ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • jy အခန်း ၁၀၉ စာ. ၂၅၂-စာ. ၂၅၃ ပိုဒ်. ၁
  • ဆန့်ကျင်သူတွေကို လူသိရှင်ကြားပြစ်တင်ရှုတ်ချ

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ဆန့်ကျင်သူတွေကို လူသိရှင်ကြားပြစ်တင်ရှုတ်ချ
  • ယေရှု—လမ်းခရီး၊ အမှန်တရား၊ အသက်
  • ဆင်တူတဲ့ အကြောင်းအရာ
  • ယေရှုသည် မိမိအားဆန့်ကျင်သူများကို အတိအလင်းထုတ်ဖော်ခြင်း
    အသက်ရှင်ခဲ့သမျှတွင် အကြီးမြတ်ဆုံးလူသား
  • “ဖာရိရှဲတို့၏ တဆေးကို သတိပြုကြလော့”
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၁၂
  • “ဖာရိရှဲနှင့်ဇဒ္ဒုကဲတို့၏ တဆေးကို သတိနှင့်ကြဉ်ရှောင်ကြ”
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၅
  • “ငါ့ထံ၌နည်းခံကြလော့”
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၁
နောက်ထပ် ကြည့်ပါ
ယေရှု—လမ်းခရီး၊ အမှန်တရား၊ အသက်
jy အခန်း ၁၀၉ စာ. ၂၅၂-စာ. ၂၅၃ ပိုဒ်. ၁
ဆန့်ကျင်သူ ဘာသာရေးခေါင်းဆောင်တွေကို ယေရှုဖော်ထုတ်နေ

အခန်း ၁၀၉

ဆန့်ကျင်သူတွေကို လူသိရှင်ကြား ပြစ်တင်ရှုတ်ချ

မဿဲ ၂၂:၄၁–၂၃:၂၄ မာကု ၁၂:၃၅-၄၀ လုကာ ၂၀:၄၁-၄၇

  • ခရစ်တော်က ဘယ်သူ့သားလဲ

  • အယောင်ဆောင်သမားတွေကို ဖော်ထုတ်

ဘာသာရေး ခေါင်းဆောင်တွေက ယေရှုကို သိက္ခာချဖို့၊ အကွက်ဆင်ပြီး ရောမတွေလက်ထဲ အပ်ဖို့ အမျိုးမျိုး ကြိုးစားပေမဲ့ မအောင်မြင်ဘူး။ (လုကာ ၂၀:၂၀) ဒီနေ့က နိသန်လ ၁၁ ရက်နေ့။ ဗိမာန်တော်မှာ ယေရှု ရှိနေတုန်းပဲ။ အခု ယေရှုမေးရမယ့်အလှည့် ရောက်လာပြီ။ ယေရှုက သူ ဘယ်သူဘယ်ဝါဖြစ်တယ်ဆိုတာ ဖော်ပြဖို့ “ခရစ်တော်ကို ဘယ်လိုထင်ကြလဲ။ ဘယ်သူ့သားလဲ” ဆိုပြီး စမေးလိုက်တယ်။ (မဿဲ ၂၂:၄၂) ခရစ်တော် ဒါမှမဟုတ် မေရှိယဟာ ဒါဝိဒ်မျိုးရိုးကနေ ဆင်းသက်လာမယ်ဆိုတာ အားလုံး သိပြီးသားမို့ “ဒါဝိဒ်ရဲ့သား” လို့ဖြေကြတယ်။—မဿဲ ၉:၂၇။ ၁၂:၂၃။ ယောဟန် ၇:၄၂။

ယေရှုက “ဒါဆိုရင် ဒါဝိဒ်က စွမ်းအားတော်ရရှိပြီး ခရစ်တော်ကို သခင်ဆိုပြီး ဘာလို့ခေါ်တာလဲ။ ‘ယေဟောဝါက “ရန်သူတွေကို မင်းရဲ့ခြေအောက်မှာ မချခင်အထိ ငါ့ညာဘက်မှာ ထိုင်နေပါ” လို့ ငါ့သခင်ကို ပြောတယ်’ ဆိုပြီး ဒါဝိဒ်ပြောခဲ့တယ်။ ဒါဝိဒ်က ခရစ်တော်ကို သခင်လို့ ခေါ်ရင် ခရစ်တော်က ဘယ်လိုလုပ်ပြီး ဒါဝိဒ်ရဲ့သား ဖြစ်နိုင်မှာလဲ” လို့ပြန်မေးတယ်။—မဿဲ ၂၂:၄၃-၄၅။

ဖာရိရှဲတွေ နှုတ်ဆိတ်သွားပြန်တယ်။ ဒါဝိဒ်ရဲ့ လူသားမျိုးနွယ်တစ်ယောက်က သူတို့ကို ရောမအုပ်ချုပ်မှုအောက်ကနေ ကယ်တင်မယ်လို့ ထင်နေကြလို့ပဲ။ ဒါပေမဲ့ ဆာလံ ၁၁၀:၁၊ ၂ မှာပါတဲ့ ဒါဝိဒ်ရဲ့ စကားအရ မေရှိယဟာ လူသားအုပ်စိုးရှင် မဟုတ်ဘူးဆိုတာ ယေရှု ထောက်ပြတယ်။ မေရှိယဟာ ဒါဝိဒ်ရဲ့သခင် ဖြစ်တယ်။ ဘုရားသခင့်ညာဘက်မှာ ထိုင်ပြီးနောက် သူ့ရဲ့ တန်ခိုးအာဏာကို အသုံးပြုမှာဖြစ်တယ်။ ယေရှုပြန်ပြောတဲ့ စကားကြောင့် ဆန့်ကျင်သူတွေ နှုတ်ပိတ်သွားတယ်။

တပည့်တွေနဲ့ တခြားသူတွေလည်း နားထောင်နေကြတယ်။ အခု ယေရှုက သူတို့ဘက်လှည့်ပြီး ကျမ်းတတ်တွေ၊ ဖာရိရှဲတွေနဲ့ ပတ်သက်ပြီး သတိပေးတယ်။ အဲဒီလူတွေက “မောရှေရတဲ့ အခွင့်အာဏာမျိုးကို ရယူထား” ပြီး ဘုရားပညတ်ကို သွန်သင်နေတယ်။ “ဒါကြောင့် သူတို့ပြောသမျှကို လိုက်နာပါ။ ဒါပေမဲ့ သူတို့လုပ်သလို လိုက်မလုပ်ပါနဲ့။ သူတို့က ပြောပေမဲ့ ကိုယ်တိုင် မလုပ်ဘူး” လို့ နားထောင်နေသူတွေကို ရှင်းပြတယ်။—မဿဲ ၂၃:၂၊ ၃။

ဒီနောက် သူတို့ရဲ့ သူတော်ကောင်း ယောင်ဆောင်မှုတွေကို ပြောပြတယ်။ သူတို့က “အဆောင်လက်ဖွဲ့တွေကို အကြီးကြီးလုပ်ပြီး တပ်ကြတယ်။” ဂျူးတချို့က ပညတ်ချက်တချို့ ရေးထည့်ထားတဲ့ ဗူးငယ်လေးတွေကို နဖူးမှာ ဒါမှမဟုတ် ဘယ်လက်မောင်းမှာ တပ်ထားလေ့ရှိတယ်။ ဖာရိရှဲတွေကျတော့ ပညတ်တရားနဲ့ ပတ်သက်ပြီး အရမ်းစိတ်ထက်သန်မှန်း တခြားသူတွေသိအောင် အဲဒီဘူးတွေကို အကြီးကြီးလုပ်ပြီး တပ်ကြတယ်။ “ဝတ်လုံအမြိတ်တွေကိုလည်း အရှည်ကြီး ထားတတ်တယ်။” အစ္စရေးတွေဟာ အဝတ်အောက် အနားစွန်းမှာ အမြိတ်တပ်ရတယ်။ ဖာရိရှဲတွေကတော့ သူတို့အဝတ်ရဲ့ အမြိတ်တွေကို အရှည်ကြီး တပ်ထားကြတယ်။ (တောလည်ရာ ၁၅:၃၈-၄၀) အဲဒါအားလုံးကို “လူမြင်ကောင်းအောင်” လုပ်ကြတာ။—မဿဲ ၂၃:၅။

တပည့်တွေမှာလည်း ထင်ပေါ်ကျော်ကြားချင်စိတ် ရှိလာနိုင်တာမို့ ယေရှု ဒီလိုဆုံးမတယ်– “ခင်ဗျားတို့ကတော့ ဆရာလို့ အခေါ်မခံကြနဲ့။ ခင်ဗျားတို့မှာ ဆရာတစ်ယောက်ပဲ ရှိတယ်။ ခင်ဗျားတို့အားလုံးဟာ ညီအစ်ကိုတွေပဲ။ ပြီးတော့ ကမ္ဘာမြေပေါ်မှာ ဘယ်သူ့ကိုမှ အဖလို့ မခေါ်နဲ့။ ခင်ဗျားတို့မှာ ကောင်းကင်အဖ တစ်ပါးပဲ ရှိတယ်။ ခေါင်းဆောင်လို့လည်း အခေါ်မခံကြနဲ့။ ခင်ဗျားတို့မှာ ခရစ်တော်ဆိုတဲ့ ခေါင်းဆောင် တစ်ယောက်ပဲ ရှိတယ်။ ခင်ဗျားတို့ထဲက အကြီးမြတ်ဆုံးဖြစ်သူဟာ အစေခံဖြစ်ရမယ်။ ကိုယ့်ကိုယ်ကိုယ် ချီးမြှောက်တဲ့သူဟာ နှိမ့်ချခံရမယ်။ နှိမ့်ချတဲ့သူကတော့ ချီးမြှောက်ခံရမယ်” လို့ပြောတယ်။—မဿဲ ၂၃:၈-၁၂။

ဒီနောက် သူတော်ကောင်း ယောင်ဆောင်တဲ့ ကျမ်းတတ်နဲ့ ဖာရိရှဲတွေ အဖြစ်ဆိုးကြုံရမယ် ဆိုတာကို ယေရှု ဆက်ပြောတယ်။ “သူတော်ကောင်းယောင်ဆောင်တဲ့ ကျမ်းတတ်နဲ့ ဖာရိရှဲတို့၊ အဖြစ်ဆိုး ကြုံရလိမ့်မယ်။ ခင်ဗျားတို့က ကောင်းကင်နိုင်ငံရဲ့ တံခါးကို လူတွေ မဝင်နိုင်အောင် ပိတ်ထားကြတယ်။ ကိုယ်တိုင် မဝင်ဘူး၊ ဝင်မယ့်သူတွေကိုလည်း ဝင်ခွင့်မပေးဘူး။”—မဿဲ ၂၃:၁၃။

ဖာရိရှဲတွေက ယေဟောဝါရဲ့အမြင်မှာ ဘာက ပိုအရေးကြီးသလဲဆိုတာ ထည့်မစဉ်းစားဘဲ သူတို့ရဲ့အမြင်အတိုင်း ဆုံးဖြတ်တာကြောင့် သူတို့ကို ယေရှု ပြစ်တင်ရှုတ်ချတယ်။ ဥပမာ၊ “ဗိမာန်တော်ကို တိုင်တည်ပြီး သစ္စာဆိုရင် အတည်မဖြစ်ဘူး။ ဗိမာန်တော်မှာရှိတဲ့ ရွှေကို တိုင်တည်ပြီး သစ္စာဆိုရင်တော့ အတည်ဖြစ်တယ်” လို့ ပြောကြတယ်။ ယေဟောဝါဘုရားကို ဝတ်ပြုနိုင်တဲ့နေရာ၊ ဘုရားနဲ့ ရင်းနှီးစေနိုင်တဲ့ နေရာဖြစ်တဲ့ ဗိမာန်တော်ထက် ဗိမာန်တော်မှာရှိတဲ့ ရွှေကို ပိုအလေးအနက် ထားခြင်းအားဖြင့် အကျင့်သိက္ခာပိုင်းမှာ မျက်ကန်းဖြစ်နေကြတယ်။ “တရားမျှတတာ၊ သနားကရုဏာပြတာ၊ သစ္စာရှိတာစတဲ့ ပညတ်ကျမ်းထဲက ပိုအရေးကြီးတဲ့ အချက်တွေကို လျစ်လျူရှုထားကြတယ်။”—မဿဲ ၂၃:၁၆၊ ၂၃။ လုကာ ၁၁:၄၂။

“မျက်ကန်းလမ်းပြတို့၊ ခင်ဗျားတို့ဟာ ခြင်ကို စစ်ထုတ်ပေမဲ့ ကုလားအုတ်ကိုတော့ မျိုချနေပါလား” ဆိုပြီး ဖာရိရှဲတွေကို ယေရှုပြောတယ်။ (မဿဲ ၂၃:၂၄) ခြင်ဟာ ပညတ်တရားအရ မသန့်ရှင်းတဲ့ အင်းဆက်ပိုးဖြစ်လို့ ဝိုင်သောက်တဲ့အခါ ခြင်ကို စစ်ထုတ်ကြတယ်။ ဒါပေမဲ့ ပညတ်ကျမ်းထဲက ပိုအရေးကြီးတဲ့အချက်တွေကို သူတို့လျစ်လျူရှုထားတာက ပညတ်တရားအရ မသန့်ရှင်းတဲ့၊ ခြင်ထက် အဆပေါင်းများစွာ ပိုကြီးတဲ့ ကုလားအုတ်ကို မျိုချနေသလိုပါပဲ။—ဝတ်ပြုရာ ၁၁:၄၊ ၂၁-၂၄။

  • ဆာလံ ၁၁၀ မှာ ဒါဝိဒ်ပြောတဲ့ စကားတွေနဲ့ ပတ်သက်ပြီး ဖာရိရှဲတွေကို ယေရှု မေးခွန်းထုတ်တဲ့အခါ သူတို့ ဘာဖြစ်လို့ နှုတ်ဆိတ်သွားတာလဲ။

  • ဖာရိရှဲတွေက အဆောင်လက်ဖွဲ့တွေကို အကြီးကြီးလုပ်ပြီး တပ်တာ၊ ဝတ်လုံရဲ့ အမြိတ်တွေကိုလည်း အရှည်ကြီးထားတာ ဘာကြောင့်လဲ။

  • တပည့်တွေကို ယေရှု ဘယ်လို ဆုံးမသလဲ။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်များ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ