သီချင်း ၆၄
အာဗြဟံကဲ့သို့ယုံကြည်ခြင်း
၁။ လွန်စွာ ရွှင်မြူးဖွယ်ရာ ဖွေရှာ၊
နှုတ်ကပါဌ်တော် သိလာ
သဗ္ဗညုတ ဉာဏ်ရှင်ဘုရား၊
စမှဆုံးတိုင် သိထား
ခိုင်မာမျှော်လင့် နှစ်သိမ့်ဖွယ်ရာ၊
ရှေးသစ္စာရှိလူများ
ခမ်းနားဖြစ်စဉ် ပရောဖက်ပြု၊
အနက်ဖွင့်ပြယခု
၂။ အိုရှေးက အာဗြဟံ ခုကြည့်၊
သားဣဇာက် ဘေးမှာရှိ
ထက်သို့တက်သွား မောရိရာတောင်၊
ယုံကြည် စမ်းသပ်ခြင်းငှာ
ယေဟောဝါတောင်းလာ အာဗြဟံ၊
ချစ်သားအားပူဇော်ရန်
ဘုရားအား မေတ္တာယဇ်ဆက်သ၊
ဘုရားအလို ပြည့်ဝ
၃။ သို့အာဗြဟံ စမ်းသပ်ခံခဲ့၊
နာခံခြင်းကိုပြလျက် ပုံဆောင်ကား
ဘုရား မေတ္တာတော်၊
ရွေးဖိုး ပေးသောသားတော်
ဆုမြတ်မှသင်သက်ရှင်နိုင်မှာ၊
ကျိုးနွံစွာဝန်ခံပါ ယုံကြည်ပါ
အာဗြဟံ နည်းတူ၊
အရာရာတွင်နာခံ