အပိုင်း ၁၄ နိဒါန်း
အစောပိုင်းခရစ်ယာန်တွေဟာ ကမ္ဘာ့အစွန်အဖျားအထိ နိုင်ငံတော်သတင်းကောင်း ဟောခဲ့ကြတယ်။ ဘယ်မှာဟောရမယ်ဆိုတာ ယေရှု ညွှန်ကြားတယ်။ လူတွေရဲ့ မိခင်ဘာသာစကားနဲ့ သွန်သင်ပေးဖို့ အံ့ဖွယ်နည်းနဲ့ စီစဉ်ပေးတယ်။ ယေဟောဝါဟာ သူတို့ကို ရဲစွမ်းသတ္တိရှိဖို့နဲ့ နှိပ်စက်ညှဉ်းပန်းမှုတွေကို ခံရပ်နိုင်ဖို့ ကူညီပေးခဲ့တယ်။
ယေရှုက တမန်တော်ယောဟန်ကို စိတ်အာရုံနဲ့ ယေဟောဝါရဲ့ ဘုန်းတော်ကို မြင်စေတယ်။ ကောင်းကင်နိုင်ငံတော်ဟာ စာတန်နဲ့ သူ့ရဲ့အုပ်ချုပ်မှုကို အနိုင်ရပြီး ထာဝစဉ်ဖယ်ရှားပစ်တာကို နောက်စိတ်အာရုံတစ်ခုမှာ ယောဟန် မြင်ရတယ်။ ဘုရင်ယေရှုနဲ့ တွဲဖက်အုပ်ချုပ်သူ ၁၄၄,၀၀၀ ကိုလည်း သူမြင်တယ်။ ကမ္ဘာတစ်ခုလုံး ပရဒိသုဖြစ်လာပြီး အဲဒီမှာ လူတိုင်း ယေဟောဝါကို ငြိမ်သက်၊ စည်းလုံးစွာ အတူတူဝတ်ပြုနေကြတာကိုလည်း သူမြင်ခဲ့တယ်။