ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • lfb သင်ခန်းစာ ၄၀ စာ. ၉၈-စာ. ၉၉ ပိုဒ်. ၂
  • ဒါဝိဒ်နဲ့ ဂေါလျတ်

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ဒါဝိဒ်နဲ့ ဂေါလျတ်
  • ကျမ်းစာကနေ သင်ယူနိုင်တဲ့ သင်ခန်းစာများ
  • ဆင်တူတဲ့ အကြောင်းအရာ
  • ‘ထာဝရဘုရားသည် စစ်မှုကို ပိုင်၏’
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း (လူထုအတွက် စာစောင်)—၂၀၁၆
  • ဒါဝိဒ်နဲ့ ဂေါလျတ်အကြောင်း
    ကျွန်ုပ်၏ ကျမ်းစာပုံပြင်စာအုပ်
  • သတ္တိရှိတဲ့ ဒါဝိဒ်
    ကလေးတွေကို သင်ပေးပါ
  • ဒါဝိဒ် ဘာကြောင့် မကြောက်ရွံ့တာလဲ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၈
နောက်ထပ် ကြည့်ပါ
ကျမ်းစာကနေ သင်ယူနိုင်တဲ့ သင်ခန်းစာများ
lfb သင်ခန်းစာ ၄၀ စာ. ၉၈-စာ. ၉၉ ပိုဒ်. ၂
ဂေါလျတ်ဆီကို ဒါဝိဒ် ကျောက်ခဲတစ်လုံး လွှဲပစ်လိုက်

သင်ခန်းစာ ၄၀

ဒါဝိဒ်နဲ့ ဂေါလျတ်

ယေဟောဝါက ရှမွေလကို ‘ယေရှဲအိမ်ကို သွားပါ။ သူ့သားတစ်ယောက်ဟာ အစ္စရေးဘုရင်ဖြစ်လာမယ်’ လို့ပြောတယ်။ ဒါနဲ့ ရှမွေလလည်း ယေရှဲအိမ်ကို သွားတယ်။ အကြီးဆုံးသားကို တွေ့တဲ့အခါ ‘ဒီလူငယ်ပဲ ဖြစ်ရမယ်’ လို့ ရှမွေလ တွေးလိုက်ပေမဲ့ သူမဟုတ်ဘူးလို့ ယေဟောဝါပြောတယ်။ ‘လူတွေက အပြင်ပန်းကိုပဲ ကြည့်တတ်တယ်။ ငါကတော့ နှလုံးသားကိုကြည့်တယ်’ လို့ ယေဟောဝါပြောတယ်။

ရှမွေလက ဒါဝိဒ်ကို ဘိသိက်ပေး

နောက်ထပ် သား ၆ ယောက်ကို ယေရှဲ ခေါ်လာပြတယ်။ ဒါပေမဲ့ ‘ယေဟောဝါ သူတို့ကို မရွေးဘူး။ တခြားသား ရှိသေးလား’ လို့ ရှမွေလမေးတော့ ယေရှဲက ‘အငယ်ဆုံးသား ဒါဝိဒ် ကျန်သေးတယ်။ သူ သိုးကျောင်းနေတယ်’ လို့ ပြန်ပြောတယ်။ ဒါဝိဒ်ပြန်လာတဲ့အခါ ယေဟောဝါက ရှမွေလကို ‘သူပဲ’ လို့ပြောတဲ့အခါ ရှမွေလက ဒါဝိဒ်ခေါင်းပေါ် ဆီလောင်းပြီး အစ္စရေးဘုရင်အဖြစ် ခန့်အပ်လိုက်တယ်။

ဂေါလျတ်

နှစ်အနည်းငယ်အကြာမှာ အစ္စရေးတွေဟာ လူထွားကြီး စစ်သူရဲ ဂေါလျတ်ပါတဲ့ ဖိလိတိလူတွေနဲ့ စစ်တိုက်ဖို့ စစ်ခင်းတယ်။ ဂေါလျတ်ဟာ အစ္စရေးတွေကို နေ့တိုင်း လှောင်ပြောင်တယ်။ ‘ငါနဲ့ တိုက်မယ့်သူ ထွက်ခဲ့စမ်း။ သူ နိုင်ရင် ငါတို့ ကျွန်ခံမယ်။ ငါနိုင်ရင်တော့ မင်းတို့ကျွန်ခံရမယ်’ လို့ စိန်ခေါ်တယ်။

ဒါဝိဒ်ဟာ အစ္စရေးစစ်တပ်မှာရှိတဲ့ အစ်ကိုတွေဆီ စားစရာယူလာပေးတဲ့အခါ ဂေါလျတ်စကားကို ကြားပြီး ‘ကျွန်တော် သူနဲ့တိုက်မယ်’ လို့ပြောတယ်။ ဘုရင်ရှောလုက ‘မင်းက ချာတိတ်လေးပဲရှိသေးတာ’ လို့ပြောတော့ ‘ယေဟောဝါ ကျွန်တော့်ကို ကူညီမှာပါ’ လို့ပြန်ဖြေတယ်။

ရှောလုက သူ့ရဲ့စစ်ဝတ်တန်ဆာ ပေးဝတ်တော့ ဒါဝိဒ်က ‘ဒီဝတ်စုံနဲ့ အဆင်မပြေနိုင်ဘူး’ လို့ ပြောတယ်။ ဒါဝိဒ်ဟာ သူ့လောက်လွှဲနဲ့ စမ်းချောင်းဘက် ထွက်သွားတယ်။ ကျောက်စရစ်ငါးလုံးကို ကောက်ပြီး လောက်လွှဲအိတ်ထဲ ထည့်လိုက်တယ်။ ပြီးတော့ ဂေါလျတ်ဆီ ပြေးသွားတယ်။ ဂေါလျတ်က ‘လာစမ်း၊ ကောင်လေး။ မင်းရဲ့အသားကို ငှက်တွေ၊ သားရဲတွေ ကျွေးပစ်မယ်’ လို့ ကြိမ်းမောင်းပေမဲ့ ဒါဝိဒ်ကတော့ မကြောက်ဘဲ ဒီလိုပြန်ပြောတယ်– ‘ခင်ဗျားက ဓားတွေ၊ လှံတွေနဲ့ လာပေမဲ့ ကျွန်တော်ကတော့ ယေဟောဝါနာမည်နဲ့ လာတယ်။ ခင်ဗျားက ကျွန်တော်တို့နဲ့တိုက်နေတာ မဟုတ်ဘူး။ ဘုရားကို တိုက်ခိုက်နေတာ။ ယေဟောဝါဟာ ဓားတွေ၊ လှံတွေထက် တန်ခိုးကြီးမှန်း ဒီမှာရှိသူအားလုံး သိစေရမယ်။ ဘုရားက ခင်ဗျားတို့အားလုံးကို ကျွန်တော်တို့လက်ထဲ အပ်မယ်။’

ဒါဝိဒ်ဟာ ကျောက်ခဲတစ်လုံးကို သူ့လောက်လွှဲထဲထည့်ပြီး အရှိန်ပြင်းပြင်းနဲ့ လွှဲပစ်လိုက်တယ်။ ယေဟောဝါရဲ့ အကူအညီနဲ့ ကျောက်ခဲဟာ ဂေါလျတ်ရဲ့ နဖူးတည့်တည့် ထိမှန်သွားတယ်။ လူထွားကြီး လဲကျပြီး သေဆုံးသွားပါလေရော။ ဖိလိတိလူတွေလည်း ထွက်ပြေးကြတော့တယ်။ ဒါဝိဒ်လို ယေဟောဝါကို ယုံကြည်အားကိုးပါသလား။

“လူတွေအတွက် ဒါဟာ မဖြစ်နိုင်တဲ့အရာပဲ။ ဘုရားအတွက်တော့ အဲဒီလို မဟုတ်ဘူး။ ဘုရားသခင်အတွက် အရာအားလုံး ဖြစ်နိုင်တယ်။” —မာကု ၁၀:၂၇

မေးခွန်း– ယေဟောဝါက အစ္စရေးတွေရဲ့ ဘုရင်အဖြစ် ဘယ်သူ့ကို ထပ်ရွေးလိုက်သလဲ။ ဒါဝိဒ်က ဂေါလျတ်ကို ဘယ်လိုအနိုင်ရခဲ့သလဲ။

၁ ရှမွေလ ၁၆:၁-၁၃။ ၁၇:၁-၅၄

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်များ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ