ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • န ၅/၀၆ စာ. ၂၄
  • “လက်ထဲကကို မချချင်တော့ဘူး”

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • “လက်ထဲကကို မချချင်တော့ဘူး”
  • နိုးလော့!—၂၀၀၆
နိုးလော့!—၂၀၀၆
န ၅/၀၆ စာ. ၂၄

“လက်ထဲကကို မချချင်တော့ဘူး”

◼ လွန်ခဲ့သောနှစ်က ကမ္ဘာတစ်ဝန်းရှိ ယေဟောဝါသက်သေများ၏ စည်းဝေးကြီးများတွင် ကျမ်းစာအခြေခံသွန်သင်ရာများကို လေ့လာသိရှိနိုင်ရန် ရည်ရွယ်၍ စာမျက်နှာ ၂၂၄ မျက်နှာပါရှိသော ရောင်စုံစာအုပ်သစ်ကို ထုတ်ဝေခဲ့သည်။ ခေါင်းစဉ်မှာ သမ္မာကျမ်းစာ အမှန်တကယ်သွန်သင်ရာမှာ အဘယ်နည်း ဖြစ်သည်။

စာရှုသူတစ်ဦး ဤသို့ရေးသားခဲ့၏– “လက်ထဲကကို မချချင်တော့ဘူး။ ကျွန်မဖတ်ခဲ့သမျှ လေ့လာမှုအထောက်အကူပြုစာအုပ်တွေထဲက အကောင်းဆုံးအချက်တွေကို ဒီစာအုပ်ထဲမှာ စုဆည်းဖော်ပြထားတယ်။”

စာရှုသူနောက်တစ်ဦးက ဤသို့ဆို၏– “စာမျက်နှာတိုင်းက ဆက်ဖတ်ချင်စိတ် ဖြစ်ပေါ်စေတယ်။ အခန်းတိုင်းရဲ့အဆုံးမှာ နောက်အခန်းမှာဆွေးနွေးမယ့် အကြောင်းအရာကို ဖော်ပြထားတာကိုလည်း ကျွန်တော်နှစ်သက်တယ်။ အကြောင်းအရာအတော်များများကို ဖတ်တဲ့အခါ ကျွန်တော်မျက်ရည်လည်မိတယ်။ ဒီစာအုပ်နဲ့ပတ်သက်ပြီး ကျွန်တော် နှစ်သက်တဲ့အရာတွေ များလွန်းလို့ အဲဒါတွေကိုရေးချရမယ်ဆိုရင် စာအုပ်တစ်အုပ် ပြည့်နိုင်တယ်။”

ထို့ပြင် နောက်အမျိုးသားတစ်ဦးကလည်း ဤသို့ရေးသားခဲ့၏– “ဒီစာအုပ်က ဝိညာဉ်ရေးအရ တန်ဖိုးဖြတ်မရနိုင်တဲ့ ရတနာတစ်ပါးဖြစ်တယ်ဆိုတာ လုံးဝမငြင်းနိုင်ဘူး။ တပည့်သစ်တွေကို သွန်သင်ပေးဖို့ အကောင်းဆုံး အထောက်အကူပြုကိရိယာတစ်ခု ဖြစ်မှာပါ။”

သမ္မာကျမ်းစာ အမှန်တကယ်သွန်သင်ရာမှာ အဘယ်နည်း စာအုပ်ကို ယခုအခါ ဘာသာစကားပေါင်း ၁၄၀ ကျော်ဖြင့် ရရှိနိုင်ပြီဖြစ်သည်။ ပူးတွဲပါကူပွန်ကိုဖြည့်ကာ ဖော်ပြထားသည့်လိပ်စာ သို့မဟုတ် ဤမဂ္ဂဇင်း၏စာမျက်နှာ ၅ တွင်ပါသော သင့်လျော်ရာလိပ်စာသို့ စာတိုက်မှပေးပို့ခြင်းဖြင့် စာအုပ်ကို မှာယူနိုင်ပါသည်။

□ သမ္မာကျမ်းစာ အမှန်တကယ်သွန်သင်ရာမှာ အဘယ်နည်း စာအုပ်ကို မေတ္တာလက်ဆောင် ရရှိလိုပါသည်။

□ အခမဲ့အိမ်တွင်းကျမ်းစာသင်အံမှုအတွက် ကျေးဇူးပြု၍ ကျွန်ုပ်နှင့်ဆက်သွယ်ပါ။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၆)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်များ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ