အပိုင်း ၂
‘တရားခြင်းကိုနှစ်သက်တော်မူ၏’
ယနေ့ ကမ္ဘာပေါ်တွင် မတရားမှု ပျံ့နှံ့လျက်ရှိ၏၊ လူအများက ဘုရားသခင်ကို လွဲမှားစွာ အပြစ်ပုံချကြ၏။ သို့တိုင် သမ္မာကျမ်းစာက ဤစိတ်ကြည်နူးဖွယ် အမှန်တရားကို သွန်သင်ပေးသည်– “ထာဝရဘုရားသည် တရားကိုနှစ်သက်တော်မူ၏။” (ဆာလံ ၃၇:၂၈) ဤအပိုင်းတွင် ထိုစကားများ မှန်ကန်ကြောင်း ကိုယ်တော်သက်သေထူခဲ့ပုံနှင့် လူသားအားလုံးအတွက် မျှော်လင့်ချက် ကမ်းလှမ်းထားပုံတို့ကို ကျွန်ုပ်တို့သိရှိရပေလိမ့်မည်။