းဆင်ခြင်ခြင်း စာအုပ် စာမျက်နှာ ၁၉၁ တွင်စတင်သည့် “ယေဟောဝါ” ခေါင်းစဉ်အောက် ထပ်ဆင့်အချက်အလက်များကို တွေ့ရှိမည်။
၆ သမ္မာကျမ်းစာသာလျှင် လူသားလိုအပ်သည့် လမ်းပြမှုကို ပေးပါသည်။ (ယေ. ၁၀:၂၃) ကိုယ်တော်ရည်ရွယ်ချက်များအကြောင်း သင်ယူကာ ကိုယ်တော်၏မျက်နှာသာရရန် တစ်နည်းတည်းကား ဘုရားသခင့်နှုတ်ကပါဌ်တော်ကိုလေ့လာခြင်းဖြစ်သည်။ ထို့ကြောင့် ယင်း၏ပညာရှိသြဝါဒနှင့် လက်တွေ့ကျအကြံပြုချက်မှ အကျိုးရရှိရန် သူတစ်ပါးအား စိတ်စေတနာဖြင့် ကမ်းလှမ်းကြစို့။
-