ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • ijwwd ဆောင်းပါး ၆
  • ခွေးရဲ့ အနံ့ခံအာရုံ

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ခွေးရဲ့ အနံ့ခံအာရုံ
  • အလိုလို ဖြစ်လာနိုင်ပါ့မလား
  • ဆင်တူတဲ့ အကြောင်းအရာ
  • သင့်ခွေးသည် ကလေးများအတွက်အန္တရာယ်ကင်း၏လော
    နိုးလော့!—၁၉၉၈
  • ချစ်စနိုး တိရစ္ဆာန်လော၊ ရက်စက်ပေ့ သတ်ဖြတ်ကောင်လော
    နိုးလော့!—၂၀၀၃
အလိုလို ဖြစ်လာနိုင်ပါ့မလား
ijwwd ဆောင်းပါး ၆
ခွေးနှာခေါင်း

အလိုလို ဖြစ်လာနိုင်ပါ့မလား

ခွေးရဲ့ အနံ့ခံအာရုံ

ခွေးတွေဟာ အနံ့အာရုံကို သုံးပြီး တခြားခွေးတွေရဲ့ အသက်၊ အထီး/အမ၊ စိတ်ထားကို အာရုံခံကြတယ်လို့ သုတေသီတွေ ဆိုကြတယ်။ ဖောက်ခွဲရေးပစ္စည်းတွေ၊ မူးယစ်ဆေးဝါးတွေကို အနံ့ခံဖို့ ခွေးတွေကို လေ့ကျင့်ပေးနိုင်တယ်။ လူတွေက ပတ်ဝန်းကျင်ကို အမြင်အာရုံနဲ့ စူးစမ်းကြပေမဲ့ ခွေးတွေကတော့ အနံ့အာရုံနဲ့ စူးစမ်းသိမြင်နိုင်ကြတယ်။

စဉ်းစားကြည့်ပါ။ ခွေးရဲ့ အနံ့ခံအာရုံဟာ လူတွေထက် အဆပေါင်းများစွာ သာလွန်တယ်။ အမေရိကန် အမျိုးသား စံနှုန်းနဲ့ နည်းပညာ အဖွဲ့အစည်းအဆိုအရ ခွေးဟာ “ဒြပ်ပေါင်း သန်းပေါင်းတစ်သန်းထဲက အပိုင်းအစတစ်ခုကို အနံ့ခံနိုင်စွမ်း ရှိတယ်။ အဲဒါဟာ အိုလံပစ် ရေကူးကန်အရွယ် ကန်ထဲ သကြား လက်ဖက်ရည်ဇွန်း လေးပုံတစ်ပုံ ပျော်ဝင်တဲ့ အရသာနဲ့ ညီမျှတယ်။”

ခွေးရဲ့အနံ့ခံအာရုံဟာ ဘာကြောင့် အလွန်အစွမ်းထက်ရသလဲ။

  • ခွေးနှာခေါင်းဟာ စိုစွတ်နေတဲ့အတွက် အနံ့ခံလွယ်တယ်။

  • ခွေးနှာခေါင်းမှာ လေဝင်ပေါက် နှစ်ပေါက် ရှိတယ်။ တစ်ပေါက်နဲ့ အသက်ရှူပြီး တစ်ပေါက်နဲ့ အနံ့ခံတယ်။ ခွေး အနံ့ခံတဲ့အခါ အနံ့ခံအင်္ဂါပါတဲ့ နှာခေါင်းထဲ လေတွေ ရောက်သွားတယ်။

  • ခွေးရဲ့ဂန္ဓာရုံဟာ ၂၀ စတုရန်းလက်မ (၁၃၀ စတုရန်း စင်တီမီတာ) ကျော်ကို အနံ့ခံနိုင်တယ်။ လူတစ်ယောက်ဟာ ၀.၈ စတုရန်းလက်မ (၅ စတုရန်း စင်တီမီတာ) အကွာလောက်ပဲ အနံ့ခံနိုင်တယ်။

  • ခွေးမှာ လူတွေထက် အနံ့ခံအင်္ဂါဆဲလ် အဆ ၅၀ ပို ပါရှိတယ်။

ဒါကြောင့် ခွေးဟာ အနံ့မျိုးစုံကို ခွဲခြားနိုင်တယ်။ ဥပမာ၊ ပညာရှင်တချို့ အဆိုအရ လူတွေဟာ ဟင်းချိုအနံ့ကိုသာ ရပေမဲ့ ခွေးကတော့ ဟင်းချိုထဲမှာပါတဲ့ အမယ်အားလုံးရဲ့ အနံ့ကို ခွဲခြားနိုင်တယ်။

လူရဲ့ ဦးခေါင်းအထက်မှာ ဟင်းချိုခွက်ပုံ ပြထားပေမဲ့ ခွေးရဲ့ ဦးခေါင်းအထက်မှာတော့ ဟင်းချိုထဲမှာပါတဲ့ အမယ်တွေရဲ့ ပုံကို ပြထားစဉ်

ခွေးရဲ့ ဦးနှောက်နဲ့ နှာခေါင်း ပူးပေါင်းလုပ်ဆောင်ပုံဟာ “ကမ္ဘာပေါ်မှာ အဆန်းပြားဆုံး အနံ့ခံကိရိယာတစ်မျိုး ဖြစ်တယ်” လို့ ကင်ဆာ သုတေသနအဖွဲ့ ပိုင်းစထရိဖောင်ဒေးရှင်းက သုတေသီတွေ ပြောကြတယ်။ သိပ္ပံပညာရှင်တွေဟာ ဖောက်ခွဲရေး ပစ္စည်းတွေ၊ တရားမဝင် ပစ္စည်းတွေ၊ ကင်ဆာ အပါအဝင် ရောဂါတွေကို အာရုံခံနိုင်စွမ်းရှိတဲ့ အီလက်ထရောနစ် “နှာခေါင်းတွေ” တီထွင်နေကြပါတယ်။

ဘယ်လို ထင်ပါသလဲ။ ခွေးရဲ့ အနံ့ခံအာရုံဟာ သူ့အလိုလို ဖြစ်လာနိုင်သလား။ ဒါမှမဟုတ် တစ်စုံတစ်ဦးက ပြုလုပ်ဖန်ဆင်းထားသလား။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၆)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်များ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ