-
ချစ်ခင်ကြင်နာမှုဖြင့် အမြဲပြောဆိုပါလေကင်းမျှော်စင်—၂၀၁၀ | ဩဂုတ် ၁၅
-
-
၁၈၊ ၁၉။ ယုံကြည်သူချင်းများနှင့် ဆက်ဆံသောအခါ ချစ်ခင်ကြင်နာမှုဖြင့် အဘယ်ကြောင့် အမြဲပြောဆိုသင့်သနည်း။
၁၈ ယေဟောဝါကိုဝတ်ပြုသည့် ယုံကြည်သူချင်းများနှင့် ဆက်ဆံသည့်အခါတိုင်း တည်ကြည်သောမေတ္တာ ထင်ရှားသင့်သည်။ ခက်ခဲသည့်အခြေအနေများအောက်၌ပင် ချစ်ခင်ကြင်နာမှုဖြင့် အမြဲပြောဆိုသင့်သည်။ အစ္စရေးလူမျို၏ချစ်ခင်ကြင်နာမှုသည် “စောစောပျောက်တတ်သောနှင်းကဲ့သို့” ဖြစ်သောအခါ ယေဟောဝါမနှစ်သက်ခဲ့ချေ။ (ဟော. ၆:၄၊ ၆) သို့သော် ချစ်ခင်ကြင်နာမှုကို အမြဲတင်ပြသည်ကို ကိုယ်တော်နှစ်သက်တော်မူသည်။ ယင်းသို့တင်ပြသူကို မည်သို့ကောင်းချီးပေးကြောင်း သုံးသပ်ကြည့်ပါ။
-
-
အဘယ်ကြောင့် အချိန်တိကျရကင်းမျှော်စင်—၂၀၁၀ | ဩဂုတ် ၁၅
-
-
အဘယ်ကြောင့် အချိန်တိကျရ
အချိန်တိကျဖို့ သို့မဟုတ် အချိန်မီရောက်ရှိဖို့ဟူသည် အမြဲမလွယ်ကူပါ။ ခရီးဝေးခြင်း၊ ယာဉ်ကြောပိတ်ဆို့ခြင်းနှင့် အလုပ်များလွန်းခြင်းတို့သည် အခက်အခဲများဖြစ်သည်။ သို့သော် အချိန်မီရောက်ရှိရန်မှာ အရေးကြီးသည်။ ဥပမာအနေနှင့် အလုပ်ခွင်တွင် အချိန်တိကျသူသည် များသောအားဖြင့် ယုံကြည်စိတ်ချရပြီး လုံ့လဝီရိယရှိသူဖြစ်သည်ဟု သတ်မှတ်ခံရသည်။ သို့သော် နောက်ကျသူသည် အခြားသူများ၏အလုပ်ကို အနှောင့်အယှက်ဖြစ်စေနိုင်ပြီး ထုတ်ကုန်အရည်အသွေးနှင့် လုပ်ငန်းကိုပါ ထိခိုက်နိုင်သည်။ ကျောင်းသားတစ်ဦး ကျောင်းနောက်ကျခြင်းကြောင့် သင်ခန်းစာတချို့ လွတ်သွားနိုင်ပြီး ပညာရေးတိုးတက်မှုတွင် နှောင့်နှေးနိုင်သည်။
သို့ရာတွင် အချို့ဒေသများ၌မူ အချိန်တိကျမှုကို အရေးပါသောအရာအဖြစ် သဘောမထားကြချေ။ ထိုကဲ့သို့သောဝန်းကျင်တွင်နေထိုင်ရပါက ကျွန်ုပ်တို့လည်း နောက်ကျသည့်အကျင့် ပါသွားနိုင်သည်။ ထိုကဲ့သို့ဖြစ်မည်ဆိုလျှင် အချိန်တိကျလိုသည့်စိတ်ရှိအောင် မွေးမြူသင့်သည်။ အချိန်တိကျခြင်း၏အရေးကြီးမှုကို နားလည်သဘောပေါက်ခြင်းက ကျွန်ုပ်တို့အား အချိန်တိကျမှုရှိရန် ကူညီပေးနိုင်သည်။ အချိန်တိကျဖို့လိုသည့်အကြောင်းရင်းအချို့ကား အဘယ်နည်း။ အဘယ်နည်းဖြင့် အချိန်တိကျနိုင်သနည်း။ အချိန်မီရောက်ရှိခြင်းမှ အဘယ်အကျိုးကျေးဇူးများ ရနိုင်သနည်း။
အချိန်တိကျသောဘုရားသခင် ယေဟောဝါ
ကျွန်ုပ်တို့ အချိန်တိကျဖို့လိုသည့် အရေးကြီးဆုံးအကြောင်းရင်းမှာ ကျွန်ုပ်တို့ကိုးကွယ်သောဘုရားသခင်ကို တုပလိုသောကြောင့်ဖြစ်သည်။ (ဧ. ၅:၁) ယေဟောဝါသည် အချိန်တိကျခြင်းတွင် အကောင်းဆုံးစံနမူနာရှင်ဖြစ်သည်။ ကိုယ်တော်သည် မည်သည့်အခါမျှ နှောင့်နှေးခြင်းမရှိခဲ့ပါ။ ကိုယ်တော်၏ရည်ရွယ်ချက်များ ပြည့်စုံစေရာ၌ သတ်မှတ်ထားသောအချိန်ဇယားအတိုင်း
-