ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • ti စာ. ၂-၃
  • သင် ယုံကြည်သင့်သလော

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • သင် ယုံကြည်သင့်သလော
  • သုံးပါးပေါင်းတစ်ဆူကို သင်ယုံကြည် သင့်သလော
  • ဆင်တူတဲ့ အကြောင်းအရာ
  • အပိုင်း ၁ - ယေရှုနှင့်ကိုယ်တော်၏တပည့်တော်များသည် သုံးပါးတစ်ဆူအယူဝါဒကို သွန်သင်ခဲ့သလော
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၂
  • ယင်းသည် အမှန်ပင် ကျမ်းစာသွန်သင်ချက်ဖြစ်သလော
    သုံးပါးပေါင်းတစ်ဆူကို သင်ယုံကြည် သင့်သလော
  • ဘုရားသခင်က သုံးပါးတစ်ဆူလား။
    ကျမ်းစာမေးခွန်းများရဲ့ အဖြေ
  • သုံးပါးပေါင်းတစ်ဆူအယူဝါဒ မည်သို့ပေါ်ပေါက်လာသနည်း
    သုံးပါးပေါင်းတစ်ဆူကို သင်ယုံကြည် သင့်သလော
နောက်ထပ် ကြည့်ပါ
သုံးပါးပေါင်းတစ်ဆူကို သင်ယုံကြည် သင့်သလော
ti စာ. ၂-၃

သင် ယုံကြည်သင့်သလော

သုံး ပါးပေါင်းတစ်ဆူကို သင်ယုံကြည်သလော။ ခရစ်ယာန်ဘောင်ရှိ လူအများစုက ယုံကြည်ကြသည်။ ထို့ပြင် ယင်းသည် ရာစုနှစ်များတစ်လျှောက် ချာ့ချ်များ၏ အဓိက အယူဝါဒ ဖြစ်သည်။

ထို့ကြောင့် ယင်းနှင့်ပတ်သက်၍ ဒွိဟဖြစ်စရာအကြောင်းမရှိနိုင်ဟု သင်ယူဆပေမည်။ သို့သော် ရှိပါသည်၊ ထိုအယူဝါဒကို ထောက်ခံသူအချို့ကပင် အငြင်းပွားမှုကို ပို၍ဖြစ်စေခဲ့ကြသည်။

ထိုသို့သောအကြောင်းအရာမျိုးကို အဘယ်ကြောင့် အလေးအနက်စိတ်ဝင်စားသင့်သနည်း။ အကြောင်းမှာ “ထာဝရအသက်ဟူမူကား မှန်သောဘုရားသခင်တစ်ဆူတည်းဖြစ်တော်မူသော ကိုယ်တော်ကိုလည်းကောင်း၊ စေလွှတ်တော်မူသော ယေရှုခရစ်ကိုလည်းကောင်း သိကျွမ်းခြင်းတည်း” ဟုယေရှုကိုယ်တိုင်မိန့်ဆိုခဲ့သောကြောင့်ဖြစ်သည်။ ထို့ကြောင့် ကျွန်ုပ်တို့၏အနာဂတ်သည် ဘုရားသခင်၏ဇာတိတော်အမှန်ကိုသိရှိခြင်းပေါ် မူတည်ပြီး ယင်းက သုံးပါးပေါင်းတစ်ဆူအငြင်းပွားမှု၏ ဇာစ်မြစ်အား သိရှိခြင်းကိုဆိုလိုသည်။ သို့ဖြစ်၍ သင်ကိုယ်တိုင် ဆန်းစစ်ကြည့်ပါလေ။—ယောဟန် ၁၇:၃။

သုံးပါးပေါင်းတစ်ဆူအယူဝါဒ အမျိုးမျိုးရှိ၏။ အများအားဖြင့် ဘုရားသခင်၏ဇာတိတော်တွင် ခမည်းတော်၊ သားတော်၊ သန့်ရှင်းသောဝိညာဉ်တော် ပုဂ္ဂိုလ်သုံးပါးပါဝင်သည်၊ သို့သော် ထိုသုံးပါးပေါင်းပြီး ဘုရားတစ်ဆူဖြစ်သည်။ ထိုအယူဝါဒအရ ထိုသုံးပါးသည် တန်းတူဖြစ်၏၊ အနန္တတန်ခိုးရှင်ဖြစ်၏၊ ဖန်ဆင်းခံရခြင်းမဟုတ်ဘဲ ထာဝစဉ်တည်ရှိ၏။

သို့သော် အခြားသူတို့က သုံးပါးပေါင်းတစ်ဆူအယူဝါဒသည် မှားသည်၊ အနန္တတန်ခိုးရှင်ဘုရားသခင်သည် သီးခြားဖြစ်သော၊ ထာဝစဉ်တည်ရှိသော၊ တန်ခိုးကြီးသောပုဂ္ဂိုလ်အဖြစ် တစ်ပါးတည်းဖြစ်တော်မူသည်ဟုဆိုကြ၏။ ယေရှုသည် လူသားဘဝမတိုင်မီတွင် ကောင်းကင်တမန်များကဲ့သို့ ဘုရားသခင့်ဖန်ဆင်းခြင်းခံရသော သီးခြားနာမ်ဝိညာဉ်ပုဂ္ဂိုလ်တစ်ဦးဖြစ်သောကြောင့် ကိုယ်တော်၌ အစရှိရမည်ဟုဆိုကြသည်။ ယေရှုသည် မည်သည့်နည်းဖြင့်မျှ အနန္တတန်ခိုးရှင်ဘုရားသခင်နှင့် တန်းတူမဖြစ်ခဲ့ဘဲ ဘုရားသခင်၏အလိုတော်ကို အစဉ်လက်အောက်ခံခဲ့ပြီး ယခုတိုင် လက်အောက်ခံနေသည်ဟု သူတို့သွန်သင်ကြသည်။ ထို့ပြင် သန့်ရှင်းသောဝိညာဉ်တော်သည် ပုဂ္ဂိုလ်တစ်ပါးမဟုတ်၊ ဘုရားသခင်၏ တက်ကြွလှုပ်ရှားသောစွမ်းအားဖြစ်သည်ဟု သူတို့ယုံကြည်ကြ၏။

သုံးပါးပေါင်းတစ်ဆူကို ထောက်ခံသူတို့က ထိုအယူဝါဒသည် မိရိုးဖလာဘာသာရေးယုံကြည်ချက်မျှသာမဟုတ်ဘဲ သမ္မာကျမ်းစာတွင်လည်း ပါရှိသည်ဟုဆိုကြ၏။ ထိုအယူဝါဒကိုဝေဖန်သူတို့ကမူ ယင်းသည် ကျမ်းစာသွန်သင်ချက်မဟုတ်ဟု ဆိုကြသည်။ သမိုင်းစာအုပ်တစ်အုပ်က “[သုံးပါးပေါင်းတစ်ဆူ] ၏မူလအစသည် အယူမှားဝါဒီမှဖြစ်သည်” ဟုပင်ဆိုခဲ့သည်။—ကျွန်ုပ်တို့၏ခရစ်ယာန်ဘာသာတရားရှိ အယူမှားဝါဒ။

သုံးပါးပေါင်းတစ်ဆူအယူဝါဒသာ မှန်ကန်ပါက ယေရှုသည် ဘုရားသခင်နှင့်လုံးဝတန်းတူမဟုတ်ဟုဆိုခြင်းသည် ယေရှုကို ရှုတ်ချရာရောက်၏။ သုံးပါးပေါင်းတစ်ဆူအယူဝါဒသာ မှားပါက အနန္တတန်ခိုးရှင်နှင့် တန်းတူညီတူဖြစ်သူရှိသည်ဟု ဆိုခြင်းသည် ဘုရားသခင်ကို ရှုတ်ချရာရောက်၏၊ ပိုဆိုးသည်မှာ မာရိကို “ဘုရားသခင်၏မယ်တော်” ဟုဆိုခြင်းဖြစ်သည်။ သုံးပါးပေါင်းတစ်ဆူအယူဝါဒသာ မှားပါက ကက်သလစ်အယူဝါဒဟူသောစာအုပ်တွင် ဤသို့ဆိုထားသည့်အတိုင်း ပြောဆိုခြင်းက ဘုရားသခင်ကို ဂုဏ်ဖျက်ရာရောက်သည်– “[လူတို့သည်] ထိုယုံကြည်ချက်ကို အပြည့်အဝယုံကြည်သက်ဝင်ခြင်းမရှိ၊ ညစ်နွမ်းစေပါက ထာဝရသေဒဏ်ခံရမည်မှာ မလွဲပေ။ ကက်သလစ်ယုံကြည်ချက်ကား သုံးပါးတစ်ဆူဘုရားကိုသာ ကျွန်ုပ်တို့ကိုးကွယ်ကြသည် ဟူ၍ဖြစ်၏။”

သုံးပါးပေါင်းတစ်ဆူနှင့်ပတ်သက်သော အမှန်တရားကို သင်သိသင့်သည့် ခိုင်လုံသောအကြောင်းရင်းများ ရှိပါသည်။ သို့သော် ထိုအယူဝါဒ၏အရင်းမူလနှင့် မှန်ကန်မှုရှိမရှိတို့ကို မဆန်းစစ်မီ ယင်း၏အနက်အဓိပ္ပာယ်ကို အတိအကျသိထားခြင်းက အထောက်အကူပြုပေမည်။ သုံးပါးပေါင်းတစ်ဆူဟူသည် အမှန်စင်စစ် အဘယ်အရာဖြစ်သနည်း။ ထိုအယူဝါဒကို ထောက်ခံသူများသည် ယင်းကို မည်သို့အနက်ဖွင့်ဆိုရှင်းပြထားသနည်း။

[စာမျက်နှာ ၂ ပါ ရုပ်ပုံ]

ဝဲဘက်– ဘီစီဒုတိယထောင်စုနှစ်မှ အီဂျစ်တို့၏ အမွန်-ရာ၊ ဒုတိယမြောက်ရမ်းစစ်နှင့် မုဘုရားမတို့၏ သုံးပါးပေါင်းတစ်ဆူရုပ်တု။ ယာဘက်– အေဒီဆယ့်လေးရာစုမှ ယေရှုခရစ်၊ ခမည်းတော်၊ သန့်ရှင်းသောဝိညာဉ်တော် သုံးပါးပေါင်းတစ်ဆူရုပ်တု။ ပုဂ္ဂိုလ်သုံးပါးဖြစ်သော်လည်း ခြေထောက်လေးချောင်းသာရှိကြောင်း သတိပြုပါ။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၆)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်များ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ