ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • န ၁၁/၁၄ စာ. ၃
  • ကမ္ဘာ့ဖြစ်ရပ်အကဲခတ်

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ကမ္ဘာ့ဖြစ်ရပ်အကဲခတ်
  • နိုးလော့!—၂၀၁၄
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • အီကွေဒေါ
  • ဂျပန်
  • ဇင်ဘာဘွေ
  • ဩစတြေးလျ
  • ဖြေရှင်းနည်းများအတွက် ရှာပုံတော်
    နိုးလော့!—၁၉၉၈
  • အိပ်ချ်အိုင်ဗွီပိုးစစ်ထားသောသွေးသည် စိတ်ချရပါသလော
    နိုးလော့!—၂၀၀၈
  • မိုးသစ်တောပေါ် ကျရောက်သည့် အရိပ်မည်းများ
    နိုးလော့!—၁၉၉၈
  • အေ့ဒ်စ် ရောဂါကုထုံး—အရေးတကြီးလိုအပ်!
    နိုးလော့!—၂၀၀၅
နောက်ထပ် ကြည့်ပါ
နိုးလော့!—၂၀၁၄
န ၁၁/၁၄ စာ. ၃

ကမ္ဘာ့ဖြစ်ရပ်အကဲခတ်

အီကွေဒေါ

အမေဇုန် မိုးသစ်တောရဲ့ ဒေသတစ်ခု

၂၀၀၇ ခုနှစ်မှာ အီကွေဒေါနိုင်ငံဟာ အမေဇုန်မိုးသစ်တောထဲက ၄,၀၀၀ စတုရန်းမိုင်နီးပါးရှိတဲ့နေရာမှာ ရေနံတူးတာတွေမလုပ်ဘဲ မူလအတိုင်း ထိန်းသိမ်းကာကွယ်မယ့် အစီအစဉ်ကို ထုတ်ပြန်ကြေညာခဲ့တယ်။ နိုင်ငံတကာရဲ့ ငွေကြေးထောက်ပံ့မှု မရရှိခဲ့တဲ့အတွက် အဲဒီအစီအစဉ် မဖြစ်မြောက်ခဲ့ဘူး။ အဲဒီအမေဇုန်မိုးသစ်တောနေရာဟာ သက်ရှိမျိုးစိတ်မျိုးကွဲတွေ အများဆုံးရှိတဲ့ ကမ္ဘာ့ဒေသတစ်ခုဖြစ်တယ်။

ဂျပန်

ကျန်းမာရေးဝန်ထမ်းတစ်ဦး ကိုင်ထားတဲ့ သွေးအိတ်

သွေးနမူနာတွေထဲမှာ ရောဂါပိုးရှိမရှိ စစ်ဆေးဖို့ အရမ်းခက်ခဲကြောင်း ဂျပန်သတင်းဌာနက ထုတ်ပြန်တယ်။ ၂၀၁၃ ခုနှစ် မှာထုတ်ပြန်တဲ့ နောက်ဆက်တွဲသတင်းအရ အသက် ၆၀ ကျော် အမျိုးသားတစ်ယောက်ဟာ သွေးသွင်းရာကနေ HIV ရောဂါပိုး ကူးစက်ခံခဲ့ရတယ်။ သွေးလှူတဲ့သူဟာ HIV ရောဂါပိုးရှိနေပြီဖြစ်ပေမဲ့ ရောဂါရှိကြောင်း စစ်လို့မပေါ်သေးတဲ့အချိန်မှာ လှူခဲ့တဲ့သွေးကြောင့် ဖြစ်တယ်။

ဇင်ဘာဘွေ

မြေမြှုပ်မိုင်းကြောင့် ဒုက္ခိတဖြစ်နေတဲ့ ဇင်ဘာဘွေအမျိုးသား

ဇင်ဘာဘွေနိုင်ငံနဲ့ မိုဇမ်ဘစ်နိုင်ငံ နယ်စပ်တစ်လျှောက်မှာ ပြောက်ကျားစစ်တိုက်ခိုက်မှု ရပ်စဲခဲ့တာ နှစ် ၃၀ ကျော်ပြီဖြစ်ပေမဲ့ မြေမြှုပ်မိုင်းတွေကြောင့် လူတွေသေဆုံးဆဲ၊ ဒဏ်ရာရနေဆဲပဲ။ “၁၉၈၀ ပြည့်နှစ်ကနေ အခုအချိန်အထိ လူပေါင်း ၁,၅၀၀ ကျော်၊ ခြံမွေးတိရစ္ဆာန်ပေါင်း ၁၂၀,၀၀၀ ကျော်သေဆုံးခဲ့ပြီး နယ်စပ်နားမှာ နေထိုင်တဲ့ ဇင်ဘာဘွေနိုင်ငံသား ၂,၀၀၀ ဟာ ဒုက္ခိတတွေ ဖြစ်ခဲ့ကြရတယ်” ဆိုပြီး အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီအသင်းက သတင်း ထုတ်ပြန်တယ်။

ဩစတြေးလျ

ကျောခိုင်းနေတဲ့ ဇနီးမောင်နှံကြား ထိုင်နေတဲ့ ခွေးတစ်ကောင်

စစ်တမ်းကောက်ယူမှုတစ်ခုအရ ခွဲနေကြတဲ့ မောင်နှံစုံတွေဟာ သူတို့ရဲ့ အိမ်မွေးတိရစ္ဆာန်တွေကို ကြည့်ရှုစောင့်ရှောက်တဲ့ ကိစ္စနဲ့ အငြင်းပွားမှုတွေ ပိုပိုများလာနေတယ်လို့ သိရတယ်။ အိမ်မွေးတိရစ္ဆာန် နေဖို့နေရာ၊ အကုန်အကျနဲ့ ကိုယ်ရေး ကိုယ်တာ ထိခိုက်မှုတွေကြောင့် အဓိကအငြင်းပွားကြတာဖြစ်တယ်။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ