ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • နဓ ၄/၀၃ စာ. ၂
  • လုပ်ငန်းတော်စည်းဝေးအစီအစဉ်

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • လုပ်ငန်းတော်စည်းဝေးအစီအစဉ်
  • ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၂၀၀၃
  • ခေါင်းစ‎ဥ်ငယ်များ
  • ဧပြီ ၁၄ တွင်စမည့်အပတ်
  • ဧပြီ ၂၁ မှစမည့်အပတ်
  • ဧပြီ ၂၈ တွင်စမည့်အပတ်
  • မေ ၅ တွင်စမည့်အပတ်
ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၂၀၀၃
နဓ ၄/၀၃ စာ. ၂

လုပ်ငန်းတော်စည်းဝေးအစီအစဉ်

ဧပြီ ၁၄ တွင်စမည့်အပတ်

သီချင်း ၂၀

၁၅ မိ– ဒေသကြေညာချက်များ။ ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု မှ ရွေးချယ်ထားသောကြေညာချက်များ။ စာမျက်နှာ ၆ ပါအကြံပြုချက်များကိုအသုံးပြု၍ ဧပြီ ၁၅ ကင်းမျှော်စင် နှင့် ဧပြီ ၂၂ နိုးလော့! [လိပ်] အတွက်တင်ဆက်ပုံကို သရုပ်ပြနှစ်ခုပြုလုပ်ပါ။ တင်ဆက်မှုတစ်ခုစီတွင် တစ်ခုတည်းကိုသာ အသားပေးဖော်ပြသော်လည်း မဂ္ဂဇင်းနှစ်စောင်စလုံးကို အစုံလိုက်ဝေငှသင့်သည်။

၁၀ မိ– မေးခွန်းသေတ္တာ။ အကြီးအကဲတစ်ဦးဟောရန်။

၂၀ မိ– “အလင်းဆောင်သူများအဖြစ် ထွန်းလင်းနေလော့။”a ဇွန် ၁၊ ၁၉၉၇၊ ကင်းမျှော်စင်၊ စာမျက်နှာ ၁၄-၁၅၊ အပိုဒ် ၈-၁၃ ကိုအခြေပြု၍ ၅ မိနစ်ဟောပြောချက်ဖြင့် နိဂုံးချုပ်ပါ။ နိုင်ငံတော်သတင်းနှင့်ပတ်သက်လာလျှင် မည်သည့်လျှို့ဝှက်ထားမှုကိုမဆို ကျွန်ုပ်တို့အဘယ်ကြောင့်ရှောင်ကြဉ်ကြကြောင်း အလေးထားဖော်ပြပါ။

သီချင်း ၁၃၄ နှင့် နိဂုံးချုပ်ဆုတောင်းချက်။

ဧပြီ ၂၁ မှစမည့်အပတ်

သီချင်း ၂၅

၁၀ မိ– ဒေသကြေညာချက်များ။ စာရင်းအင်းမှတ်တမ်း။

၃၅ မိ “‘ထက်သန်သောနိုင်ငံတော်ကြွေးကြော်သူများ’ ခရိုင်စည်းဝေးကြီးမှ အကျိုးအပြည့်အဝခံစားရခြင်း။” ကင်းမျှော်စင် သင်တန်းမှူးကိုင်ရန်။ တစ်မိနစ်နိဒါန်းပျိုးပြီးနောက် ဆောင်းပါးတွင်ဖော်ပြထားသည့် မေးခွန်းများကိုအသုံးပြု၍ ခရိုင်စည်းဝေးကြီးအစီအစဉ်ကို ပရိသတ်နှင့်ဆွေးနွေးရန်။ သင်၏အချိန်ကို သေသေချာချာ ခန့်ခွဲသတ်မှတ်ပါ။ အဓိကအချက်များကို ပြန်မှတ်မိစေရန် တိုတုတ်သောမှတ်ချက်များ ပါဝင်စေနိုင်သည်။ သင့်လျော်သည့်အခါ သူတို့သိရှိခဲ့ရာများကို မည်သို့လက်တွေ့ကျင့်သုံးကြောင်းနှင့် ထိုသို့လုပ်ဆောင်ခြင်းမှ မည်သည့်အကျိုးကျေးဇူးများရရှိနေကြောင်း ပရိသတ်ကိုမေးပါ။

သီချင်း ၃၅ နှင့် နိဂုံးချုပ်ဆုတောင်းချက်။

ဧပြီ ၂၈ တွင်စမည့်အပတ်

သီချင်း ၅၁

၁၀ မိ– ဒေသကြေညာချက်များ။ ဧပြီလလယ်ကွင်းလုပ်ငန်းမှတ်တမ်းများပေးကြရန် ကြေညာသူများကို နှိုးဆော်ပါ။ စာမျက်နှာ ၆ ပါအကြံပြုချက်များကိုအသုံးပြု၍ မေ ၁ ကင်းမျှော်စင် နှင့် မေ ၈ နိုးလော့! [လိပ်] အတွက်တင်ဆက်ပုံကို သရုပ်ပြနှစ်ခုပြုလုပ်ပါ။

၁၅ မိ– ဒေသလိုအပ်ရာများ။

၂၀ မိ– “ပြန်လည်ပတ်မှုများက ကျမ်းစာသင်အံမှုများရရှိစေ။”b ဖော်ပြထားသောမေးခွန်းများကိုအသုံးပြု၍ အကြီးအကဲတစ်ဦးကိုင်ရန်။ ဖော်ပြထားသောအချက်များကိုထောက်ခံသည့် တိုတုတ်သောလယ်ကွင်းလုပ်ငန်းတွေ့ကြုံမှုများ ပါဝင်စေရန် ပရိသတ်ကိုဖိတ်ခေါ်ပါ။ အပိုဒ် ၅ ကိုဆွေးနွေးသည့်အခါ ကျမ်းစာသင်အံမှုတစ်ခုစခဲ့ရသော ဒေသခံရပ်ကွက်မှ တွေ့ကြုံမှုတစ်ခုကို ပြန်သရုပ်ပြစေပါ။

သီချင်း ၈၉ နှင့် နိဂုံးချုပ်ဆုတောင်းချက်။

မေ ၅ တွင်စမည့်အပတ်

သီချင်း ၁၂၀

၁၀ မိ– ဒေသကြေညာချက်များ။ ဧပြီ ၂၀၀၂ ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု၊ စာမျက်နှာ ၂၊ “ကြိုတင်စီစဉ်ခြင်း” ဟူသောအပိုင်းတွင် ပေးထားသည့်အကြံပြုချက်များကို အကျဉ်းချုံးပြန်သုံးသပ်ပါ။

၂၀ မိ– “ထိုစကားကိုခံယူလော့။”c နိုင်ငံတော်အကျိုးစီးပွားတိုးပွားရန် မိမိတို့၏တစ်ကိုယ်ရေဘဝကို ကောင်းစွာအသုံးချနေသူတစ်ဦးနှစ်ဦးကို လူတွေ့မေးမြန်းသည့်အခန်းပါဝင်စေပါ။ လုပ်ငန်းတော်တွင် ကျေနပ်ရောင့်ရဲမှုရရှိရန် သူတို့အား ကူညီပေးသည့်အရာနှင့်စပ်လျဉ်း၍ မှတ်ချက်ပေးစေပါ။

၁၅ မိ– မှတ်တမ်းကောင်းတစ်ခု—ဝမ်းမြောက်မှုဖြစ်စေသည့်အကြောင်းရင်း။ (သု. ၁၅:၃၀) မတ်လနှင့် ဧပြီလအတွင်း အထူးလုံ့လစိုက်ထုတ်မှု၏ရလဒ်အနေနှင့် အသင်းတော်ပြီးမြောက်ခဲ့ရာကိုဖော်ပြ၍ ပရိသတ်နှင့်ဆွေးနွေးရန်။ အောက်ပါကဏ္ဍများတွင် သူတို့ရရှိခဲ့သည့် အားရှိစရာတွေ့ကြုံမှုများကိုပြောပြရန် အသင်းတော်အား ဖိတ်ခေါ်ပါ– (၁) စိတ်ဝင်စားသူတစ်ဦးအား သတိရအောက်မေ့ပွဲတက်ရန်ကူညီခြင်း၊ (၂) အရန်ရှေ့ဆောင်အဖြစ် အမှုဆောင်ခြင်း၊ (၃) မလှုပ်ရှားသောကြေညာသူတစ်ဦးကို အသင်းတော်နှင့်အတူ ပြန်လှုပ်ရှားလာရန် အားပေးခြင်း၊ (၄) လူသစ်တစ်ဦးအား လူထုရှေ့စတင်ဟောပြောရန် ကူညီပေးခြင်း နှင့် (၅) သတိရအောက်မေ့ပွဲတက်ရောက်ခဲ့သူများ၏ စိတ်ဝင်စားမှုကို ပျိုးထောင်ပေးခြင်း။ ယင်းမှတ်ချက်အချို့ကို ကြိုတင်ပြင်ဆင်စီစဉ်ထားပါ။ ချီးမွမ်းပေးပါ၊ နောင်တွင် ဤလုံ့လစိုက်ထုတ်မှုများ၌ စွဲမြဲနေရန် အားလုံးကိုတိုက်တွန်းပါ။

သီချင်း ၁၂၆ နှင့် နိဂုံးချုပ်ဆုတောင်းချက်။

[အောက်ခြေမှတ်ချက်များ]

a အဖွင့်နိဒါန်းကို တစ်မိနစ်ထက်မပိုစေဘဲ မေးဖြေဆွေးနွေးသွားရန်။

b အဖွင့်နိဒါန်းကို တစ်မိနစ်ထက်မပိုစေဘဲ မေးဖြေဆွေးနွေးသွားရန်။

c အဖွင့်နိဒါန်းကို တစ်မိနစ်ထက်မပိုစေဘဲ မေးဖြေဆွေးနွေးသွားရန်။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၆)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်များ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ