ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • န ၂/၀၈ စာ. ၂၄
  • လူခပ်သိမ်းအတွက် စာအုပ်တစ်အုပ်

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • လူခပ်သိမ်းအတွက် စာအုပ်တစ်အုပ်
  • နိုးလော့!—၂၀၀၈
နိုးလော့!—၂၀၀၈
န ၂/၀၈ စာ. ၂၄

လူခပ်သိမ်းအတွက် စာအုပ်တစ်အုပ်

မည်သည့်စာအုပ်သည် အထက်ပါဖော်ပြချက်နှင့် အမှန်ပင် ကိုက်ညီသည်ဟု သင်ယူဆသနည်း။ အမေရိကန်နိုင်ငံ၊ ကော်လိုရာဒိုပြည်နယ်မှ အမျိုးသမီးတစ်ဦးသည် လူခပ်သိမ်းအတွက် စာအုပ်တစ်အုပ် ဟူ၍ ခေါင်းစဉ်တပ်ထားသော ဘရိုရှာကို လက်ခံရရှိခဲ့သည်။ ယင်းဘရိုရှာတွင် သမ္မာကျမ်းစာ၌ အဘယ်အရာပါရှိကြောင်း၊ ယင်းသည် မျက်မှောက်ခေတ်တွင် လူတိုင်းဖတ်ရှုရန် အရေးကြီးသောစာအုပ်တစ်အုပ် အဘယ်ကြောင့်ဖြစ်ကြောင်း ဖော်ပြထား၏။ အဆိုပါဘရိုရှာအတွက် ကျေးဇူးတင်ကြောင်း စာတိုလေးတစ်စောင်တွင် သူဤသို့ရေးသားဖော်ပြခဲ့သည်–

“အဲဒီဘရိုရှာကို ကျွန်မနှစ်သက်တယ်။ အဲဒါကို ပြီးတဲ့အထိ ဖတ်လိုက်တယ်။ အဲဒါကို မဖတ်ဘဲမနေနိုင်ဘူး။ ဘုရားသခင့်နှုတ်မြွက်စကားတော်မှာပါရှိတဲ့ ပေါ်လွင်ချက်တွေကို တင်ပြထားပြီး သမ္မာကျမ်းစာနဲ့သိပ္ပံပညာ ကိုက်ညီပုံကို ကောင်းကောင်းသဘောပေါက်အောင် ဖော်ပြထားပေးတယ်။ သမ္မာကျမ်းစာကို လူတိုင်းဖတ်ရှုနိုင်အောင် ဘယ်လို ဘာသာပြန်ဆိုခဲ့တဲ့အကြောင်းနဲ့ ဘယ်လိုတည်တံ့ခဲ့တဲ့အကြောင်းကို အဲဒီဘရိုရှာက ပြောပြတယ်။”

အမှန်ပင် သမ္မာကျမ်းစာသည် ရေးခဲ့သမျှသောစာအုပ်များတွင် အထူးခြားဆုံးစာအုပ်ဖြစ်ပြီး သမိုင်းတွင် အခြားမည်သည့်စာအုပ်ထက်မဆို သာ၍များပြားစွာ ထုတ်ဝေခဲ့ရသည်။ သမ္မာကျမ်းစာကို လွန်ခဲ့သောအနှစ် ၂,၀၀၀ ခန့်က ရေးသားပြီးစီးခဲ့သော်လည်း ယင်းသည် သိပ္ပံပညာအရ တိကျမှန်ကန်မှုရှိပြီး ယင်း၏သွန်သင်ချက်များမှာ မျက်မှောက်ခေတ် အသက်ရှင်နေထိုင်မှုအတွက် လက်တွေ့ကျသော လမ်းညွှန်မှုတစ်ခုဖြစ်ပေသည်။

ပူးတွဲပါကူပွန်ကို ဖြည့်စွက်ကာ ကူပွန်တွင်ဖော်ပြထားသည့်လိပ်စာ သို့မဟုတ် ဤမဂ္ဂဇင်း၏ စာမျက်နှာ ၅ တွင်ပါသော သင့်လျော်ရာလိပ်စာသို့ စာတိုက်မှပေးပို့ ၍ ၃၂ မျက်နှာရှိသည့် ဤဘရိုရှာကို သင် မှာယူနိုင်ပါသည်။

□ ဤတွင်ဖော်ပြထားသော ဘရိုရှာကို မေတ္တာလက်ဆောင် ရလိုပါသည်။

□ အခမဲ့ အိမ်တွင်းကျမ်းစာသင်အံမှု ပြုလိုပါသဖြင့် ကျေးဇူးပြု၍ ကျွန်ုပ်နှင့်ဆက်သွယ်ပါ။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၆)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်များ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ