ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • န၀၁ ၁၁/၈ စာ. ၂၂
  • ထူးခြားသည့် အနောက်အာဖရိကန်ပိုက်ဆံ

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ထူးခြားသည့် အနောက်အာဖရိကန်ပိုက်ဆံ
  • နိုးလော့!—၂၀၀၁
  • ဆင်တူတဲ့ အကြောင်းအရာ
  • “သမ္မာတရားသည် သင်တို့အား လွတ်မြောက်စေလိမ့်မည်”—၄င်းပြင်ပျော်ရွှင်စေမည်
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၀
  • ဆီအဲရာလီယွန်ကို ချစ်မိသွားပြီ
    ၂၀၁၄ ယေဟောဝါသက်သေတွေရဲ့ နှစ်ချုပ်စာအုပ်
  • တပည့်ဖြစ်စေခြင်းလုပ်ငန်းက ကျွန်မဘဝကို ပုံသွင်းခဲ့တယ်
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၇
  • မိခင်တို့၏ များပြားလှသော တာဝန်များ
    နိုးလော့!—၂၀၀၃
နောက်ထပ် ကြည့်ပါ
နိုးလော့!—၂၀၀၁
န၀၁ ၁၁/၈ စာ. ၂၂

ထူးခြားသည့် အနောက်အာဖရိကန်ပိုက်ဆံ

စီအဲရာလေယွန်မှ နိုးလော့! စာရေးသူပေးပို့သည်

ဤအရာနှင့်တူသည့်ပိုက်ဆံကို သင်မြင်ဖူးပါသလော။ ထိုအရာကား ကစ္စီလူမျိုးတို့၏ပိုက်ဆံ ဖြစ်သည်။ ထိုငွေကြေးအချို့ကို ဖရီးတောင်းမြို့ရှိ စီအဲရာလေယွန်အမျိုးသားပြတိုက်တွင် ခင်းကျင်းပြသထားသည်။ အကြောင်းအရာကိုရှင်းပြထားသည့်ကတ်တွင် ဤသို့ဖော်ပြသည်– “ဤထူးခြားသောပိုက်ဆံပုံစံ၏ မူရင်းဒေသမှာ စီအဲရာလေယွန်နှင့် လိုင်ဘေးရီးယားတို့မှဖြစ်သည်။ ၁၉၄၅ ခုနှစ်နှောင်းပိုင်းအထိ တောနယ်ဒေသများ၌ ယင်းကိုသုံးစွဲကြသည်။ ၎င်းသည် ဦးခေါင်း (အဝိုင်းသဏ္ဌာန်အဆုံးပိုင်း) နှင့် ခြေ (တုတ်ချွန်သဏ္ဌာန်အဆုံးပိုင်း) အထိမ်းအမှတ်ဖြစ်သောကြောင့် ယင်းကို ဝိညာဉ်တွယ်ကပ်နေသည့်ပိုက်ဆံဟု ဆိုကြသည်။ အကဲအမှူးတစ်ဦးသေဆုံးသောအခါ ပိုက်ဆံများကိုချိုးပြီး ဂူအတွင်းသို့ထိုးထည့်ရသည်။ နောက်ဆုံးကြေးငွေလဲလှယ်နှုန်းမှာ အနောက်အာဖရိကန် တစ်သျှီလင်သည် ၅၀ ကစ္စီဖြစ်သည်။”

အာဖရိကန်ကျွန်ကုန်ကူးခြင်းစာအုပ်တွင် ဘယ်စဲလ် ဒေးဗစ်စင် ၏ဖော်ပြချက်အရ ရှေးအချိန်က ကျွန်များကို “သံထည်ပစ္စည်းအတိုင်းအရှည်များ” ဖြင့်လဲလှယ်ခဲ့ကြသည်။ ယင်းတို့သည် ကစ္စီသုံးပိုက်ဆံများဖြစ်သလော။ ဖြစ်သည်ဟု အချို့သောကျွမ်းကျင်သူများက ယုံကြည်ထားကြသည်။ အချို့ကမူ သဘောမတူကြပေ။ သို့တိုင် ကျွန်များဝယ်ယူရန် ယင်းပိုက်ဆံများကိုမသုံးခဲ့သော်လည်း ဇနီးများဝယ်ယူခြင်းတွင်မူ ဧကန်အသုံးပြုခဲ့ကြသည်။

အထက်တွင်ဖော်ပြသကဲ့သို့ ထိုဒ င်္ဂါးများကို ဘာသာရေးကိစ္စများတွင် တစ်ခါတစ်ရံအသုံးပြုကြပြီး အထူးသဖြင့် ကျမ်းစာနှင့်မညီသည့်အယူဝါဒဖြစ်သော မသေနိုင်သောဝိညာဉ်စိုးလ်နှင့်ပတ်သက်၍ဖြစ်သည်။ လူတစ်ဦးသေဆုံးသောအခါ သူ့ဇာတိရပ်ရွာတွင်မြှုပ်နှံခြင်းသည် သင့်လျော်သည်ဟု ယူဆကြသည်။ ရပ်ဝေး၌သေဆုံးခဲ့လျှင် အလောင်းကိုအိမ်သို့ပြန်သယ်ယူရန် အမြဲအဆင်ပြေမည်မဟုတ်ပါ။ ဖြေရှင်းနည်းမှာ ကစ္စီပိုက်ဆံဖြင့် ဝိညာဉ်စိုးလ်ကိုပို့ဆောင်ပေးခြင်းဖြစ်သည်။

ကွယ်လွန်သူ၏ဆွေမျိုးတစ်ဦးသည် သေဆုံးမှုဖြစ်ခဲ့သည့်ရွာသို့သွားကာ ဂါထာမန္တရားရွတ်ဖတ်သရဇ္စျာယ်သော ပယောဂဆရာထံမှ ပိုက်ဆံတစ်ခုကိုရယူပြီး ၎င်း၌ သေသူ၏ဝိညာဉ်ကို တွယ်ကပ်ပေးသည်ဟုဆိုသည်။ ထိုအချိန်တွင် ဆွေမျိုးဖြစ်သူ ထမ်းဆောင်ရမည့်တာဝန်မှာ ဝိညာဉ် (ပိုက်ဆံ) ကိုအိမ်သို့သယ်ဆောင်လာပြီး ဘိုးဘေးသင်္ချိုင်းတွင်မြှုပ်နှံရန် ဖြစ်သည်။

ဆွေမျိုးတော်သူသည် စင်ကြယ်သောအဝတ်ဖြင့် ပိုက်ဆံကိုထုပ်ကာ လုံးဝစကားပြောဆိုခြင်းမပြုဘဲ သူ၏ခရီးကိုစတင်ရမည်။ လမ်းတွင်တစ်ဦးတစ်ယောက်ကို စကားပြောမိလျှင် ဝိညာဉ်သည် ပိုက်ဆံမှထွက်ခွာကာ သူသေဆုံးခဲ့သောရွာသို့ပြန်သွားသည်ဟု ယုံကြည်ကြသည်။ ထိုအခါ ဆွေမျိုးတော်စပ်သူသည် ယင်းကို ထပ်၍ ပြန်သွားခေါ်ရမည်ဖြစ်ပြီး ပယောဂဆရာကို ငွေထပ်ပေးရမည်မှာ သေချာပါသည်!

ခရီးစဉ်အတွင်း စကားပြောရန်လိုအပ်လာလျှင် စကားမပြောမီ မြေကြီးပေါ်မဟုတ်ဘဲ ဂရုတစိုက်နှင့်ထိုပိုက်ဆံကို အောက်တွင်ချထားနိုင်သည်။ ပိုက်ဆံကိုပြန်ကောက်ယူလိုက်သည်နှင့် စကားမပြောရသည့်ဥပဒေအောက် ပြန်ရောက်သွားမည်ဖြစ်သည်။

အလျား ၁၃ လက်မ မှ ၁၄ လက်မရှည်သော ကစ္စီပိုက်ဆံများသည် အိတ်ကပ်တွင်ဖြစ်စေ၊ ပိုက်ဆံအိတ်တွင်ဖြစ်စေထည့်ရန် မဆန့်ချေ။ သို့သော်လည်း အလွယ်တကူစုစည်းတုပ်နှောင်၍ ခေါင်းရွက်သယ်သွားနိုင်သောကြောင့် ထိုပုံစံသည် သူတို့ခေတ်အတွက် လက်တွေ့အသုံးဝင်သည်။ ချမ်းသာကြွယ်ဝသူများသည် သူတို့၏ထပ်ခိုးများတွင် ထိုပိုက်ဆံများကို စုဆောင်းသိုမှီးထားလေ့ရှိသည်။ ရာသီဥတုအခြေအနေကောင်းမွန်သောအခါ ပိုက်ဆံတွင်ရေငွေ့များဖုံးနေပြီး အောက်ကြမ်းပြင်သို့ တစက်စက်ကျနေမည်။ “အစက်စက်ကျသောရေ” ၏ပမာဏသည် သင်ထိုင်နေသောအိမ်ရှိလူ၏ စည်းစိမ်ကြွယ်ဝမှု၏နိမိတ်ကောင်းဖြစ်သည်။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၆)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်များ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ