ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • lfb သင်ခန်းစာ ၅ စာ. ၁၈-စာ. ၁၉ ပိုဒ်. ၅
  • နောဧသင်္ဘော

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • နောဧသင်္ဘော
  • ကျမ်းစာကနေ သင်ယူနိုင်တဲ့ သင်ခန်းစာများ
  • ဆင်တူတဲ့ အကြောင်းအရာ
  • နောဧသင်္ဘောတစ်ခု ဆောက်တဲ့အကြောင်း
    ကျွန်ုပ်၏ ကျမ်းစာပုံပြင်စာအုပ်
  • ရေလွှမ်းမိုးဘေး သတိပေးချက်ကို ဘယ်သူတွေ နားထောင်ပြီး ဘယ်သူတွေ နားမထောင်ခဲ့ကြသလဲ
    ဘုရားသခင့်စကား နားထောင်ကာ ထာဝစဉ်အသက်ရှင်ပါ
  • ‘စစ်မှန်သောဘုရားသခင်နှင့်အတူ သွားလာသူ’
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၁၃
  • “ဘုရားသခင့်လမ်းစဉ်အတိုင်း လျှောက်လှမ်းသူ”
    သူတို့ရဲ့ယုံကြည်ခြင်းကို တုပပါ
နောက်ထပ် ကြည့်ပါ
ကျမ်းစာကနေ သင်ယူနိုင်တဲ့ သင်ခန်းစာများ
lfb သင်ခန်းစာ ၅ စာ. ၁၈-စာ. ၁၉ ပိုဒ်. ၅
နောဧနဲ့ သူ့မိသားစုက သင်္ဘောကိုဆောက်တယ်

သင်ခန်းစာ ၅

နောဧသင်္ဘော

နောက်ပိုင်း၊ ကမ္ဘာမြေကြီးပေါ်မှာ လူတွေ အများကြီး ရှိလာတယ်။ လူအများစုက ဆိုးတယ်။ ကောင်းကင်တမန် တချို့တောင် ဆိုးလာတယ်။ သူတို့နေတဲ့ ကောင်းကင်ကနေ မြေကြီးပေါ် ဆင်းလာကြတယ်။ ဘာကြောင့်လဲ သိလား။ လူယောင်ဆောင်ပြီး မိန်းမတွေ ယူဖို့ဖြစ်တယ်။

ကောင်းကင်တမန်တွေက မိန်းမတွေယူပြီး သားတွေ မွေးလာတယ်။ အဲဒီသားတွေဟာ အရမ်းထွားကြိုင်း သန်မာပြီး လူတွေကို ဗိုလ်ကျတယ်၊ ဒုက္ခပေးတယ်။ ယေဟောဝါက ဒါကို ဆက်ခွင့်မပြုနိုင်လို့ လူဆိုးတွေကို ရေလွှမ်းမိုးပြီး ဖျက်ဆီးပစ်ဖို့ ဆုံးဖြတ်တယ်။

နောဧနဲ့ သူ့မိသားစုက သင်္ဘောကိုဆောက်ပြီး အစားအစာတွေ ပြင်ဆင်ကြတယ်

လူတစ်ယောက်ကတော့ အဲဒီလူဆိုးတွေနဲ့ မတူဘူး။ ယေဟောဝါကို ချစ်တယ်။ သူ့နာမည်က နောဧတဲ့။ သူ့မှာ မိန်းမနဲ့ သားသုံးယောက်ရှိတယ်။ သားတွေဖြစ်တဲ့ ရှေမ၊ ဟာမ၊ ယာဖက်တို့မှာလည်း မိန်းမ ရှိတယ်။ ယေဟောဝါက နောဧကို သင်္ဘောအကြီးကြီးတစ်စင်း ဆောက်ခိုင်းတယ်။ အဲဒီသင်္ဘောက သေတ္တာကြီးနဲ့တူပြီး ရေပေါ်,ပေါ်နိုင်တယ်။ ဒါမှလည်း သူတို့မိသားစုဟာ ရေလွှမ်းမိုးဘေးမှာ မသေဘဲ အသက်ဆက်ရှင်နိုင်မှာ။ သင်္ဘောကြီးထဲ တိရစ္ဆာန်တွေကိုလည်း သွင်းခိုင်းတယ်။

နောဧက သင်္ဘောကို ချက်ချင်း စဆောက်တယ်။ နောဧမိသားစု သင်္ဘောဆောက်တာ အနှစ် ၅၀ လောက်ကြာတယ်။ ယေဟောဝါပြောတဲ့ပုံစံအတိုင်း အတိအကျ ဆောက်ကြတာ။ ဆောက်နေရင်းလည်း ရေလွှမ်းမိုးမယ့်အကြောင်း လူတွေကို နောဧ သတိပေးတယ်။ တစ်ယောက်မှ နားမထောင်ကြဘူး။

နောက်ဆုံး၊ သင်္ဘောထဲ ဝင်ရမယ့်အချိန် ရောက်လာပြီ။ ဘာဆက်ဖြစ်သလဲဆိုတာ ကြည့်ရအောင်။

“နောဧလက်ထက်မှာ ဖြစ်သလို လူသား ရောက်ရှိနေချိန်မှာ ဖြစ်လိမ့်မယ်။” —မဿဲ ၂၄:၃၇

မေးခွန်း– ယေဟောဝါက ရေလွှမ်းမိုးဘေးကို ဘာကြောင့်ဖြစ်စေတာလဲ။ နောဧကို ဘာညွှန်ကြားချက်တွေ ပေးခဲ့သလဲ။

ကမ္ဘာဦး ၆:၁-၂၂။ မဿဲ ၂၄:၃၇-၄၁။ ၂ ပေတရု ၂:၅။ ယုဒ ၆

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ