ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • ယေရှု တမန်တော် တစ်ဆယ့်နှစ်ယောက်ကို ရွေးချယ်
    ကျမ်းစာကနေ သင်ယူနိုင်တဲ့ သင်ခန်းစာများ
    • ယေရှုနဲ့ တမန်တော် ၁၂ ယောက်

      သင်ခန်းစာ ၈၀

      ယေရှု တမန်တော် တစ်ဆယ့်နှစ်ယောက်ကို ရွေးချယ်

      ယေရှုဟာ တစ်နှစ်ခွဲလောက် ဟောပြီးနောက် အရေးကြီးတဲ့ ဆုံးဖြတ်ချက်တစ်ခု ချရတော့မယ်။ သူနဲ့ တွဲအမှုဆောင်ဖို့ ဘယ်သူတွေကို ရွေးရမလဲ။ ခရစ်ယာန်အသင်းတော်မှာ ဦးဆောင်ဖို့ ဘယ်သူတွေကို လေ့ကျင့်ပေးရင် ကောင်းမလဲ။ အဲဒီဆုံးဖြတ်ချက်တွေချဖို့ ယေဟောဝါရဲ့အကူအညီကို ယေရှု လိုအပ်နေတယ်။ ဒါကြောင့် တောင်ပေါ်ကို တစ်ယောက်တည်း တက်သွားပြီး တစ်ညလုံး ဆုတောင်းတယ်။ မနက်ကျတော့ တပည့်တချို့ကိုခေါ်ပြီး တမန်တော် ၁၂ ယောက်ကို ရွေးတယ်။ သူတို့နာမည်တွေကို မှတ်မိသလား။ သူတို့နာမည်တွေက ပေတရု၊ အန္ဒြေ၊ ယာကုပ်၊ ယောဟန်၊ ဖိလိပ္ပု၊ ဗာသောလမဲ၊ သောမ၊ မဿဲ၊ အာလဖဲရဲ့သား ယာကုပ်၊ သဒ္ဒဲ၊ ရှိမုန်နဲ့ ယုဒရှကာရုတ် ဖြစ်တယ်။

      အန္ဒြေ၊ ပေတရု၊ ဖိလိပ္ပု၊ ယာကုပ်

      အန္ဒြေ၊ ပေတရု၊ ဖိလိပ္ပု၊ ယာကုပ်

      တမန်တော် ဆယ့်နှစ်ယောက်က ယေရှုနဲ့အတူ ခရီးသွားကြတယ်။ သူတို့ကို လေ့ကျင့်ပေးပြီးနောက် သူတို့ဘာသာ သွားဟောကြတယ်။ ယေဟောဝါက သူတို့ကို နတ်ဆိုးတွေကို နှင်ထုတ်ဖို့၊ လူနာတွေကို ကုပေးဖို့ တန်ခိုးပေးတယ်။

      ယောဟန်၊ မဿဲ၊ ဗာသောလမဲ၊ သောမ

      ယောဟန်၊ မဿဲ၊ ဗာသောလမဲ၊ သောမ

      ယေရှုက တမန်တော် တစ်ဆယ့်နှစ်ယောက်ကို မိတ်ဆွေလို့ခေါ်ပြီး သူတို့ကို ယုံကြည်စိတ်ချတယ်။ ဖာရိရှဲတွေကတော့ သူတို့ကို ပညာမရှိတဲ့ သာမန်လူတွေလို့ ယူမှတ်ကြတယ်။ ယေရှုက သူတို့လုပ်ရမယ့်အလုပ်အတွက် လေ့ကျင့်ပေးတယ်။ သူတို့ဟာ ယေရှုရဲ့ အရေးအကြီးဆုံးအချိန်တွေဖြစ်တဲ့ မသေခင်နဲ့ ထမြောက်ပြီးနောက် အချိန်တွေမှာ ယေရှုနဲ့အတူ ရှိခဲ့ကြတာ။ ယေရှုလိုပဲ သူတို့အများစုဟာ ဂါလိလဲနယ်သားတွေ ဖြစ်တယ်။ တချို့ဆိုရင် အိမ်ထောင်သည်တွေ ဖြစ်တယ်။

      အာလဖဲရဲ့သား ယာကုပ်၊ ယုဒရှကာရုတ်၊ သဒ္ဒဲ၊ ရှိမုန်

      အာလဖဲရဲ့သား ယာကုပ်၊ ယုဒရှကာရုတ်၊ သဒ္ဒဲ၊ ရှိမုန်

      ဒီတမန်တော်တွေဟာ မှားတတ်တဲ့ မစုံလင်သူတွေဖြစ်လို့ မစဉ်းစားဘဲ ပြောမိတတ်ပြီး ဆုံးဖြတ်ချက် မှားတတ်ကြတယ်။ တစ်ခါတလေ စိတ်တိုတတ်ပြီး ဘယ်သူအကြီးဆုံးလဲ ဆိုပြီး ငြင်းခုံကြသေးတယ်။ တကယ်တော့ သူတို့ဟာ ယေဟောဝါကိုချစ်တဲ့ လူကောင်းတွေပါပဲ။ ယေရှုမရှိတော့တဲ့အခါ ခရစ်ယာန်အသင်းတော်ရဲ့ အုတ်မြစ်တွေ ဖြစ်လာကြမယ့်သူတွေ ဖြစ်တယ်။

      “အဖဘုရားဆီက ကြားနာခဲ့သမျှ ပြန်ပြောပြတဲ့အတွက် ခင်ဗျားတို့ကို မိတ်ဆွေလို့ ခေါ်မယ်။” —ယောဟန် ၁၅:၁၅

      မေးခွန်း– ယေရှုက ဘယ်သူတွေကို တမန်တော် ၁၂ ပါးအဖြစ် ရွေးသလဲ။ သူတို့ကို ဘာလုပ်ဖို့ စေလွှတ်လိုက်သလဲ။

      မဿဲ ၁၀:၁-၁၀။ မာကု ၃:၁၃-၁၉။ ၁၀:၃၅-၄၀။ လုကာ ၆:၁၂-၁၆။ ယောဟန် ၁၅:၁၅။ ၂၀:၂၄၊ ၂၅။ တမန်တော် ၂:၇။ ၄:၁၃။ ၁ ကောရိန္သု ၉:၅။ ဧဖက် ၂:၂၀-၂၂

  • တောင်ပေါ်ဒေသနာ
    ကျမ်းစာကနေ သင်ယူနိုင်တဲ့ သင်ခန်းစာများ
    • လူအုပ်ကြီးကို ယေရှု တောင်ပေါ်မှာ ဟောပြော

      သင်ခန်းစာ ၈၁

      တောင်ပေါ်ဒေသနာ

      ယေရှုဟာ တမန်တော် ၁၂ ပါးကိုရွေးပြီးနောက် တောင်ပေါ်ကနေ လူအုပ်ရှိတဲ့နေရာဆီ ဆင်းလာတယ်။ ဒီလူတွေဟာ ဂါလိလဲနယ်၊ ယုဒနယ်၊ တိုင်ရာမြို့၊ ဆိုင်ဒုန်မြို့နဲ့ ဆီးရီးယားပြည်ကနေ လာကြတာ။ သူတို့နဲ့အတူ ရောဂါသည်တွေ၊ နတ်ဆိုးပူးသူတွေကိုပါ ခေါ်လာကြလို့ ယေရှုက လူနာအားလုံးကို ကုပေးတယ်။ အဲဒီနောက် တောင်စောင်းမှာထိုင်ပြီး ဟောတော့တယ်။ ဘုရားရဲ့မိတ်ဆွေ ဖြစ်ချင်ရင် ဘာလုပ်ရမယ်ဆိုတာ ရှင်းပြတယ်။ ယေဟောဝါကို ချစ်ရမယ်၊ ကိုယ်တော့် အကူအညီလိုတယ်လို့ အသိအမှတ်ပြုရမယ်။ တခြားသူကို မချစ်ရင် ဘုရားကို မချစ်နိုင်ဘူး။ လူတိုင်းကို သနားရမယ်၊ တရားမျှတရမယ်၊ ရန်သူတွေကိုတောင် ချစ်ရမယ်လို့ ယေရှု သင်ပေးတယ်။

      ယေရှု ဒီလိုပြောတယ်– ‘မိတ်ဆွေတွေကိုပဲ ချစ်ရုံမက ရန်သူတွေကိုပါ ချစ်ဖို့လိုတယ်။ အကြွင်းမဲ့ ခွင့်လွှတ်ရမယ်။ တစ်ယောက်ယောက်က ကိုယ့်ကိုစိတ်ဆိုးနေမှန်းသိရင် သူ့ဆီ ချက်ချင်းသွားပြီး တောင်းပန်ရမယ်။ ကိုယ့်ကို ဆက်ဆံစေချင်သလို သူ့ကို ဆက်ဆံရမယ်။’

      လူအုပ်ကြီးကို ယေရှု တောင်ပေါ်မှာ ဟောပြော

      ယေရှုက ပစ္စည်းဥစ္စာနဲ့ပတ်သက်ပြီး ဒီလိုအကြံပေးတယ်- ‘ငွေအများကြီးရှိတာထက် ယေဟောဝါရဲ့ မိတ်ဆွေဖြစ်ဖို့က ပိုအရေးကြီးတယ်။ ငွေကို သူခိုး ခိုးနိုင်တယ်။ ယေဟောဝါရဲ့ မိတ်ဆွေဖြစ်တာကိုတော့ ဘယ်သူမှ ခိုးလို့မရဘူး။ ဘာစားရမလဲ၊ ဘာသောက်ရမလဲ၊ ဘာဝတ်ရမလဲလို့ မပူပါနဲ့။ ငှက်တွေကို ကြည့်။ ဘုရားက ငှက်တွေအတွက် အစာ အလုံအလောက် ပေးထားတယ်။ စိတ်ပူနေလို့ တစ်ရက် ပိုအသက်မရှည်နိုင်ဘူး။ လိုအပ်တာကို ယေဟောဝါ သိတယ်။’

      လူတွေက ယေရှု ဟောသလို တစ်ခါမှ မကြားဖူးကြဘူး။ ဒီအကြောင်းတွေကို သူတို့ရဲ့ ဘာသာရေးခေါင်းဆောင်တွေ မသင်ပေးဘူး။ ယေရှုဟာ ဘာကြောင့် ဒီလောက်ကောင်းတဲ့ ဆရာသမား ဖြစ်ရသလဲ။ ယေဟောဝါ သင်ပေးစေချင်တဲ့အတိုင်း ယေရှု သင်ပေးလို့ပဲ။

      “ကျွန်တော့်ထမ်းပိုးကို ထမ်းပြီး ကျွန်တော့်ဆီကနေ သင်ယူကြပါ။ ကျွန်တော်ဟာ နူးညံ့သိမ်မွေ့ပြီး စိတ်နှိမ့်ချတယ်။ ခင်ဗျားတို့ လန်းဆန်းရလိမ့်မယ်။” —မဿဲ ၁၁:၂၉

      မေးခွန်း– ယေဟောဝါရဲ့ မိတ်ဆွေဖြစ်ဖို့ ဘာလုပ်ရမလဲ။ ယေဟောဝါက တခြားသူတွေကို ဘယ်လို ဆက်ဆံစေချင်သလဲ။

      မဿဲ ၄:၂၄–၅:၄၈။ ၆:၁၉-၃၄။ ၇:၂၈၊ ၂၉။ လုကာ ၆:၁၇-၃၁

မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၆)
ထွက်ပါ
ဝင်ပါ
  • မြန်မာ
  • ဝေမျှပါ
  • နှစ်သက်ရာ ရွေးချယ်ပါ
  • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
  • လိုက်နာရန် စည်းကမ်းများ
  • ကိုယ်ရေးလုံခြုံမှု မူဝါဒ
  • ကိုယ်ရေးလုံခြုံမှု ဆက်တင်များ
  • JW.ORG
  • ဝင်ပါ
ဝေမျှပါ