ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • န၀၄ ၄/၈ စာ. ၂၄
  • အသက်စတင်ဖြစ်ပေါ်ပုံနှင့် ပတ်သက်သော ပြဿနာ

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • အသက်စတင်ဖြစ်ပေါ်ပုံနှင့် ပတ်သက်သော ပြဿနာ
  • နိုးလော့!—၂၀၀၄
နိုးလော့!—၂၀၀၄
န၀၄ ၄/၈ စာ. ၂၄

အသက်စတင်ဖြစ်ပေါ်ပုံနှင့် ပတ်သက်သော ပြဿနာ

ပြင်သစ်နိုင်ငံရှိ ကျောင်းများတွင်ရော မီဒီယာများတွင်ပါ ဆင့်ကဲသီအိုရီသည် ငြင်းဆိုဖွယ်မရှိသောအမှန်တရားအဖြစ် ဖော်ပြလျက်ရှိသည်။ အကျိုးဆက်မှာ လူတို့သည် ဘုရားသခင်ကို ယုံကြည်လျှင်ပင် အသက်စတင်ဖြစ်ပေါ်ပုံနှင့်စပ်လျဉ်း၍ ရှင်းပြနိုင်ဖွယ်ရှိသည့် တစ်ခုတည်းသော အရာမှာ ဆင့်ကဲဖြစ်စဉ်ဖြစ်သည်ဟု ယူမှတ်နေလေ့ရှိသည်။ သို့တိုင် သက်ရှိတို့၏ခက်ခဲရှုပ်ထွေးမှုကို အထူးစိတ်ဝင်စားသူများစွာမူ ဤသီအိုရီကို လက်မခံကြချေ။ ယေဟောဝါသက်သေများ၏ ပြင်သစ်ဌာနခွဲရုံးက အောက်ဖော်ပြပါစာကို ရရှိခဲ့သည်–

“မကြာသေးခင်က စာအုပ်အဟောင်းဆိုင်တစ်ဆိုင်မှာ အသက်—ဤတွင်မည်သို့ရောက်ရှိခဲ့သနည်း။ ဆင့်ကဲဖြစ်စဉ်အားဖြင့်လော၊ ဖန်ဆင်းခြင်းအားဖြင့်လော [လိပ်] လို့ခေါင်းစဉ်တပ်ထားတဲ့ သင်တို့ထုတ်ဝေတဲ့စာအုပ်ကို ကျွန်တော်တွေ့ရှိခဲ့ပါတယ်။ ဒီစာအုပ်လေးဟာ လက်ရှိ တကယ့် ပြဿနာတွေကို တိုက်ရိုက်ဖြေရှင်းပေးထားတယ်ဆိုတာ နားလည်မိတဲ့အတွက် အရမ်းကိုစိတ်ဝင်စားသွားတယ်။ ရူပဗေဒပညာရှင်တစ်ဦးအဖြစ် လေ့ကျင့်ခံခဲ့ရတာကြောင့် ကျွန်တော်ဟာ ‘ဒါဝင်အယူအဆ’ နဲ့ တခြား ‘ဆင့်ကဲသီအိုရီတွေ’ ရဲ့ ရှုပ်ထွေးလှတဲ့ပြဿနာတွေကို နှစ်ပေါင်းများစွာ စိတ်ဝင်စားလာခဲ့တယ်။ အဲဒါတွေက သက်မဲ့ကနေ သက်ရှိအဖြစ်ပြောင်းလဲသွားတာ ဒါမှမဟုတ် သက်မဲ့ကနေ အသက်စတင်လာတာတွေကို ရှင်းပြတယ်လို့ဆိုတယ်။”

သူဆိုတဲ့ “သင်တို့ရဲ့စာအုပ်လေး” ကိုဖတ်ပြီး ဤစာရေးသူက အသက်—ဤတွင်မည်သို့ရောက်ရှိခဲ့သနည်းစာအုပ်ဟာ ခေတ်သစ်သိပ္ပံပညာရှင်တွေ အများအားဖြင့် လက်ခံထားတဲ့ ဆင့်ကဲပေါင်းစပ်သီအိုရီကြောင့် ကြုံတွေ့ရတဲ့ စိတ်ဝမ်းကွဲပြားမှုတွေနဲ့ ဖြေရှင်းလို့မရနိုင်တဲ့ ကွဲလွဲချက်တွေရဲ့အချုပ်ကို စေ့စေ့စပ်စပ်၊ အထောက်အထားနဲ့ တင်ပြထားတယ်။” ထို့နောက် ထပ်ဆင့်အချက်အလက်များကို သူတောင်းဆိုခဲ့သည်။

အသက်—ဤတွင်မည်သို့ရောက်ရှိခဲ့သနည်း။ ဆင့်ကဲဖြစ်စဉ်အားဖြင့်လော၊ ဖန်ဆင်းခြင်းအားဖြင့်လော [လိပ်] စာအုပ်ကို သင်ရလိုပါက ကူပွန်တွင်ဖော်ပြထားသည့်လိပ်စာအတိုင်း သို့မဟုတ် ဤမဂ္ဂဇင်း၏စာမျက်နှာ ၅ တွင်ဖော်ပြထားသည့် သက်ဆိုင်ရာလိပ်စာအတိုင်း ပူးတွဲပါကူပွန်ကိုဖြည့်စွက်ပြီး စာတိုက်ဖြင့်ပေးပို့ပါ။

□ အသက်—ဤတွင်မည်သို့ရောက်ရှိခဲ့သနည်း။ ဆင့်ကဲဖြစ်စဉ်အားဖြင့်လော၊ ဖန်ဆင်းခြင်းအားဖြင့်လော [လိပ်] စာအုပ်တစ်အုပ်ကို ရလိုပါသည်။

□ အခမဲ့ အိမ်တွင်းကျမ်းစာသင်အံမှုနှင့်ပတ်သက်ပြီး ကျေးဇူးပြု၍ ကျွန်ုပ်နှင့်ဆက်သွယ်ပါ။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၆)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်များ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ