ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • rr စာ. ၁၆၆
  • ၁၅က ပြည့်တန်ဆာ ညီအစ်မများ

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ၁၅က ပြည့်တန်ဆာ ညီအစ်မများ
  • ယေဟောဝါရဲ့ စင်ကြယ်တဲ့ ဝတ်ပြုကိုးကွယ်မှု ပြန်လည်တည်ထောင်ပြီ
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • အမည်ခံခရစ်ယာန်ဘာသာကို ပုံဆောင်သလား
  • ရှင်းလင်းချက် အနှစ်ချုပ်
    ယေဟောဝါရဲ့ စင်ကြယ်တဲ့ ဝတ်ပြုကိုးကွယ်မှု ပြန်လည်တည်ထောင်ပြီ
  • “မင်း ပြည့်တန်ဆာလုပ်နေတာကို ငါရပ်တန်းက ရပ်စေမယ်”
    ယေဟောဝါရဲ့ စင်ကြယ်တဲ့ ဝတ်ပြုကိုးကွယ်မှု ပြန်လည်တည်ထောင်ပြီ
  • ၁၆က ဂျေရုဆလင်မြို့ဟာ အမည်ခံခရစ်ယာန်ဘာသာကို တင်စားသလား
    ယေဟောဝါရဲ့ စင်ကြယ်တဲ့ ဝတ်ပြုကိုးကွယ်မှု ပြန်လည်တည်ထောင်ပြီ
  • ခရစ်ယာန်ဘောင်သည် ဘုရားသခင်နှင့်သမ္မာကျမ်းစာကို တလွဲယူမှတ်စေ
    ဘဝ ရည်ရွယ်ချက်ကား အဘယ်နည်း ယင်းကိုသင်မည်သို့ရှာတွေ့နိုင်သနည်း
နောက်ထပ် ကြည့်ပါ
ယေဟောဝါရဲ့ စင်ကြယ်တဲ့ ဝတ်ပြုကိုးကွယ်မှု ပြန်လည်တည်ထောင်ပြီ
rr စာ. ၁၆၆
ပြည့်တန်ဆာ ညီအစ်မ အဟောလနဲ့ အဟောလိဗ

သွန်သင်ခြင်း လေးထောင့်ကွက် ၁၅က

ပြည့်တန်ဆာ ညီအစ်မများ

သစ္စာမဲ့မှုကြောင့် ဘုရားလူမျိုး ပြင်းပြင်းထန်ထန် ပြစ်ဒဏ်စီရင်ခံရတဲ့အကြောင်း ယေဇကျေလကျမ်း အခန်းကြီး ၂၃ မှာ တွေ့ရတယ်။ အခန်းကြီး ၁၆ နဲ့ ၂၃ မှာ ဆင်တူချက် အတော်များများ ရှိတယ်။ အခန်းကြီး ၂၃ မှာလည်း ပြည့်တန်ဆာအကြောင်း ပုံဥပမာ သုံးထားတယ်။ ဂျေရုဆလင်က ညီမ၊ ရှမာရိက အစ်မ ဖြစ်တယ်။ ညီမက ပြည့်တန်ဆာအစ်မရဲ့ လမ်းစဉ်လိုက်ခဲ့ပုံအကြောင်း၊ ပိုအကျင့်ပျက်ဆိုးသွမ်းကြောင်း အခန်းကြီး နှစ်ခန်းစလုံးက ဖော်ပြတယ်။ အခန်းကြီး ၂၃ မှာ အစ်မကို အဟောလ၊ ညီမကို အဟောလိဗ ဆိုပြီး ယေဟောဝါ နာမည်ပေးတယ်။ အဟောလဆိုတာ အစ္စရေးဆယ်နွယ်နိုင်ငံမြို့တော် ရှမာရိ၊ အဟောလိဗဆိုတာ ယုဒမြို့တော် ဂျေရုဆလင် ဖြစ်တယ်။a—ယေဇ. ၂၃:၁-၄။

အခန်းကြီးနှစ်ခန်းမှာ နောက်ထပ် ဆင်တူချက်တွေ ရှိသေးတယ်။ အထင်ရှားဆုံးကတော့ ပြည့်တန်ဆာတွေဟာ ကနဦးတုန်းက ယေဟောဝါရဲ့ ဇနီးတွေ ဖြစ်တယ်။ နောက်ပိုင်း ဘုရားကို သစ္စာဖောက်ကြတယ်။ ဒီအခန်းကြီးတွေမှာ မျှော်လင့်ခြင်း ကတိတော်လည်း ပါတယ်။ အခန်းကြီး ၂၃ မှာ ပြန်ရွေးယူခြင်းအကြောင်း မျှော်လင့်ချက် အတိအကျ မပေးထားပေမဲ့ “ညစ်ညမ်းတဲ့ အကျင့်တွေ၊ ပြည့်တန်ဆာ လုပ်တာတွေကို ငါအဆုံးတိုင်စေမယ်” လို့ ယေဟောဝါ မိန့်ဆိုတဲ့အခါမှာတော့ အခန်းကြီး ၁၆ နဲ့ ဆင်တူတယ်။—ယေဇ. ၁၆:၁၆၊ ၂၀၊ ၂၁၊ ၃၇၊ ၃၈၊ ၄၁၊ ၄၂။ ၂၃:၄၊ ၁၁၊ ၂၂၊ ၂၃၊ ၂၇၊ ၃၇။

အမည်ခံခရစ်ယာန်ဘာသာကို ပုံဆောင်သလား

အဟောလနဲ့ အဟောလိဗ ညီအစ်မနှစ်ယောက်ဟာ ကက်သလစ်နဲ့ ပရိုတက်စတင့် အဖြစ် ယုံကြည်ချက် ကွဲပြားနေတဲ့ အမည်ခံခရစ်ယာန်ဘာသာကို ပုံဆောင်တယ်လို့ အရင်က ကျွန်တော်တို့ရဲ့ စာပေတွေမှာ ဖော်ပြခဲ့တယ်။ ဒါပေမဲ့ ဆုတောင်းပြီး ထပ်ဆင့် ရှာဖွေလေ့လာတဲ့အခါ မေးခွန်းတချို့ ပေါ်လာတယ်။ အမည်ခံခရစ်ယာန်ဘာသာဟာ ယေဟောဝါရဲ့ ဇနီး ဖြစ်ခဲ့ဖူးသလား။ ဘုရားနဲ့ ပဋိညာဉ် ဖွဲ့ဖူးသလား။ မဖြစ်ခဲ့ဖူးဘူး။ မဖွဲ့ခဲ့ဖူးဘူး။ ပုံဆောင်အစ္စရေးလူမျိုးနဲ့ ယေရှု “ပဋိညာဉ်သစ်” ဖွဲ့ချိန်မှာ အမည်ခံခရစ်ယာန်ဘာသာ ရှိတောင် မရှိသေးဘူး။ အမည်ခံခရစ်ယာန်ဘာသာဟာ ဘိသိက်ခံခရစ်ယာန်တွေနဲ့ ဖွဲ့စည်းထားတဲ့ ဘုရားသခင့်လူမျိုးအဝင်လည်း မဖြစ်ခဲ့ဖူးဘူး။ (ယေ. ၃၁:၃၁။ လု. ၂၂:၂၀) တမန်တော်တွေ သေဆုံးပြီး အတော်ကြာတဲ့အထိ အမည်ခံခရစ်ယာန်ဘာသာ မပေါ်သေးဘူး။ အေဒီ လေးရာစုရောက်မှ ခရစ်ယာန်အတုအယောင်တွေနဲ့ ဖွဲ့စည်းထားတဲ့၊ အယူဖောက်ပြန်ယိုယွင်းတဲ့ အဖွဲ့အစည်းအဖြစ် ပေါ်ပေါက်လာတယ်။ သူတို့ဟာ ဂျုံပင်နဲ့ ပေါင်းပင်အကြောင်း ယေရှုရဲ့ ပရောဖက်ပြုချက်မှာ ပါတဲ့ “ပေါင်းပင်” တွေ ဖြစ်တယ်။—မ. ၁၃:၂၄-၃၀။

နောက်တစ်ချက်ကတော့ သစ္စာမဲ့ဂျေရုဆလင်နဲ့ ရှမာရိကို ပြန်ရွေးနုတ်မယ်ဆိုတဲ့ မျှော်လင့်ချက် ယေဟောဝါ ပေးခဲ့တယ်။ (ယေဇ. ၁၆:၄၁၊ ၄၂၊ ၅၃-၅၅) အမည်ခံခရစ်ယာန်ဘာသာအတွက် အလားတူ မျှော်လင့်ချက်မျိုး ကျမ်းစာမှာ ပါသလား။ မပါဘူး။ မဟာဗာဗုလုန်ရဲ့ ကျန်အစိတ်အပိုင်းတွေလိုပဲ အမည်ခံခရစ်ယာန်ဘာသာမှာလည်း မျှော်လင့်ချက် မရှိဘူး။

ဒါကြောင့် အဟောလနဲ့ အဟောလိဗတို့ဟာ အမည်ခံခရစ်ယာန်ဘာသာကို ကိုယ်စားမပြုပါဘူး။ ဒါပေမဲ့ ဘုရားနာမတော်၊ စင်ကြယ်တဲ့ ဝတ်ပြုကိုးကွယ်မှုအတွက် စံနှုန်းတွေအကြောင်း တလွဲဖော်ပြနေသူတွေနဲ့ပတ်သက်တဲ့ ယေဟောဝါရဲ့ ခံစားချက်ကို နားလည်ဖို့ ကူညီပေးတယ်။ အမည်ခံခရစ်ယာန်ဘာသာများစွာဟာ ဘုရားသခင်ကို ကိုယ်စားပြုပါတယ်လို့ ဆိုကြတဲ့အတွက် တကယ် အပြစ်ကြီးတယ်။ ယေဟောဝါရဲ့ ချစ်သား ယေရှုခရစ်ဟာ သူတို့ရဲ့ ခေါင်းဆောင် ဖြစ်ပါတယ် ဆိုပြီးလည်း ပြောကြတယ်။ ဒါပေမဲ့ အမည်ခံခရစ်ယာန်ဘာသာက ယေရှုကို သုံးပါးပေါင်းတစ်ဆူရဲ့ အစိတ်အပိုင်းအဖြစ် ဖော်ပြခြင်း၊ ‘ဒီလောကနဲ့ ဘာမှ မပတ်သက်ရဘူး’ ဆိုတဲ့ ရှင်းလင်းပြတ်သားတဲ့ မိန့်မှာချက်ကို မနာခံခြင်းအားဖြင့် အပြောနဲ့ အလုပ် မညီကြဘူး။ (ယော. ၁၅:၁၉) ရုပ်တုကိုးကွယ်ခြင်း၊ နိုင်ငံရေး အရှုပ်အထွေးတွေမှာ မပြတ် ပါဝင်ခြင်းအားဖြင့် အမည်ခံခရစ်ယာန်ဘာသာဟာ “ပြည့်တန်ဆာကြီး” ရဲ့ အစိတ်အပိုင်း ဖြစ်ကြောင်း သက်သေထူတယ်။ (ဗျာ. ၁၇:၁) မှားယွင်းတဲ့ ကမ္ဘာ့ဘာသာရေး အင်ပါယာ ဖျက်ဆီးခံရတဲ့အခါ အမည်ခံခရစ်ယာန်ဘာသာလည်း ဖျက်ဆီးခံရမှာ သေချာတယ်။

အခန်း ၁၅၊ စာပိုဒ် ၁၆၊ ၁၇ ကို ပြန်သွားပါ

a နာမည်တွေက ထူးခြားတယ်။ အဟောလဆိုတာ “သူ့ရဲ့ (ဝတ်ပြုရာ) တဲ” လို့ ဆိုလိုတယ်။ ဂျေရုဆလင်မြို့ရှိ ယေဟောဝါရဲ့ ဗိမာန်တော်ကို အသုံးပြုမယ့်အစား ကိုယ်ပိုင် ဝတ်ပြုရာနေရာ တည်ဆောက်ခြင်းကို ရည်ရွယ်ပြီး ပြောတာ ထင်ရှားတယ်။ အဟောလိဗဆိုတာ “သူ့ဆီမှာ ငါ့ (ဝတ်ပြုရာ) တဲ ရှိတယ်” လို့ ဆိုလိုတယ်။ ဂျေရုဆလင်ဟာ ယေဟောဝါရဲ့ ဝတ်ပြုရာအိမ်တော် တည်ရာမြို့ ဖြစ်တယ်။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ