သူတို့မြေ၊ သူတို့ဓလေ့
ဘရာဇီးသို့ အလည်တစ်ခေါက်
အရသာရှိတဲ့ ဖေးဇွာဒါ ဟင်းလျာဟာ ဘရာဇီးလူမျိုးတွေရဲ့ ရိုးရာအစားအစာဖြစ်
အောက်ချင်းငှက်
ဘရာဇီးနိုင်ငံမှာ ဦးဆုံးမှီတင်းနေထိုင်ခဲ့သူတွေကတော့ တောလိုက် မုဆိုးတွေနဲ့ လယ်သမားတွေဖြစ်တယ်။ နောက်ပိုင်း ပေါ်တူဂီနယ်မြေသစ်ရှာဖွေသူတွေနဲ့အတူ ရိုမန်ကက်သလစ်ဘာသာ ပါလာပြီး ခရစ်ယာန်ဘုရားကျောင်း အများကြီးဆောက်ခဲ့ကြတယ်။ တချို့ ဘုရားကျောင်းတွေမှာ ရွှေဆိုင်းကပ်ထားတဲ့ သစ်သားပန်းပုတွေနဲ့ မွမ်းမံထားတယ်။
၁၆ ရာစုအလယ်ကနေ ၁၉ ရာစုအလယ်အတွင်း ဘရာဇီးလယ်ယာ တွေမှာ အလုပ်လုပ်ဖို့အတွက် အာဖရိက,ကနေ ကျွန်လေးသန်းလောက်ကို သင်္ဘောတွေနဲ့ခေါ်လာတယ်။ ရောက်လာတဲ့ အာဖရိကလူမျိုးတွေနဲ့အတူ သူတို့ရဲ့ဝတ်ပြုရေးထုံးစံတွေပါလာပြီး နောက်ဆုံး မာကမ်ဘနဲ့ ကန်ဒွမ်ဘဲလေလိုမျိုး အာဖရိကနဲ့ ဘရာဇီးရိုးရာဘာသာတွေ ပေါင်းစပ်ထားတဲ့ဂိုဏ်းတွေ ဖြစ်လာတော့တယ်။ ဘရာဇီးတွေရဲ့ တေးဂီတ၊ အကနဲ့ အစားအစာတွေမှာ အာဖရိကယဉ်ကျေးမှု လွှမ်းမိုးထားတာကို အထင်အရှားတွေ့ရတယ်။
ရိုးရာအစားအစာဖြစ်တဲ့ ဖေးဇွာဒါ ဟင်းက အသားနဲ့ပဲနက်ကို ရောချက်ထားတာဖြစ်ပြီး ပေါ်တူဂီဟင်းလျာကို အနည်းငယ်ပြောင်းလဲထားတာ ဖြစ်ပါတယ်။ ဒါကို ထမင်း၊ ဂေါ်ဖီတစ်မျိုးနဲ့ တွဲဖက်စားသုံးကြတယ်။ ၁၉ ရာစုနဲ့ ၂၀ ရာစုအတွင်းမှာ ဥရောပ (အဓိကအားဖြင့် ဂျာမနီ၊ အီတလီ၊ ပိုလန်နဲ့ စပိန်)၊ ဂျပန်နဲ့ တခြားနေရာက သန်းနဲ့ချီတဲ့သူတွေဟာ ဘရာဇီးမှာ အခြေချနေထိုင်ဖို့ ပြောင်းရွှေ့လာခဲ့ကြတယ်။
အခု ဘရာဇီးမှာ ယေဟောဝါသက်သေ ၇၅၀,၀၀၀ လောက်ရှိပြီး အသင်းတော် ၁၁,၀၀၀ ကျော်ရှိတယ်။ သက်သေခံတွေဟာ ကျမ်းစာလေ့လာလိုသူ ၈၀၀,၀၀၀ ကျော်ကို ကူညီပေးနေကြတယ်။ ဝတ်ပြုရာခန်းမတွေ ဆောက်လုပ်ဖို့ နယ်လှည့်ဆောက်လုပ်ရေးအဖွဲ့ ၃၁ ဖွဲ့ ရှိတယ်။ အဲဒီအဖွဲ့တွေဟာ နိုင်ငံတစ်ဝန်းလှည့်လည်ပြီး ဒေသခံတွေနဲ့အတူ တစ်နှစ်ကို ဝတ်ပြုရာခန်းမ ၂၅၀ ကနေ ၃၀၀ လောက်ဆောက်လုပ်၊ ပြုပြင်ပေးနေကြတယ်။ ၂၀၀၀ ပြည့်နှစ် မတ်လကစပြီး အခုအထိ ၃,၆၄၇ လုံး ပြီးသွားပြီ။
အမေဇုန်မြစ်ဝှမ်းဟာ ကမ္ဘာ့အကြီးဆုံးမိုးသစ်တော ရှင်သန်ရာနေရာဖြစ်
သင်သိပါသလား
အမေဇုန်မြစ်က မိုင်ပေါင်း ၃,၉၀၀ ကျော်ရှည်လျားပြီး စီးဆင်းတဲ့ရေပမာဏဟာ တခြားဘယ်မြစ်ထက်မဆို ပိုများ