သားသမီးများကို မည်သို့ဆုံးမပဲ့ပြင်သင့်သနည်း
“သားသမီးများ ဘာပဲလုပ်လုပ် ကောင်းသည်ဟုပြောသောအခါ ပြဿနာများ ဖြစ်ပေါ်လာ၏” ဟုကနေဒါ နေရှယ်နယ်လ်ပို့စ် သတင်းစာက ဆိုသည်။ ဤသို့ပြောဆိုခြင်းဖြင့် သားသမီးများ ကိုယ့်ကိုယ်ကိုတန်ဖိုးထားတတ်လာမည်ဟု မိဘအချို့က ယူမှတ်ကြ၏။ သို့သော် စိတ်ပညာရှင် ရော့လ် ဘွတ်မစ်စတာ၏အဆိုအရ “အမှန်တကယ်အောင်မြင်မှုအပေါ် အခြေခံ၍ ကိုယ့်ကိုယ်ကိုတန်ဖိုးထားခြင်းသည် လျော်ကန်၏၊ သို့သော် သားသမီးများ ကိုယ့်ကိုယ်ကိုထိန်းချုပ်နိုင်ရန် မိဘများ ဂရုတစိုက်သွန်သင်ပေးသင့်သည်။”
မိမိ၏ကလေး ခြေလှမ်းမှားနေချိန်တွင် ပြုပြင်တည့်မတ်ပေးရမည်ကို ကြောက်သောမိဘသည် ထိုလူငယ်ကို ထိခိုက်နစ်နာစေရာရောက်သည်။ အမှန်မှာ ပြုပြင်တည့်မတ်ပေးခြင်းသည် သွန်သင်ဆုံးမနည်း တစ်နည်းဖြစ်၏။ ဤနည်းဖြင့် လမ်းမှားနေသော ကလေးတစ်ဦးကို ထပ်ခါတလဲလဲ အမှားမပြုမိစေရန် သွန်သင်ပေးရာရောက်သည်။ မှန်ပါ၏၊ မိဘများသည် ကြမ်းတမ်းပြီး ကျူးလွန်မိသည့်အမှားနှင့်မတန်အောင် ပြုပြင်တည့်မတ်ပေးခြင်းမပြုမိရန် လိုအပ်သည်။ (ယေရမိ ၄၆:၂၈) ပြုပြင်တည့်မတ်ပေးမှုသည် တရားလွန်မဟုတ်ကြောင်း သူတို့ကို သေချာစွာ သိစေသင့်သည်။ သမ္မာကျမ်းစာက ဤသို့ဖော်ပြသည်– “အဘတို့၊ ကိုယ်သားသမီးကို စိတ်ဆိုးစေခြင်းငှာ မပြုကြနှင့်။ ထိုသို့ပြုလျှင် သူတို့သည် အားလျော့စိတ်ပျက်ခြင်းသို့ ရောက်ကြလိမ့်မည်။”—ကောလောသဲ ၃:၂၁။
သမ္မာကျမ်းစာတွင် ပြုပြင်တည့်မတ်ခြင်းကို အမျက်ဒေါသထွက်ပြီး ရက်စက်ကြမ်းတမ်းမှုမရှိဘဲ မေတ္တာ၊ သိမ်မွေ့မှုတို့ဖြင့် အမြဲဆက်စပ်ပေးသည်။ ကျွမ်းကျင်သော ဆုံးမသူသည် “ဖြည်းညင်းစွာပြုသောသူ၊ . . . လိမ္မာသောသူ၊ သည်းခံနိုင်သောသူဖြစ်ရမည်။ ဆီးတားငြင်းခုံသောသူတို့ကို နူးညံ့သိမ်မွေ့ စွာ ဆုံးမရမည်။” (၂ တိမောသေ ၂:၂၄၊ ၂၅) ထို့ကြောင့် ပြုပြင်တည့်မတ်ပေးခြင်းသည် မိဘတို့အတွက် စိတ်ပိုင်းဆိုင်ရာထွက်ပေါက်တစ်ခုမျှသာ မဖြစ်သင့်ချေ။ ကလေးတစ်ဦးကို ကာယရေးအရဖြစ်စေ၊ စိတ်ပိုင်းအရဖြစ်စေ ထိခိုက်နာကျင်စေနိုင်သည့် နည်းလမ်းများ အသုံးပြုခြင်းကို သမ္မာကျမ်းစာက မည်သည့်နည်းနှင့်မျှ မထောက်ခံချေ။
ကမ္ဘာတစ်ဝန်းမှ လူသန်းပေါင်းများစွာတို့သည် ၁၉၂ မျက်နှာရှိသော ဤစာအုပ်မှ အကျိုးရရှိခဲ့ကြပြီ။ ယင်း၏မှတ်သားဖွယ်ရာ အခန်းများထဲတွင် “သင့်ကလေးကို နို့စို့အရွယ်မှစ၍ လေ့ကျင့်ပါ၊” “သင့်ဆယ်ကျော်သက်ကလေးကို ရင့်သန်ဖွံ့ ဖြိုးအောင် ကူညီပါ” စသည်တို့ပါဝင်သည်။ သင့်အတွက် တစ်အုပ်ရဖို့ ဖော်ပြထားသော လိပ်စာ သို့မဟုတ် ဤမဂ္ဂဇင်း၏ စာမျက်နှာ ၅ ပါသင့်လျော်ရာ လိပ်စာတစ်ခုခုသို့ ပူးတွဲပါကူပွန်ကို ကျေးဇူးပြု၍ ဖြည့်စွက်ပြီး စာတိုက်မှတစ်ဆင့် ပေးပို့ပါ။ ပြဿနာများကို ဖြေရှင်းရန်နှင့် ဖန်ဆင်းရှင်ရည်ရွယ်သည့်အတိုင်း မိသားစုဘဝကို ပျော်မွေ့စေရန် သင့်အား အကူအညီပေးနိုင်သည့် သတ်သတ်မှတ်မှတ် အကြံပြုချက်များကို ရရှိပေလိမ့်မည်။
□ မိသားစုပျော်ရွှင်မှု၏ လျှို့ဝှက်ချက် စာအုပ်ကို ကျွန်ုပ်ထံပို့ပေးပါ။
□ အခမဲ့အိမ်တွင်းကျမ်းစာသင်အံမှုအတွက် ကျေးဇူးပြု၍ ကျွန်ုပ်နှင့်ဆက်သွယ်ပါ။