ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • နဓ ၆/၀၇ စာ. ၁
  • “များစွာသောအသီးကိုသီး” နေလော့

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • “များစွာသောအသီးကိုသီး” နေလော့
  • ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၂၀၀၇
  • ဆင်တူတဲ့ အကြောင်းအရာ
  • ‘များစွာသောအသီးကို သီးနေလော့’
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၃
  • စပျစ်ကိုင်းတွေအသီးသီးခြင်း၊ ယေရှုရဲ့မိတ်ဆွေဖြစ်ခြင်း
    ယေရှု—လမ်းခရီး၊ အမှန်တရား၊ အသက်
  • “ထိုစပျစ်နွယ်ပင်ကို အကြည့်အရှုကြွလာတော်မူပါ”
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၆
  • စာရှုသူများထံမှ မေးခွန်းလွှာ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း (လေ့လာရန် စာစောင်)—၂၀၂၀
နောက်ထပ် ကြည့်ပါ
ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၂၀၀၇
နဓ ၆/၀၇ စာ. ၁

“များစွာသောအသီးကိုသီး” နေလော့

၁ ယေရှုသည် ပုံဆောင်သဘောအရ မိမိကိုယ်ကို မှန်သောစပျစ်နွယ်ပင်အဖြစ်၊ ခမည်းတော်ကို ဥယျာဉ်စောင့်အဖြစ်၊ ဝိညာဉ်တော်ဖြင့် ဘိသိက်ပေးခံရသော မိမိနောက်လိုက်များကို အသီးသီးသောအခက်များအဖြစ် တင်စားတော်မူသည်။ ပုံဆောင်ဥယျာဉ်စောင့်၏ အလုပ်ကိုဖော်ပြရာတွင် အခက်များသည် စပျစ်ပင်၌ ခိုင်မြဲစွာတည်နေရန် အရေးကြီးကြောင်း ယေရှု အလေးပေးခဲ့သည်။ (ယော. ၁၅:၁-၄) သင်ခန်းစာမှာ ယေဟောဝါနှင့်ရင်းနှီးသောဆက်ဆံရေးရှိသူတိုင်းသည် ယေရှုခရစ်ကိုပုံဆောင်သော “မှန်သောစပျစ်နွယ်ပင်” ၏ အသီးသီးသောအခက်နှင့်တူရမည်ဖြစ်သည်။ ကျွန်ုပ်တို့သည် ဝိညာဉ်တော်၏အသီးများကိုသာမက နိုင်ငံတော်အသီးများကိုလည်း လှိုင်လှိုင်သီးပွင့်နေရမည်။—ဂလ. ၅:၂၂၊ ၂၃; မ. ၂၄:၁၄; ၂၈:၁၉၊ ၂၀။

၂ ဝိညာဉ်တော်၏အသီးများ– ဝိညာဉ်တော်အသီးများ မည်မျှသီးပွင့်နေသည်ကိုထောက်၍ ကျွန်ုပ်တို့၏ဝိညာဏတိုးတက်မှုကို တိုင်းတာနိုင်သည်။ သမ္မာကျမ်းစာကို မှန်မှန်ဖတ်ရှုဆင်ခြင်ခြင်းဖြင့် ဘုရားသခင့်ဝိညာဉ်တော်အသီးများ သီးပွင့်နိုင်ရန် သင်ကြိုးစားနေသလော။ (ဖိ. ၁:၉-၁၁) ယေဟောဝါကို ဂုဏ်တင်သော၊ ဝိညာဏတိုးတက်မှုကို အထောက်အကူပြုသော အရည်အသွေးများ မွေးမြူနိုင်စေသည့် သန့်ရှင်းသောဝိညာဉ်တော်အတွက် ဆုတောင်းရန် မတွန့်ဆုတ်ပါနှင့်။—လု. ၁၁:၁၃; ယော. ၁၃:၃၅။

၃ ဝိညာဉ်တော်အသီးများကို သီးပွင့်ခြင်းက ဇွဲရှိသောဓမ္မအမှုဆောင်များဖြစ်စေရန်လည်း ကူညီပေးသည်။ ဥပမာ၊ အလုပ်များသည့်ကြားမှ ဓမ္မအမှုတွင်မှန်မှန်ပါဝင်နိုင်ရန် အစီအစဉ်ဆွဲဖို့ မေတ္တာနှင့်ယုံကြည်ခြင်းက လှုံ့ဆော်ပေးသည်။ ဆန့်ကျင်တိုက်ခံသူများကို လျောက်ပတ်စွာတုံ့ပြန်နိုင်ရန် ငြိမ်သက်ခြင်း၊ စိတ်ရှည်ခြင်း၊ ကျေးဇူးပြုခြင်း၊ နူးညံ့သိမ်မွေ့ခြင်း၊ ချုပ်တည်းခြင်းကဲ့သို့သော အရည်အသွေးများက ထောက်ကူပေးသည်။ ဝမ်းမြောက်ခြင်းက လူတို့ မတုံ့ပြန်သည့်တိုင် ဓမ္မအမှုတွင် ကျေနပ်ပျော်ရွှင်မှုခံစားရစေသည်။

၄ နိုင်ငံတော်အသီးများ– နိုင်ငံတော်အသီးများကိုလည်း ကျွန်ုပ်တို့သီးပွင့်လိုကြပါသည်။ ယင်းတွင် “[ယေဟောဝါ] ၏ကျေးဇူးတော်ကိုဝန်ခံလျက် နှုတ်ခမ်းအသီးတည်းဟူသောချီးမွမ်းခြင်းယဇ်” ဆက်သခြင်းပါဝင်သည်။ (ဟေဗြဲ ၁၃:၁၅) သတင်းကောင်းကို ဇွဲရှိရှိမပြတ်ကြေညာခြင်းဖြင့် ကျွန်ုပ်တို့ထိုသို့ပြုလုပ်ကြသည်။ သင့်ဓမ္မအမှုကို တိုးတက်စေခြင်းဖြင့် နိုင်ငံတော်အသီးများ သာ၍သီးပွင့်နိုင်ရန် ကြိုးစားနေပါသလော။

၅ ယေရှုက မိမိသစ္စာရှိနောက်လိုက်များ၏ အသီးသီးနိုင်စွမ်းသည် ကွာခြားမည်ဖြစ်ကြောင်း ဖော်ပြခဲ့၏။ (မ. ၁၃:၂၃) ထို့ကြောင့် အခြားသူများနှင့်မနှိုင်းယှဉ်ဘဲ ကျွန်ုပ်တို့၏အကောင်းဆုံးကို ယေဟောဝါအား ပေးဆပ်သင့်သည်။ (ဂလ. ၆:၄) သမ္မာကျမ်းစာအသုံးပြု၍ ကျွန်ုပ်တို့၏အခြေအနေကို ရိုးသားစွာဆန်းစစ်ကြည့်ပါက “များစွာသောအသီးကို သီးသောအားဖြင့်” ယေဟောဝါဘုန်းတော်ကို ထင်ရှားစေရန် ထောက်ကူပေးပါလိမ့်မည်။—ယော. ၁၅:၈။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၆)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်များ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ