အပိုင်း ၂ နိဒါန်း
ယေဟောဝါဘုရားဟာ ကမ္ဘာကို ဘာလို့ ရေနဲ့လွှမ်းမိုးခဲ့သလဲ။ လူ့သမိုင်းအစမှာ အကောင်းနဲ့အဆိုး တိုက်ပွဲ ဖြစ်ပေါ်လာတယ်။ အာဒံ၊ ဧဝနဲ့ သူတို့သား ကာအိနဟာ အဆိုးကိုလုပ်ဖို့ ရွေးချယ်ခဲ့တယ်။ အာဗေလ၊ နောဧတို့လို လူနည်းနည်းကပဲ ကောင်းတာလုပ်ခဲ့ကြတယ်။ လူတွေဟာ ဆိုးလွန်းလို့ သူတို့ကို ယေဟောဝါ ဖျက်ဆီးခဲ့တယ်။ တို့တွေ လူဆိုးလုပ်မလား၊ လူကောင်းလုပ်မလားဆိုတာ ယေဟောဝါ ကြည့်နေတယ်။ မကောင်းတာတွေကို ယေဟောဝါ အမြဲခွင့်ပြုသွားမှာ မဟုတ်ဘူးဆိုတာ ဒီအပိုင်းမှာ သိသွားမယ်။