ဟောပြောရတဲ့အကြောင်းရင်း တစ်ဆယ့်နှစ်ခု
သတင်းကောင်းဟောပြောခြင်းနဲ့ သွန်သင်ခြင်းလုပ်ငန်းကို ကျွန်ုပ်တို့ ဘာကြောင့်လုပ်ဆောင်ကြသလဲ။ စိတ်နှလုံးရိုးဖြောင့်သူတွေကို အသက်လမ်းပေါ် ရောက်လာအောက် ကူညီပေးဖို့က အဓိကအချက်လား။ (မ. ၇:၁၄) ဒီအချက်က ဖော်ပြပါစာရင်းမှာ ဦးဆုံးဖော်ပြထားပေမဲ့ အဓိကအချက်တော့ မဟုတ်ပါဘူး။ ဟောပြောသွန်သင်ခြင်းမှာ ပါဝင်ရတဲ့ ဖော်ပြထားတဲ့ အကြောင်းရင်း ၁၂ ခုထဲမှာ ဘယ်အချက်က အရေးအကြီးဆုံးလို့ သင်ထင်ပါသလဲ။
၁။ လူတွေကို အသက်ရအောင် ကူညီပေးရာရောက်တယ်။—ယော. ၁၇:၃။
၂။ လူဆိုးတွေကို သတိပေးရာရောက်တယ်။—ယေဇ. ၃:၁၈၊ ၁၉။
၃။ ကျမ်းစာပရောဖက်ပြုချက်ကို ပြည့်စုံစေတယ်။—မ. ၂၄:၁၄။
၄။ ဘုရားသခင့် ဖြောင့်မတ်ခြင်းကို ထင်ရှားစေတယ်။ ယေဟောဝါက လူဆိုးတွေကို နောင်တရဖို့အခွင့်အရေးမပေးဘဲ ဖျက်ဆီးပစ်တယ်ဆိုပြီး ဘယ်သူမှ မပြောနိုင်တော့ဘူး။—တ. ၁၇:၃၀၊ ၃၁; ၁ တိ. ၂:၃၊ ၄။
၅။ ယေရှုရဲ့ အသွေးတော်နဲ့ဝယ်ထားတဲ့လူတွေကို ဘုရားသခင်ကိုသိကျွမ်းလာအောင် ကူညီပေးရမယ့် ကျွန်ုပ်တို့ရဲ့တာဝန်ကို ကျေပွန်စေရာရောက်တယ်။—ရော. ၁:၁၄၊ ၁၅။
၆။ ကျွန်ုပ်တို့ကို သွေးပြစ်ကင်းစေတယ်။—တ. ၂၀:၂၆၊ ၂၇။
၇။ ကျွန်ုပ်တို့ကိုယ်တိုင် ကယ်တင်ခြင်းရဖို့အတွက်ဖြစ်တယ်။—ယေဇ. ၃:၁၉; ရော. ၁၀:၉၊ ၁၀။
၈။ လူသားချင်းကို ချစ်ကြောင်း တင်ပြရာရောက်တယ်။—မ. ၂၂:၃၉။
၉။ ယေဟောဝါနဲ့ သားတော်ယေရှုကို နာခံကြောင်း တင်ပြရာရောက်တယ်။—မ. ၂၈:၁၉၊ ၂၀။
၁၀။ ကျွန်ုပ်တို့ဝတ်ပြုရေးရဲ့ အစိတ်အပိုင်းဖြစ်တယ်။—ဟေဗြဲ ၁၃:၁၅။
၁၁။ ဘုရားသခင်ကို ချစ်ကြောင်း တင်ပြရာရောက်တယ်။—၁ ယော. ၅:၃။
၁၂။ ယေဟောဝါရဲ့နာမည်ကို သန့်ရှင်းမြင့်မြတ်စေရာရောက်တယ်။—ဟေရှာ. ၄၃:၁၀-၁၂; မ. ၆:၉။
ဒီအချက်တွေအပြင် ဟောပြောသွန်သင်ခြင်းလုပ်ငန်းမှာ ကျွန်ုပ်တို့ ပါဝင်ရတဲ့ တခြားအကြောင်းရင်းတွေ ရှိပါသေးတယ်။ ဥပမာ၊ ဟောပြောခြင်းက ကျွန်ုပ်တို့ရဲ့ ယုံကြည်ခြင်းကို ခိုင်ခံ့စေပြီး ဘုရားသခင့်လုပ်ဖော်ဆောင်ဖက်ဆိုတဲ့ အခွင့်ထူးကိုလည်း ရရှိစေတယ်။ (၁ ကော. ၃:၉) ဒါပေမဲ့ ဟောပြောသွန်သင်ခြင်းလုပ်ငန်းမှာပါဝင်ရတဲ့ အရေးအကြီးဆုံးအကြောင်းရင်းက နံပါတ် ၁၂ အချက်ဖြစ်တယ်။ လူတွေ ဘယ်လိုပဲတုံ့ပြန်ပါစေ ဟောပြောသွန်သင်ခြင်းက ဘုရားသခင့်နာမည်ကို သန့်ရှင်းမြင့်မြတ်စေရာရောက်တယ်။ ကဲ့ရဲ့သူစာတန်ကို ယေဟောဝါ ပြန်ချေပခွင့် ရစေတယ်။ (သု. ၂၇:၁၁) တကယ်ပါပဲ “သတင်းကောင်းကို နေ့စဉ်မပြတ် သွန်သင်ဟောပြောလျက်နေ” ဖို့ အကြောင်းကောင်းတွေရှိပါတယ်။—တ. ၅:၄၂။