အပိုင်း ၄
“ဘုရားသခင်သည် ချစ်ခြင်းမေတ္တာဖြစ်တော်မူ၏”
ယေဟောဝါ၏အရည်အသွေးအားလုံးတို့တွင် မေတ္တာသည် အထင်ရှားဆုံး ဖြစ်၏။ ၎င်းသည် နှစ်သက်ဖွယ်အကောင်းဆုံးလည်းဖြစ်၏။ ဤကျောက်မျက်ရတနာကဲ့သို့သော အရည်အသွေး၏ တင့်တယ်လှပသည့်အသွင်အပြင်အချို့ကို ကျွန်ုပ်တို့သုံးသပ်ကြစဉ် သမ္မာကျမ်းစာက “ဘုရားသခင်သည် ချစ်ခြင်းမေတ္တာဖြစ်တော်မူ၏” ဟု အဘယ်ကြောင့်ဆိုကြောင်း သဘောပေါက်လာကြလိမ့်မည်။—၁ ယောဟန် ၄:၈။