ကြီးမြတ်သောဆရာထံမှ သင်ယူလော့ကို ဝေငှခြင်း
◼ “ဒီမှာပြောထားတဲ့အတိုင်း လူတွေနေထိုင်ကြမယ်ဆိုရင် ကမ္ဘာကြီးဟာ ပိုမိုကောင်းမွန်တဲ့နေရာတစ်ခုဖြစ်လာမယ်လို့ မိတ်ဆွေထင်သလား။ [မဿဲ ၇:၁၂က ကိုဖတ်ပါ။ ထို့နောက် တုံ့ပြန်ခွင့်ပေးပါ။] အသက်ရှင်ခဲ့တဲ့သူတွေထဲမှာ အကြီးမြတ်ဆုံးဖြစ်တဲ့ ဆရာထံက သင်ခန်းစာတွေအများကြီး ဒီစာအုပ်ထဲမှာပါတယ်။” အခန်း ၁၇ မှရုပ်ပုံများနှင့် ပုံစာများကို ပေါ်လွင်စေပါ။
◼ “ဒီကနေ့ မိဘအများစုဟာ အကျိုးပြုတဲ့စာရိတ္တစံနှုန်းတွေကိုသားသမီးတွေလက်ခံကျင့်သုံးလာအောင်သွတ်သွင်းပေးဖို့ ကြိုးစားကြတယ်။ ဒါဟာ အရေးကြီးတဲ့ကိစ္စလို့ မိတ်ဆွေ ယူမှတ်သလား။ [တုံ့ပြန်ခွင့်ပေးပါ။ ထို့နောက် သုတ္တံ ၂၂:၆ ကိုဖတ်ပါ။] သားသမီးတွေကို ငယ်ငယ်ကတည်းကစပြီး လေ့ကျင့်ပေးကြဖို့ မိဘတွေကို တိုက်တွန်းထားတယ်ဆိုတာ ဂရုပြုပါ။ အဲဒါကိုလုပ်တတ်အောင် မိဘတွေကိုကူညီပေးဖို့ ဒီစာအုပ်ကို စီစဉ်ရခြင်းဖြစ်တယ်။” အခန်း ၁၅၊ ၁၈ သို့မဟုတ် ၃၂ မှရုပ်ပုံများနှင့် ပုံစာများကို ပေါ်လွင်စေပါ။
◼ “အများအားဖြင့် မိဘတွေဟာ သားသမီးတွေမေးတဲ့ မေးခွန်းတွေကြောင့် အံ့အားသင့်လေ့ရှိကြတယ်။ တချို့မေးခွန်းတွေဟာ ဖြေရခက်တယ်မဟုတ်လား။ [တုံ့ပြန်ခွင့်ပေးပါ။ ထို့နောက် ၂ တိမောသေ ၃:၁၄၊ ၁၅ ကိုဖတ်ပါ။] တိမောသေရဲ့မိခင်နဲ့ အဖွားဟာ တိမောသေကို နို့စို့အရွယ်ကတည်းကစပြီး ကျမ်းစာထဲကအကြောင်းတွေ သင်ပေးခဲ့တယ်။ အခုခေတ် သားသမီးတွေကိုလည်း အလားတူ သွန်သင်ပေးဖို့ ဒီစာအုပ်က မိဘတွေကို ကူညီပေးနိုင်တယ်။” အခန်း ၁၁ နှင့် ၁၂ သို့မဟုတ် ၃၄ မှ ၃၆ ရှိရုပ်ပုံများနှင့် ပုံစာအချို့ကို ပေါ်လွင်စေပါ။