သီချင်း ၁၉
သခင့်ညစာစားပွဲ
၁။ ယေဟောဝါရှင် ကောင်းကင်ဘုံအဘ
အို မြင့်မြတ်ဆုံးဖြစ်တဲ့ ဒီည။
လွန်ခဲ့သောနှစ်များစွာ ကိုယ်တော် ပြသခဲ့သော
တန်ခိုး၊ တရားခြင်း၊ ဉာဏ်၊ မေတ္တာ။
ပသခါ သိုးသငယ် ကာကွယ်ပေး၊
ဘုရားလူမျိုးတော် လွတ်မြောက်လာ။
ရာစုများ ကုန်လွန်သွား သခင့်သွေးတော် သွန်းကာ
ပရောဖက်ပြုချက် ပြည့်စုံစေတာ။
၂။ မုန့်နဲ့ ဝိုင်၊ အမှတ်ရစေ တို့အား၊
တန်ဖိုး ကြီးမား၊ ကိုယ်တော် ပေးထား။
သားတော် လက်ဆောင်မွန်ကြောင့် ကောင်းမှုများစွာ ပြီးမြောက်။
နာခံမှုပြခဲ့ သေသည့်တိုင်။
ကျေးဇူးတင်စွာ ဒီပွဲအား ကျင်းပ။
ဒီညမှာ တို့ပြန်အမှတ်ရ၊
သားတော် ပေးဆက်ခဲ့သော သေခြင်း ရွေးနုတ်ဖိုးကြောင့်
တို့အားလုံး သေခြင်းမှ လွတ်မြောက်ရ။
၃။ ကိုယ်တော် ဖိတ်ခေါ်လို့ ရောက်ရှိလာကြ။
ရှေ့တော်မှောက်မှာ တို့စုရုံးကြ၊
ခရစ်တော်အား စေလွှတ်ဖို့ လှုံ့ဆော်တဲ့ မေတ္တာကြောင့်
ကိုယ်တော့်အား ချီးမွမ်းဂုဏ်တင်ဖို့။
ဒီညစာစားပွဲက ဘုန်းတက်စေ၊
တို့စိတ်ကိုလည်း ခွန်အားရှိစေ။
ဒါကြောင့် ခရစ်တော်နည်းလမ်းအတိုင်း လိုက်လျှောက်ကြမယ်။
ထာဝရအသက် တို့များ ရမယ်။
(လု. ၂၂:၁၄-၂၀။ ၁ ကော. ၁၁:၂၃-၂၆ တို့ကိုလည်း ကြည့်ပါ။)