ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • ba စာ. ၃၀
  • သင့်အတွက် စာအုပ်လော

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • သင့်အတွက် စာအုပ်လော
  • လူခပ်သိမ်းအတွက် စာအုပ်တစ်အုပ်
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • အကျိုးအများဆုံးရနိုင်ပုံ
  • သမ္မာကျမ်းစာကို နေ့စဉ်ဖတ်ရှုခြင်းမှ အကျိုးခံစားခြင်း
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၅
  • သမ္မာကျမ်းစာကို အကျိုးရှိရှိဖတ်ရှုနိုင်ရန် အဆင့်ခုနစ်ဆင့်
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၁၀
  • ဘုရားသခင့်နှုတ်ကပါဌ်တော်ကို ဖတ်ရှုကာ သမ္မာတရားဖြင့် ကိုယ်တော့်အမှုဆောင်လေ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၆
  • ကျမ်းစာက သင့်ဘဝကို တိုးတက်ကောင်းမွန်စေနိုင်သလား
    ပျော်စရာဘဝ ထာဝရ စံစားကြ—ကျမ်းစာကို လေ့လာသင်ယူပါ
နောက်ထပ် ကြည့်ပါ
လူခပ်သိမ်းအတွက် စာအုပ်တစ်အုပ်
ba စာ. ၃၀

သင့်အတွက် စာအုပ်လော

“စာများကိုစီရင်၍မကုန်နိုင်” ဟု လွန်ခဲ့သည့် အနှစ် ၃,၀၀၀ ခန့်က ရှောလမုန်ဖော်ပြခဲ့သည်။ (ဒေသနာ ၁၂:၁၂) ဤရှုမြင်သုံးသပ်ချက်သည် ယခင်ကကဲ့သို့ပင် ယနေ့လည်း သင့်တော်ဆဲရှိသည်။ စံမီဂန္ထဝင်မြောက်စာပေများအပြင် ထောင်နှင့်ချီသော စာအုပ်သစ်များကို နှစ်စဉ်ပုံနှိပ်လျက်ရှိသည်။ စာအုပ်များစွာကို ရွေးချယ်နိုင်လျက်ကယ် ကျမ်းစာကို သင်အဘယ်ကြောင့် ဖတ်သင့်သနည်း။

လူအများသည် အပျော်အတွက်ဖြစ်စေ၊ အသိပညာရလို၍ဖြစ်စေ၊ နှစ်မျိုးစလုံးအတွက်ဖြစ်စေ စာအုပ်များကို ဖတ်ရှုကြပါသည်။ ကျမ်းစာကို ဖတ်ရှုခြင်းသည်လည်း အလားတူပင်ဖြစ်နိုင်ပါသည်။ ယင်းသို့ဖတ်ရှုခြင်းသည် စိတ်ဓာတ်မြှင့်တင်ပေးရုံမက စိတ်ပေါ့ပါးရွှင်မြူးစေနိုင်သည်။ သို့သော် ကျမ်းစာသည် ထို့ထက်မကပါ။ ယင်းသည် သူမတူထူးခြားသော အသိပညာရင်းမြစ်တစ်ခုဖြစ်သည်။—ဒေသနာ ၁၂:၉၊ ၁၀။

လူသားတို့ ရှေးကတည်းက လေးလေးနက်နက်စဉ်းစားခဲ့သည့် ကျွန်ုပ်တို့၏အတိတ်၊ ပစ္စုပ္ပန်၊ အနာဂတ်တို့နှင့်ပတ်သက်သည့် မေးခွန်းများကို ဖြေဆိုပေးသည်။ လူအများတွေးကြသည်မှာ– မိမိတို့အဘယ်မှလာသနည်း။ ဘဝ၏ရည်ရွယ်ချက်ကားအဘယ်နည်း။ ဘဝတွင်ပျော်ရွှင်မှုကို မည်သို့ရနိုင်ပါမည်နည်း။ အသက်သည်ကမ္ဘာပေါ်တွင် အမြဲရှိနေမည်လော။ ကျွန်ုပ်တို့အတွက် အနာဂတ်ကား အသို့နည်း။

သာဓကအားလုံး၏စုပေါင်းအားက ကျမ်းစာသည် တိကျမှန်ကန်ပြီး ကျမ်းစစ်ကျမ်းမှန်ဖြစ်ကြောင်း ဤတွင် ရှင်းရှင်းလင်းလင်းအခိုင်အမာ တင်ပြခဲ့သည်။ ယင်း၏လက်တွေ့ကျသော သွန်သင်စကားသည် ယနေ့အချိန်တွင်ပင် အဓိပ္ပာယ်ရှိပြီး ပျော်ရွှင်သော အသက်တာဖြင့်အသက်ရှင်ရန် ကျွန်ုပ်တို့ကို မည်သို့ထောက်ကူပေးနိုင်ကြောင်း သုံးသပ်ခဲ့ပြီးဖြစ်သည်။ ပစ္စုပ္ပန်နှင့်ပတ်သက်သည့် ယင်း၏အဖြေများက စိတ်ကျေနပ်မှုကိုပေးသောကြောင့် အတိတ်နှင့်ပတ်သက်သည့်အဖြေများနှင့် အနာဂတ်ဆိုင်ရာပရောဖက်ပြုချက်များကို ဂရုတစိုက်အာရုံစိုက်ထိုက်သည်မှာ သေချာပါသည်။

အကျိုးအများဆုံးရနိုင်ပုံ

လူအများသည် ကျမ်းစာကို စတင်ဖတ်ရှုခဲ့ကြသော်လည်း နားလည်ရခက်သည့်အပိုင်းများကို တွေ့ကြသောအခါ ဆက်မဖတ်ကြတော့ပေ။ သင်လည်း အလားတူဖြစ်ခဲ့လျှင် အထောက်အကူဖြစ်မည့်အရာအချို့ရှိပါသည်။

သန့်ရှင်းသောကျမ်းစောင်များ၏ ကမ္ဘာသစ်ဘာသာပြန်ကျမ်း ကဲ့သို့သော ခေတ်သုံးဘာသာစကားသို့ပြန်ဆိုထားသော အားထားနိုင်သည့် ဘာသာပြန်ကျမ်းတစ်ဆူကို ရွေးလိုက်ပါ။a အချို့သူတို့သည် ယေရှု၏ဘဝအသက်တာအကြောင်းပါသည့် ခရစ်ဝင်ကျမ်းမှတ်တမ်းများမှ စတင်ဖတ်ရှုကြသည်။ ထိုတွင် လူ့သဘောသဘာဝကို ကောင်းစွာသိရှိကြောင်း ထင်ဟပ်ပြပြီး ကျွန်ုပ်တို့ဘဝ၏အခြေအနေကို မည်သို့တိုးတက်စေနိုင်ကြောင်း အကြမ်းဖျင်းဖော်ပြသည့် တောင်ပေါ်ဒေသနာမှ ပညာရှိသွန်သင်ချက်များပါဝင်သည်။—မဿဲအခန်းကြီး ၅ မှ ၇ အထိရှု။

ကျမ်းစာကို အစအဆုံးဖတ်ရှုခြင်းအပြင် အကြောင်းအရာအလိုက် လေ့လာနည်းစနစ်သည် အမှန်ပင်အသိပညာကြွယ်စေနိုင်သည်။ ယင်းတွင် အကြောင်းအရာတစ်ခုနှင့်ပတ်သက်ပြီး ကျမ်းစာပြောထားသည့်အချက်ကို ခွဲခြမ်းစိတ်ဖြာလေ့လာခြင်း ပါဝင်သည်။ စိုးလ်၊ ကောင်းကင်၊ မြေကြီး၊ အသက်နှင့်သေခြင်းအပြင် ဘုရားသခင့်နိုင်ငံတော်—ယင်းကားအဘယ်နည်း၊ မည်သို့အကောင်အထည်ဖော်မည်နည်း—အကြောင်းနှင့်ပတ်သက်၍ ကျမ်းစာတွင် အမှန်တကယ်ဖော်ပြထားသည့်အရာကို သင်သိသည့်အခါ အံ့အားသင့်သွားပေမည်။b ယေဟောဝါသက်သေတို့သည် အကြောင်းအရာအလိုက် ကျမ်းစာကို အခမဲ့လေ့လာရန် အစီအစဉ်တစ်ခု ပြုလုပ်ထားပါသည်။ သင်သည် စာမျက်နှာ ၂ တွင် ဖော်ပြထားသည့် သင့်လျော်သောလိပ်စာကို အသုံးပြု၍ ထုတ်ဝေသူများထံသို့ စာရေးစုံစမ်းနိုင်ပါသည်။

လူအများက အထောက်အထားများကို ဆန်းစစ်ပြီးနောက် ကျမ်းစာသည် “ယေဟောဝါ” ဟုကျမ်းစောင်များက ဖော်ပြသောဘုရားသခင်ထံတော်မှဖြစ်ကြောင်း ကောက်ချက်ချခဲ့ကြသည်။ (ဆာလံ ၈၃:၁၈၊ ကဘ) ကျမ်းစာသည် ဘုရားသခင်ထံတော်မှဖြစ်ကြောင်း သင်လက်ခံချင်မှလက်ခံမည်။ သို့သော် အသင်ကိုယ်တိုင် ဆန်းစစ်ကြည့်ပါလေ။ လေ့လာခြင်း၊ တွေးတောဆင်ခြင်ခြင်းအပြင် ကာလအကန့်အသတ်မရှိသောဉာဏ်ပညာ၏ လက်တွေ့ကျတန်ဖိုးကို ကိုယ်တိုင်သိမြင်ပြီးနောက် သမ္မာကျမ်းစာသည် လူအားလုံးအတွက်စာအုပ်၊ ထိုထက်ကား သင့်အတွက်စာအုပ် အမှန်ပင်ဖြစ်ကြောင်း သင်ယူမှတ်လာလိမ့်မည်ဟု ကျွန်ုပ်တို့ယုံကြည်ပါသည်။

[အောက်ခြေမှတ်ချက်များ]

a ကင်းမျှော်စင် သမ္မာကျမ်းစာနှင့်ဝေစာအသင်း၊ နယူးယောက်မြို့မှ ပုံနှိပ်ထုတ်ဝေသည်။

b ကျမ်းစာကို အကြောင်းအရာအလိုက်လေ့လာရာတွင် လူအများကို ထောက်ကူပေးနေပြီဖြစ်သည့် စာအုပ်တစ်အုပ်မှာ ကင်းမျှော်စင် သမ္မာကျမ်းစာနှင့်ဝေစာအသင်း၊ မြန်မာမှ ပုံနှိပ်ထုတ်ဝေသည့် ထာဝရအသက်ရစေသောအသိပညာ စာအုပ်ဖြစ်သည်။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၆)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်များ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ