ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • နဓ ၅/၀၁ စာ. ၁
  • ရိတ်သိမ်းခြင်းတွင်အပြည့်အဝပါဝင်လော့

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ရိတ်သိမ်းခြင်းတွင်အပြည့်အဝပါဝင်လော့
  • ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၂၀၀၁
  • ဆင်တူတဲ့ အကြောင်းအရာ
  • စပါးရိတ်သိမ်းရန် လယ်ပြင်သည် မှည့်ဝင်းလျက်ရှိသည်
    ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၂၀၁၀
  • ရွှင်လန်းသော ရိတ်သိမ်းသူများ ဖြစ်ကြလော့!
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၁
  • ရိတ်သိမ်းခြင်းလုပ်ငန်း၌ စွဲစွဲမြဲမြဲချီတက်လော့!
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၁
  • ရိတ်သိမ်းခြင်းလုပ်ငန်းတွင် အပြည့်အ၀ပါဝင်ပါ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၁၀
နောက်ထပ် ကြည့်ပါ
ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၂၀၀၁
နဓ ၅/၀၁ စာ. ၁

ရိတ်သိမ်းခြင်းတွင်အပြည့်အဝပါဝင်လော့

၁ ယေဟောဝါ၏ရှေးခေတ်ပရောဖက်များသာမက ယေရှုခရစ်ကိုယ်တော်တိုင်ကပါ စုသိမ်းခြင်းလုပ်ငန်းအကြောင်းပြောခဲ့သည်။ (ဟေရှာ. ၅၆:၈; ယေဇ. ၃၄:၁၁; ယော. ၁၀:၁၆) နိုင်ငံတော်သတင်းကောင်းကို ကမ္ဘာအနှံ့ဟောပြောသည်နှင့်အမျှ အဆိုပါလုပ်ငန်းသည် ယခုပြီးမြောက်လျက်ရှိ၏။ (မ. ၂၄:၁၄) ဘုရားသခင်၏အမှုတော်ကိုဆောင်သောသူနှင့် မဆောင်သောသူတို့၏ကွာခြားချက်သည် အလွန်သိသာလာ၏။ (မာလ. ၃:၁၈) ယင်းက ကျွန်ုပ်တို့အတွက် အဘယ်အဓိပ္ပာယ်ရှိသနည်း။

၂ ကိုယ်စီတာဝန်တစ်ရပ်– ခရစ်ယာန်ဓမ္မအမှုတွင် အပြည့်အဝဦးဆောင်ပါဝင်ခဲ့သည့် ပေါလု၏ပုံသက်သေမှ ကျွန်ုပ်တို့သင်ယူနိုင်၏။ လူသားအားလုံး သတင်းကောင်းကိုကြားရန်နှင့် ကယ်တင်ခံရရန် အခွင့်အရေးရရှိဖို့ ဟောပြောရန်တာဝန်ရှိသည်ဟု သူခံစားခဲ့ရသည်။ ယင်းက သူတို့၏အကျိုးအတွက် မနားတမ်းလုပ်ဆောင်ရန် သူ့အားလှုံ့ဆော်ပေးခဲ့သည်။ (ရော. ၁:၁၄-၁၇) ယနေ့လူသားတို့ကြုံနေရသော အန္တရာယ်ရှိအခြေအနေကို ထောက်ရှုလျှင် ခန့်အပ်ခံရပ်ကွက်ရှိသူများကိုဟောပြောရန် သာ၍ပင်ကြီးမားသည့်တာဝန်ကို ကျွန်ုပ်တို့ရရှိထားသည်မဟုတ်လော။—၁ ကော. ၉:၁၆။

၃ အရေးတကြီးလုပ်ဆောင်ရမည့်အချိန်– ဟောပြောခြင်းလုပ်ငန်းကို ကယ်ဆယ်ရေးလုပ်ငန်းတစ်ခုနှင့်နှိုင်းယှဉ်နိုင်၏။ အချိန်မနှောင်းမီကယ်ဆယ်ရန် လူတို့ကိုရှာဖွေကာကူညီပေးရမည်ဖြစ်သည်။ အချိန်သည် အကန့်အသတ်ဖြင့်ရှိနေ၏။ သေရေးရှင်ရေးကိစ္စဖြစ်နေသည်! “လုပ်ဆောင်သောသူတို့ကို စပါးရိတ်စေခြင်းငှာ စေလွှတ်တော်မူမည်အကြောင်း စပါးရှင်ကိုဆုတောင်းကြ” ရန် တပည့်တော်များကို ယေရှုတိုက်တွန်းခဲ့ခြင်းသည် အံ့ဩစရာမဟုတ်ပေ။—မ. ၉:၃၈။

၄ ယခုခေတ်ကာလ၏အရေးတကြီးဖြစ်မှုကို အသိအမှတ်ပြုကာ နိုင်ငံတော်လုပ်သားများစွာသည် ဤအသက်ကယ်ဆယ်ရေးလုပ်ငန်းတွင် တိုးချဲ့ပါဝင်ခဲ့ကြသည်။ ဟီရိုဟီစာအမည်ရှိဆယ်ကျော်သက်တစ်ဦးသည် ကြင်ဖော်မဲ့မိခင်အိမ်တွင် ညီငယ်ညီမငယ်လေးဦးနှင့်အတူနေထိုင်သည်။ သူသည် နံနက်သုံးနာရီတွင်အိပ်ရာထ၍ သတင်းစာပို့ခြင်းဖြင့် မိသားစုကိုထောက်ပံ့ခဲ့သည်။ ထိုသို့ဖြစ်သည့်တိုင် ဟီရိုဟီစာသည် ဓမ္မအမှုတွင် ပိုမိုလုပ်ဆောင်လိုသောကြောင့် မှန်မှန်ရှေ့ဆောင်စလုပ်ခဲ့သည်။ မည်သည့်အခါမျှ ပြန်မလုပ်ရတော့မည့်လုပ်ငန်းတွင် သင် ပို၍အပြည့်အဝပါဝင်နိုင်သောနည်းလမ်းများရှိသလော။

၅ “ကျန်ကြွင်းသောအချိန်သည် လျော့လျက်ရှိ၏။” (၁ ကော. ၇:၂၉၊ ကဘ) ထို့ကြောင့် ယနေ့ကမ္ဘာပေါ်တွင် လုပ်ဆောင်လျက်ရှိသည့် အရေးအကြီးဆုံးလုပ်ငန်း—နိုင်ငံတော်သတင်းကောင်းဟောပြောခြင်းနှင့် တပည့်ဖြစ်စေခြင်း—တွင်အတတ်နိုင်ဆုံး ကျွန်ုပ်တို့လုပ်ဆောင်နိုင်ကြပါစေ။ ယေရှုက ဤဓမ္မအမှုကို ရိတ်သိမ်းခြင်းလုပ်ငန်းနှင့်နှိုင်းယှဉ်ခဲ့သည်။ (မ. ၉:၃၅-၃၈) ရိတ်သိမ်းခြင်းတွင် အပြည့်အဝပါဝင်ခြင်းဖြင့် ကျွန်ုပ်တို့လုပ်ဆောင်မှု၏အသီးအပွင့်များတွင် တစ်စုံတစ်ဦးကိုကူညီပေး၍ ဗျာဒိတ် ၇:၉၊ ၁၀ ၌ဖော်ပြထားသည့် ဝတ်ပြုသူလူအုပ်ကြီးအဝင်ဖြစ်လာခြင်းပါဝင်နိုင်သည်။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၆)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်များ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ