ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • ijwyp ဆောင်းပါး ၉၀
  • အပျက်သဘော အတွေးတွေ ဘယ်လို ရှောင်နိုင်သလဲ

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • အပျက်သဘော အတွေးတွေ ဘယ်လို ရှောင်နိုင်သလဲ
  • လူငယ်များအမေး
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • ကိုယ့်ကိုယ်ကိုယ် ဘယ်လို ရှုမြင်သလဲ
  • ဘာကြောင့် အရေးကြီးသလဲ
  • လုပ်ဆောင်နိုင်ရာ
  • ထပ်လေ့လာကြည့်ပါ
  • အပျက်သဘောတွေကို တွန်းလှန်နိုင်ပုံ
    ကင်းမျှော်စင် ယေဟောဝါရဲ့နိုင်ငံတော်ကိုကြေညာခြင်း (လေ့လာရန် စာစောင်)—၂၀၂၆
  • အကောင်းမြင်စိတ်က အကျိုးရှိ
    နိုးလော့!—၂၀၁၆
  • လူပေါင်းမဆံ့ဘူးဆိုရင် ဘယ်လို လုပ်ရမလဲ
    လူငယ်များအမေး
  • ငါ အသက် ဆက်မရှင်ချင်တော့ဘူး ဆိုရင်
    လူငယ်များအမေး
နောက်ထပ် ကြည့်ပါ
လူငယ်များအမေး
ijwyp ဆောင်းပါး ၉၀
မည်းမှောင်နေတဲ့ တိမ်တိုက်ကနေ မိုးတွေ ရွာချနေတယ်လို့ အမျိုးသမီးတစ်ယောက် အပျက်သဘော တွေးနေစဉ်

လူငယ်များအမေး

အပျက်သဘော အတွေးတွေ ဘယ်လို ရှောင်နိုင်သလဲ

  • ကိုယ့်ကိုယ်ကိုယ် ဘယ်လို ရှုမြင်သလဲ

  • ဘာကြောင့် အရေးကြီးသလဲ

  • လုပ်ဆောင်နိုင်ရာ

  • ထပ်လေ့လာကြည့်ပါ

  • ရွယ်တူတွေ အဆို

ကိုယ့်ကိုယ်ကိုယ် ဘယ်လို ရှုမြင်သလဲ

  • အကောင်းမြင်သမား

    “ခပ်ပျော်ပျော်ပဲ နေတယ်။ အပူအပင် သိပ်မထားဘူး။ နေ့တိုင်း အပြုံးမျက်နှာနဲ့ နေနိုင်အောင် ကြိုးစားတယ်။”—ဗယ်လရီ။

  • အဆိုးမြင်သမား

    “ကောင်းတာတွေ ဖြစ်လာတဲ့အခါတိုင်း မဖြစ်နိုင်ဘူး၊ လွဲနေတာများလားလို့ ချက်ချင်း အတွေးဝင်တယ်။”—ရေဗက္ကာ။

  • လက်တွေ့သမား

    “အကောင်းမြင်သမားက စိတ်ပျက်ရတတ်တယ်။ အဆိုးမြင်သမားရဲ့ ဘဝကတော့ စိတ်ချမ်းမြေ့စရာ ကောင်းမှာ မဟုတ်ဘူး။ လက်တွေ့သမားကတော့ ကိစ္စရပ်တွေကို အရှိအတိုင်း မြင်စေတယ်။”—အန်နာ။

ဘာကြောင့် အရေးကြီးသလဲ

“စိတ်ရွှင်လန်းသူတွေအတွက်တော့ အချိန်တိုင်းဟာ စားသောက်ပွဲ ဖြစ်နေတယ်” လို့ ကျမ်းစာ ဆိုတယ်။ (ပညာအလိမ္မာ ၁၅:၁၅) မလိုလားအပ်တဲ့ အပျက်သဘော အတွေးတွေကို ဖျောက်ပြီး အပြုသဘော ရှိအောင် ကြိုးစားသူတွေဟာ ပိုပျော်ရွှင်ကြပါတယ်။ သူတို့မှာ မိတ်ဆွေသူငယ်ချင်း ပိုများတတ်တယ်။ တစ်ချိန်လုံး အပျက်သဘော တင်ပြနေတဲ့သူ အနားမှာ ဘယ်သူ နေချင်မလဲ။

အပြုသဘောထားရှိသူတွေတောင် ဘဝမှာ အခက်အခဲတွေ ကြုံရတတ်တယ်။ ဥပမာ–

  • စစ်၊ အကြမ်းဖက်မှု၊ ရာဇဝတ်မှု သတင်းတွေကို အမြဲ ကြားနေရနိုင်တယ်။

  • မိသားစုအတွင်းမှာ ပြဿနာတွေ ရှိနိုင်တယ်။

  • ကိုယ်တိုင်ရဲ့ ချွတ်ယွင်းချက်၊ အားနည်းချက်တွေကို တစ်ချိန်လုံး တိုက်လှန်နေရနိုင်တယ်။

  • သူငယ်ချင်းရဲ့ အပြောအဆို၊ အပြုအမူကြောင့် စိတ်မကောင်း ဖြစ်နိုင်တယ်။

ဒီအဖြစ်မှန်တွေကို မမြင်အောင် မျက်စိစုံမှိတ်ထားလို့ မရနိုင်သလို အဲဒီအကြောင်းကိုပဲ တနုံ့နုံ့တွေးနေလို့လည်း မဖြစ်ဘူး။ မျှမျှတတ ရှုမြင်ဖို့ ကြိုးစားပါ။ အရှိအတိုင်း ရှုမြင်တာက အလွန်အမင်း အပျက်သဘောထား မဝင်စေသလို အလွန်အမင်း စိတ်ဓာတ်ကျခြင်း မရှိဘဲ ဘဝအခြေအနေကို လက်ခံနိုင်ပါလိမ့်မယ်။

မိုးတိတ်သွားပြီလို့ အမျိုးသမီးတစ်ယောက် အပြုသဘော တွေးနေစဉ်

ဘဝနေသာချိန် ပေါ်လာမယ်ဆိုတာ ယုံကြည်စိတ်ချပြီး ဘဝမုန်တိုင်းတွေကို ကျော်လွှားနိုင်

လုပ်ဆောင်နိုင်ရာ

  • ကိုယ့်အမှားတွေကို အရှိအတိုင်း လက်ခံပါ။

    ကျမ်းစာက ဒီလိုဆိုတယ်– “အခါခပ်သိမ်း ဖြောင့်မှန်ရာကိုသာ ပြုကျင့်ကာ အမှားကို လုံးဝ မပြုတတ်သူဟူ၍ ကမ္ဘာမြေကြီးပေါ်တွင် တစ်ဦးတစ်ယောက်မျှ မရှိ။” (ဒေသနာ ၇:၂၀၊ ခေတ်သုံးမြန်မာ သမ္မာကျမ်း) လူသားတစ်ယောက် ဖြစ်လို့ ချွတ်ယွင်းချက် ရှိတာ၊ အမှားလုပ်မိတာ ဖြစ်တယ်။ သုံးစားမရတဲ့သူ ဖြစ်လို့ မဟုတ်ဘူး။

    အရှိအတိုင်း ရှုမြင်နိုင်ပုံ။ အမှားတွေကနေ သင်ယူပါ။ အမှားကင်းသူ ဖြစ်ရမယ်လို့ မမျှော်လင့်ပါနဲ့။ “အမှားတွေကို တနုံ့နုံ့တွေးပြီး စိတ်ပျက်လက်ပျက် ဖြစ်မနေချင်ဘူး။ ဒါမျိုး နောက်ထပ် မဖြစ်အောင် အမှားတွေကနေ သင်ယူဖို့ ကြိုးစားတယ်” လို့ လူငယ် ကာလက် ပြောတယ်။

  • မနှိုင်းယှဉ်ပါနဲ့။

    ကျမ်းစာက ဒီလိုဆိုတယ်– “အတ္တဆန်တာ၊ အချင်းချင်း ပြိုင်ဆိုင်တာ၊ မနာလိုမရှုဆိတ် ဖြစ်တာတွေကို ရှောင်ကြစို့။” (ဂလာတိ ၅:၂၆) လူမှုမီဒီယာမှာ တင်ထားတဲ့ ဓာတ်ပုံတွေကို ကြည့်ပြီး ငါ့ကိုတော့ မဖိတ်ဘူးဆိုပြီး စိတ်နာကြည်းပါသလား။ ဒါဆိုရင် အချစ်ဆုံး သူငယ်ချင်းတွေကို အမုန်းဆုံး ရန်သူတွေအဖြစ် မြင်မိသွားနိုင်တယ်။

    အရှိအတိုင်း ရှုမြင်နိုင်ပုံ။ မိတ်ဆုံပွဲ လုပ်တဲ့အခါ ယောက်တိုင်းကို ဖိတ်နိုင်မှာ မဟုတ်ဘူးဆိုတာ လက်ခံပါ။ လူမှုမီဒီယာမှာ တင်ထားတဲ့ ပုံတွေကနေ တစ်ခုလုံးကို ခြုံငုံမသိနိုင်ဘူး။ “ဘဝရဲ့ အပျော်ဆုံးအချိန် ပုံတွေကိုပဲ လူမှုမီဒီယာမှာ တင်တတ်ကြတယ်။ နေ့တိုင်း လုပ်နေကျ ပျော်စရာမကောင်းတာတွေကိုတော့ မတင်ကြဘူး” လို့ ဆယ်ကျော်သက် အလက်ဆီ ပြောတယ်။

  • အထူးသဖြင့် မိသားစုမှာ သင့်မြတ်စွာ နေဖို့ ကြိုးစားပါ။

    ကျမ်းစာက ဒီလိုဆိုတယ်– “ဖြစ်နိုင်မယ်ဆိုရင် လူအားလုံးနဲ့ သင့်မြတ်အောင် အတတ်နိုင်ဆုံး ကြိုးစားပါ။” (ရောမ ၁၂:၁၈) တခြားသူတွေရဲ့ လုပ်ရပ်တွေကို ထိန်းချုပ်နိုင်မှာ မဟုတ်ပေမဲ့ ကိုယ့်တုံ့ပြန်ပုံကိုတော့ ထိန်းချုပ်နိုင်ပါတယ်။ သင့်မြတ်စွာ နေဖို့ ရွေးချယ်နိုင်တယ်။

    အရှိအတိုင်း ရှုမြင်နိုင်ပုံ။ မိသားစု၊ မိတ်ဆွေတွေကြားမှာ ပြဿနာ ပိုတင်းမာသွားစေမယ့်အစား သင့်မြတ်အောင် လုပ်ဆောင်ဖို့ ကြိုးစားပါ။ “အပြစ်ကင်းတဲ့သူဆိုလို့ ဘယ်သူမှ မရှိဘူး။ တစ်ကြိမ်မဟုတ် တစ်ကြိမ်တော့ သူတစ်ပါးခြေထောက်ကို နင်းမိတတ်ကြတာပဲ။ သင့်တင့်အောင် နေမလား၊ မနေဘူးလားဆိုတာ ကိုယ်တိုင် ဆုံးဖြတ်ရမယ်” လို့ ဆယ်ကျော်သက် မီလင်ဒါ ပြောတယ်။

  • ကျေးဇူးသိတတ်ပါ။

    ကျမ်းစာက ဒီလိုဆိုတယ်– “ကျေးဇူးသိတတ်ကြပါ။” (ကောလောသဲ ၃:၁၅) ကျေးဇူးသိတတ်ရင် ဘဝမှာ ကြုံရတဲ့ အဆင်မပြေမှုတွေကိုပဲ အာရုံမစိုက်ဘဲ အဆင်ပြေတာတွေကို အာရုံစိုက်စေပါလိမ့်မယ်။

    အရှိအတိုင်း ရှုမြင်နိုင်ပုံ။ ကိုယ့်ပြဿနာတွေကို အသိအမှတ်ပြုပါ။ ဒါပေမဲ့ ပိုင်ဆိုင်ထားတဲ့ ကောင်းမွန်ရာတွေကို မမြင်တော့တဲ့အထိ အဖြစ်မခံပါနဲ့။ “နေ့တိုင်း ကောင်းတဲ့အရာတစ်ခုကို မှတ်စုမှာ ချရေးတယ်။ ကျွန်မမှာ ကောင်းတာတွေလည်း အများကြီး ရှိနေပါသေးတယ်လို့ ကိုယ့်ကိုယ်ကိုယ် သတိပေးတဲ့ အနေနဲ့ပါ” လို့ လူငယ် ရေဗက္ကာ ပြောတယ်။

  • မိတ်ဆွေတွေကို ဆန်းစစ်ကြည့်ပါ။

    ကျမ်းစာက ဒီလိုဆိုတယ်– “မကောင်းတဲ့ အပေါင်းအသင်းဟာ ကောင်းတဲ့အကျင့်ကို ပျက်စီးစေတတ်တယ်။” (၁ ကောရိန္သု ၁၅:၃၃) အပြစ်မြင်တတ်သူ၊ ကဲ့ရဲ့ဝေဖန်တတ်သူ၊ ခက်ထန်သူတွေနဲ့ ပေါင်းသင်းမယ်ဆိုရင် အဲဒီအကျင့်တွေ ကူးစက်လာနိုင်တယ်။

    အရှိအတိုင်း ရှုမြင်နိုင်ပုံ။ မိတ်ဆွေတွေ ဒုက္ခရောက်တဲ့အခါ အချိန်အတိုင်းအတာ တစ်ခုအထိတော့ အပျက်သဘော ဝင်နေနိုင်ပါတယ်။ သူတို့ကို ကူညီပေးပါ။ ဒါပေမဲ့ သူတို့ရဲ့ ပြဿနာတွေကြောင့်တော့ အထိခိုက်မခံပါနဲ့။ “အပျက်သဘောရှိသူတွေနဲ့ပဲ မပေါင်းဖော်သင့်ဘူး။ သင်္ချာမှာ အနုတ်လက္ခဏာ ကိန်းဂဏန်း နှစ်ခု ပေါင်းလိုက်ရင် ဂဏန်း ပိုကြီးသွားရုံပဲ” လို့ လူငယ် မီရှယ် ပြောတယ်။

ထပ်လေ့လာကြည့်ပါ

“အလွန်ခက်ခဲကျပ်တည်းမယ်” လို့ ကျမ်းစာ ဆိုထားတဲ့ အချိန်ကာလမှာ ကျွန်တော်တို့ အသက်ရှင်နေကြရတယ်။ (၂ တိမောသေ ၃:၁) အပျက်သဘောထားတွေ များနေတဲ့လောကမှာ အပြုသဘောထားရှိဖို့ ခက်နေပါသလား။ “ဆင်းရဲဒုက္ခ အဆုံးတိုင်ပါ့မလား” အကြောင်းအရာကို ဖတ်ကြည့်ပါ။

ရွယ်တူတွေ အဆို

အယ်မာ

“အပျက်သဘော ဝင်နေတာကို သတိထားမိရင် အခြေအနေနဲ့ပတ်သက်တဲ့ အကောင်း၊ အဆိုး စာရင်းတစ်ခုကို ချရေးလိုက်တယ်။ အဲဒါက အခြေအနေကို ရှုထောင့်တစ်မျိုးနဲ့ မြင်လာအောင် ကူညီပေးတယ်။ အခြေအနေ ဆိုးနေပုံရရင်တောင် ကောင်းတာတွေ တွေ့ရတတ်တယ်။”—အယ်မာ။

ဂျက်စီ

“အပျက်သဘော ဝင်နေတဲ့ အချိန်တွေမှာ တခြားသူတွေကို ကူညီပေးနိုင်မယ့်နည်း ဒါမှမဟုတ် ကူညီနိုင်မယ့်အရာ တစ်ခုခု ရှာလိုက်တယ်။ ပေးကမ်းခြင်းက ပိုပျော်ရွှင်စေတယ်လို့ ယေရှု ပြောခဲ့တယ်။ ပေးကမ်းနေတဲ့အခါ အပျက်သဘော သိပ်မတွေးတော့ဘူး။”—ဂျက်စီ။

ပြန်လည်သုံးသပ်ခြင်း– အပျက်သဘော အတွေးတွေ ဘယ်လို ရှောင်နိုင်သလဲ။

ကိုယ့်အမှားတွေကို အရှိအတိုင်း လက်ခံပါ။ အမှားတွေကနေ သင်ယူပါ။ အမှားကင်းတဲ့သူ ဖြစ်ရမယ်လို့ မမျှော်လင့်ပါနဲ့။

မနှိုင်းယှဉ်ပါနဲ့။ မိတ်ဆုံပွဲကို ဖိတ်ခေါ်မခံရတဲ့အခါ စိတ်မကောင်းမဖြစ်ပါနဲ့။

အထူးသဖြင့် မိသားစုမှာ သင့်မြတ်စွာ နေဖို့ ကြိုးစားပါ။ ပြဿနာကို ပိုတင်းမာသွားစေမယ့်အစား သင့်မြတ်ဖို့ ကြိုးစားပါ။

ကျေးဇူးသိတတ်ပါ။ ကိုယ့်ပြဿနာတွေကို အသိအမှတ်ပြုပါ။ ဒါပေမဲ့ ပိုင်ဆိုင်ထားတဲ့ ကောင်းမွန်ရာတွေကို မမြင်တော့တဲ့အထိ အဖြစ်မခံပါနဲ့။

မိတ်ဆွေတွေကို ဆန်းစစ်ပါ။ ပြဿနာတွေကြောင့် စိတ်ဆင်းရဲမခံတဲ့သူတွေနဲ့ ပေါင်းသင်းပါ။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၆)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်များ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ