ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • န၀၄ ၄/၈ စာ. ၂၃
  • တာမ်ဘီလီ အုန်းပနီ—အုန်း “ဘုရင်”

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • တာမ်ဘီလီ အုန်းပနီ—အုန်း “ဘုရင်”
  • နိုးလော့!—၂၀၀၄
  • ဆင်တူတဲ့ အကြောင်းအရာ
  • သီရိလင်္ကာဌာနခွဲအပ်နှံပွဲ
    ၂၀၁၅ ယေဟောဝါသက်သေတွေရဲ့ နှစ်ချုပ်စာအုပ်
  • ကွမ်းယာ စားသင့်သလား
    နိုးလော့!—၂၀၁၂
  • ဘဝတစ်လျှောက်လုံး ကြာရှည်သော ပညာရေး
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၄
  • ကြေကွဲရုံမက ယုံကြည်မှုပါပျက်ခဲ့ရ
    နိုးလော့!—၂၀၀၇
နိုးလော့!—၂၀၀၄
န၀၄ ၄/၈ စာ. ၂၃

တာမ်ဘီလီ အုန်းပနီ—အုန်း “ဘုရင်”

သီရိလင်္ကာနိုင်ငံမှ နိုးလော့! စာရေးသူ ပေးပို့သည်

အုန်းဘုရင်အဖြစ် အင်္ဂလိပ်စကားတွင် ရည်ညွှန်းလေ့ရှိသော တာမ်ဘီလီအုန်းပနီသည် အော့ရာန်တီကာအုန်းသီးကို ဆင်န်ဟာလာလူမျိုးတို့ခေါ်သော အမည်ဖြစ်၏။ အော့ရာန်တီကာအုန်းသီးသည် အလွန်တရာဆွဲဆောင်မှုရှိပြီး ခြောက်နှစ်မှ ရှစ်နှစ်အကြာတွင် လိမ္မော်ရင့်ရောင်အသီးများ အခိုင်လိုက် တစ်နှစ်ပတ်လုံးသီးသည်။ အုန်းပနီသည် တစ်ပေခန့်ရှည်ပြီး သုံးပေါင်ခန့်လေးသည်။ ၎င်းကို သီရိလင်္ကာနိုင်ငံ၏ အပူပိုင်းဇုန်ကျွန်းတစ်လျှောက်တွင် မြောက်မြားစွာ တွေ့ရှိနိုင်သည်။ ဆင်န်ဟာလာဘာသာစကားဖြင့် တာမ်ဘီလီစကားလုံးသည် အခွံမာသီးကိုသာမက ထူးခြားထင်ရှားသော ၎င်းအသီး၏လိမ္မော်ရင့်ရောင်ကိုလည်း ရည်ညွှန်းသည်။

သို့သော် အုန်းပနီအရည်ကို မည်သို့သောက်ရသနည်း။ အုန်းပနီနုနုတစ်လုံးကို ခူးပြီးနောက် အခွံထိပ်ကို ခပ်ပါးပါးလှီးဖြတ်၍ အပေါက်ဖောက်ရသည်။ အုန်းပနီရည်ကြည်ကို တစ်လီတာနီးပါးအထိ ရရှိနိုင်သည်။ ၎င်းအုန်းရည်သည် အနံ့အရသာနှင့်ပြည့်စုံ၍ ချိုမြကာ အာဟာရဓာတ်ရှိ၏။ သီရိလင်္ကာလူမျိုးတို့သည် မောပန်း၍ရေဆာနေသော ဧည့်သည်တစ်ဦးကို အုန်းပနီရည်ဖြင့် ဧည့်ဝတ်ပြုလေ့ရှိကြသည်။

သီရိလင်္ကာကျွန်းသို့ သင်,ခရီးထွက်လျှင် နေရာတကာတွင် အုန်းပနီများကို ဈေးပေါပေါဖြင့် ရောင်းချနေသော လမ်းဘေးဆိုင်ငယ်များကို တွေ့ရမည်ဖြစ်သည်။ ရောင်းချသူသည် အခွံထိပ်ကို ကျွမ်းကျင်စွာ လှီးဖြတ်၍ စုပ်တံနှင့် ဗွာလာတို့ကို တပ်ပေးသောအခါ သင်သည် သန့်ရှင်းလတ်ဆတ်အမောပြေစေသော၊ ကျန်းမာရေးနှင့်ညီညွတ်သော အုန်းရည်တစ်ကျိုက် သောက်ရလိမ့်မည်။ အကယ်၍ သင်သည် ဆန်းသစ်တတ်သောဧည့်သည်ဖြစ်လျှင် အုန်းပနီရည်ကို ဒေသခံပုံစံဖြင့် ကြိုးစား၍ မော့သောက်လိုပေမည်၊ သို့သော် သင့်အနေနှင့် လုပ်စမရှိလျှင် သောက်ရသည်ထက် ဖိတ်စင်မှုက ပိုများပေမည်။

အုန်းပနီရည်သောက်ခြင်း၏ ကျန်းမာရေးအကျိုးဆက်များကို သီရိလင်္ကာနိုင်ငံရှိ မည်သူမဆို ကောင်းစွာသိရှိကြသည်။ အုန်းပနီရည်သည် ကိုယ်ခန္ဓာတွင် အပူကင်းစင်စေပြီး အစာခြေစနစ်ကို အားကောင်းစေသည်ဟု ဆိုကြ၏။ ထိုအုန်းရည်တွင် သတ္တုဓာတ်အနည်းငယ်၊ ကစီဓာတ်အချို့၊ အဆီဓာတ်၊ ကယ်လ်ဆီယမ်၊ ဗီတာမင်စီ၊ ဖော့စဖရတ်၊ သံဓာတ်နှင့် ပရိုတင်းအနည်းငယ်ပါဝင်သည်။ ထိုအုန်းရည်တွင် လျှပ်လိုက်ရည်အရောအနှောညီမျှမှုကြောင့် အပူကြောင့်နွမ်းလျနေသူ၊ အစာအိမ်ဆိုင်ရာ ကမောက်ကမဖြစ်ခြင်း သို့မဟုတ် ကာလဝမ်းရောဂါသည်များအတွက် အကောင်းဆုံးအရည်ဓာတ်ပေးသော သောက်သုံးမှုဖြစ်သည်။ ရေသည် သန့်ရှင်းစင်ကြယ်သည်ဟု အမြဲတမ်းအာမ,မခံနိုင်သော်လည်း အုန်းပနီရည်သည် သဘာဝအရည်ဖြစ်ပြီး သင့်အတွက်လည်း ကျန်းမာရေးနှင့်ညီညွတ်သည့် သန့်ရှင်းစင်ကြယ်သော လေလုံပိတ်အရည်ဖြစ်၏။

အကယ်၍ သင်သည် အပူပိုင်းဇုန်သီရိလင်္ကာနိုင်ငံ၏ စိမ်းလန်းစိုပြည်သော ကမ်းခြေများသို့ အလည်အပတ်ရောက်ရှိမည်ဆိုလျှင် အပူပိုင်းဇုန်ဥယျာဉ် သို့မဟုတ် ရွှေကမ်းရိုးတန်းများစွာတွင် အလှဆင်ထားသော အုန်းပနီများ၏ အရောင်အသွေးတောက်ပမှုနှင့် သန့်ရှင်းလတ်ဆတ် ချိုမြမြအုန်းရည်ကို သင်နှစ်ခြိုက်မည်မှာ သေချာပါသည်။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၆)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်များ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ