ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • lff သင်ခန်းစာ ၅၃
  • ယေဟောဝါနှစ်သက်တဲ့ အပန်းဖြေမှုကို ရွေးချယ်ပါ

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ယေဟောဝါနှစ်သက်တဲ့ အပန်းဖြေမှုကို ရွေးချယ်ပါ
  • ပျော်စရာဘဝ ထာဝရ စံစားကြ—ကျမ်းစာကို လေ့လာသင်ယူပါ
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • ရှာဖွေလေ တွေ့ရှိလေ
  • အနှစ်ချုပ်
  • လေ့လာစရာ ထပ်ဖွေရှာ
  • ဖျော်ဖြေမှု ရွေးချယ်နိုင်ပုံ
    ဘုရားမေတ္တာတော် ခံစားနေနိုင်ပုံ
  • အကျိုးပြုတဲ့ ဖျော်ဖြေမှုကို ရွေးချယ်နိုင်ပုံ
    ‘ဘုရားသခင့်မေတ္တာ ခံစားရစေမယ့်အရာတွေကို အမြဲလုပ်ဆောင်ပါ’
  • အပန်းဖြေမှုကို ပညာရှိရှိ ရွေးချယ်ပါ
    ခရစ်ယာန်အသက်တာနဲ့ အမှုဆောင်လုပ်ငန်း—လေ့ကျင့်ခန်းစာစောင်—၂၀၁၉
  • ဖျော်ဖြေခြင်း—အကျိုးကျေးဇူးများကိုပျော်မွေ့ကျော့ကွင်းများကိုရှောင်
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၂
နောက်ထပ် ကြည့်ပါ
ပျော်စရာဘဝ ထာဝရ စံစားကြ—ကျမ်းစာကို လေ့လာသင်ယူပါ
lff သင်ခန်းစာ ၅၃
သင်ခန်းစာ ၅၃။ ဖခင်၊ မိခင်၊ သမီးငယ်တို့ တီဗီကြည့်ရင်း ပေါက်ပေါက်ဆုပ် စားနေကြ။

သင်ခန်းစာ ၅၃

ယေဟောဝါနှစ်သက်တဲ့ အပန်းဖြေမှုကို ရွေးချယ်ပါ

ပုံနှိပ်စာပေ
ပုံနှိပ်စာပေ
ပုံနှိပ်စာပေ

ယေဟောဝါဟာ “ပျော်ရွှင်တဲ့ ဘုရားသခင်” ဖြစ်တယ်။ (၁ တိမောသေ ၁:၁၁) ဘုရားက ကျွန်တော်တို့ကို ပျော်ရွှင်စေချင်တယ်။ ဘဝကို ပျော်မွေ့စေချင်တယ်။ အလုပ်နားပြီး အပန်းဖြေတာကိုလည်း လိုလားတယ်။ ကိုယ်တိုင် ပျော်ရွှင်ကျေနပ်ရုံမက ယေဟောဝါလည်း နှစ်သက်တဲ့ အပန်းဖြေမှုကို ရွေးချယ်နိုင်ပုံအကြောင်း ဒီသင်ခန်းစာမှာ လေ့လာကြပါမယ်။

၁။ အပန်းဖြေမှု ရွေးချယ်တဲ့အခါ ဘာကို ထည့်စဉ်းစားသင့်သလဲ။

အားလပ်ချိန်တွေမှာ ဘာလုပ်ချင်သလဲ။ တချို့က အိမ်မှာ အေးအေးဆေးဆေး စာဖတ်တယ်၊ သီချင်းနားထောင်တယ်၊ ရုပ်ရှင်ကြည့်တယ်၊ အင်တာနက်ကြည့်တယ်။ တချို့ကျတော့ သူငယ်ချင်းတွေနဲ့အတူ အပျော်ခရီး ထွက်တာ၊ ရေကူးတာ၊ ကစားတာကို ကြိုက်ကြတယ်။ ဘယ်လိုပဲဖြစ်ပါစေ ကိုယ်ရွေးချယ်တဲ့ အပန်းဖြေမှုက “ဘုရားသခင် လက်ခံတဲ့အရာ” ဖြစ်ဖို့ လိုတယ်။ (ဧဖက် ၅:၁၀) ဘာကြောင့်လဲဆိုတော့ လူကြိုက်များတဲ့ အပန်းဖြေမှုတွေမှာ ယေဟောဝါမုန်းတဲ့ အကြမ်းဖက်တာ၊ လိင်အကျင့်ယိုယွင်းတာ၊ နတ်ဆိုးပညာတွေ ပါဝင်နေလို့ပါ။ (ဆာလံ ၁၁:၅ ကို ဖတ်ပါ။) အပန်းဖြေမှုကို ပညာရှိရှိ ရွေးချယ်နိုင်ဖို့ ဘာက ကူညီပေးမလဲ။

ယေဟောဝါကို ချစ်တဲ့သူတွေနဲ့ ပေါင်းမယ်ဆိုရင် ကိုယ်တိုင် ကောင်းကျိုးရနိုင်သလို အပန်းဖြေမှု ရွေးချယ်ရာမှာလည်း အကျိုးရှိစေတယ်။ ပြီးခဲ့တဲ့ သင်ခန်းစာမှာ လေ့လာခဲ့တဲ့အတိုင်း “ဉာဏ်ပညာရှိသူနဲ့ ပေါင်းဖော်ရင် ဉာဏ်ပညာရှိလာမယ်။” ဘုရားစံနှုန်း မလိုက်နာသူတွေနဲ့ ပေါင်းနေရင်တော့ “ဒုက္ခလှလှ တွေ့လိမ့်မယ်။”​—ပညာအလိမ္မာ ၁၃:၂၀။

၂။ အပန်းဖြေချိန်ကို ကန့်သတ်ထားဖို့ ဘာကြောင့် အရေးကြီးသလဲ။

ကောင်းတဲ့အပန်းဖြေမှု ဖြစ်နေရင်တောင် အချိန်အများကြီး မပေးမိဖို့ သတိထားရမယ်။ ဒီလိုမှမဟုတ်ရင် ပိုအရေးကြီးတဲ့ လုပ်ဆောင်မှုတွေအတွက် အချိန်မလောက်ဘဲ ဖြစ်သွားနိုင်တယ်။ “အချိန်ကို အကျိုးရှိရှိ အသုံးချကြပါ” လို့ ကျမ်းစာ အားပေးတယ်။​—ဧဖက် ၅:​၁၅၊ ၁၆ ကို ဖတ်ပါ။

ရှာဖွေလေ တွေ့ရှိလေ

အပန်းဖြေမှုနဲ့ပတ်သက်ပြီး ဆုံးဖြတ်ချက်ကောင်း ချနိုင်ပုံကို လေ့လာပါ။

၃။ အကျိုးမရှိတဲ့ အပန်းဖြေမှုကို ရှောင်ပါ

အပန်းဖြေမှုကို ဘာကြောင့် ဂရုတစိုက် ရွေးချယ်သင့်သလဲ။ ဗီဒီယို ဖွင့်ပါ။ ပြီးတဲ့နောက် အောက်ပါမေးခွန်းတွေကို သုံးသပ်ပါ။

ဗီဒီယို။ ဘယ်လိုဖျော်ဖြေရေးကို ငါရွေးချယ်သင့်သလဲ (၄:၃၉)

  • ရှေးခေတ် ရောမတွေရဲ့ သတ်ပုတ်ဖျော်ဖြေပွဲတွေဟာ အခုခေတ် အပန်းဖြေမှုတွေနဲ့ ဘယ်လို ဆင်တူသလဲ။

  • ဒီဗီဒီယိုမှာ အပန်းဖြေမှုနဲ့ပတ်သက်ပြီး ဒန်နီ ဘာသိလာသလဲ။

ရောမ ၁၂:၉ ကို ဖတ်ပါ။ ပြီးတဲ့နောက် ဒီမေးခွန်းကို သုံးသပ်ပါ။

  • အပန်းဖြေမှု ရွေးချယ်ရာမှာ ဒီကျမ်းပိုဒ်က ဘယ်လို ကူညီပေးနိုင်သလဲ။

ယေဟောဝါ မုန်းတဲ့အရာတချို့က ဘာတွေလဲ။ ပညာအလိမ္မာ ၆:၁၆၊ ၁၇ နဲ့ ဂလာတိ ၅:၁၉-၂၁ တို့ကို ဖတ်ပါ။ ကျမ်းတစ်ပိုဒ်စီကို ဖတ်ပြီးနောက် ဒီမေးခွန်းကို သုံးသပ်ပါ။

  • ဒီကျမ်းပိုဒ်တွေထဲက ဘယ်အချက်တွေကို အခုခေတ် အပန်းဖြေမှုတွေမှာ တွေ့နေရသလဲ။

အပန်းဖြေမှုကို ပညာရှိရှိ ရွေးချယ်နိုင်ပုံ

ကိုယ့်ကိုယ်ကိုယ် မေးကြည့်ပါ။

  • ဘာတွေပါသလဲ။ ဒီအပန်းဖြေမှုမှာ ယေဟောဝါ မုန်းတဲ့အရာတွေ ပါသလား။

  • အချိန်ဘယ်လောက်ကုန်မလဲ။ ပိုအရေးကြီးတဲ့ လုပ်ဆောင်မှုတွေအတွက် အချိန်မရှိ ဖြစ်စေမလား။

  • ဘယ်သူတွေနဲ့လဲ။ ဒီအပန်းဖြေမှုက ယေဟောဝါကို မချစ်တဲ့သူတွေနဲ့ ရင်းနှီးသွားစေမလား။

အန္တရာယ်ဆိုတာ ဝေးဝေးရှောင်နိုင်လေ ကောင်းလေပဲ။ ဒါကြောင့် ကိုယ့်အတွက် အကျိုးမရှိဘူးလို့ ထင်ရတဲ့ အပန်းဖြေမှုတွေကို ရှောင်သင့်တယ်

ချောက်ကမ်းပါးအစွန်းမှာ ကားမောင်းနေ။ ကားနောက်မြီးက ချောက်ကမ်းပါးကနေ ချော်ကျခါနီးဖြစ်နေ။

၄။ အချိန်ကို အကျိုးရှိရှိ သုံးပါ

ဗီဒီယို ဖွင့်ပါ။ ပြီးတဲ့နောက် အောက်ပါမေးခွန်းကို သုံးသပ်ပါ။

ဗီဒီယို။ သင့်အချိန်ကို ဘယ်လို သုံးနေသလဲ (၂:၄၅)

  • ဗီဒီယိုထဲက ညီအစ်ကိုဟာ မကြည့်သင့်တာ ကြည့်နေတာမဟုတ်ပေမဲ့ သူ့ရဲ့အပန်းဖြေပုံက ဘာအန္တရာယ်ရှိသလဲ။

ဖိလိပ္ပိ ၁:၁၀ ကို ဖတ်ပါ။ ပြီးတဲ့နောက် ဒီမေးခွန်းကို သုံးသပ်ပါ။

  • အပန်းဖြေမှုအတွက် အချိန်ဘယ်လောက်ပေးမယ်ဆိုတာ ဆုံးဖြတ်ရာမှာ ဒီကျမ်းပိုဒ်က ဘယ်လို ကူညီနိုင်သလဲ။

၅။ အကျိုးရှိတဲ့ အပန်းဖြေမှုကို ရွေးချယ်ပါ

ယေဟောဝါ မနှစ်သက်တဲ့ အပန်းဖြေမှုတချို့ ရှိပေမဲ့ ယေဟောဝါ နှစ်သက်တဲ့ အပန်းဖြေမှုတွေ အများကြီးရှိပါတယ်။ ဒေသနာ ၈:၁၅ နဲ့ ဖိလိပ္ပိ ၄:၈ တို့ကို ဖတ်ပါ။ ပြီးတဲ့နောက် ဒီမေးခွန်းကို သုံးသပ်ပါ။

  • အကျိုးရှိတဲ့ ဘယ်အပန်းဖြေမှုတွေကို သင် နှစ်သက်သလဲ။

ပုံ။ အသက်အရွယ်အသီးသီး ရှိသူတွေ အကျိုးရှိရှိ အပန်းဖြေနေကြ။ ၁။ သီချင်းနားထောင်နေ၊ ပုံဆွဲနေတဲ့ မိန်းကလေး။ ၂။ လူငယ်သုံးဦး ဘတ်စကက်ဘော ကစားနေ။ ၃။ ကောင်လေးနှစ်ယောက် စက်ဘီးစီးနေ။ ၄။ ကားရုပ်လုပ်နေတဲ့ ကောင်လေး။ ၅။ ဒရမ်တီးနေတဲ့ အမျိုးသား။ ၆။ ဗီဒီယိုဂိမ်းဆော့နေတဲ့ သားအဖ။ ၇။ ဓာတ်ပုံရိုက်နေတဲ့ အမျိုးသမီး။

အကျိုးရှိတဲ့နည်းတွေနဲ့ အပန်းဖြေနိုင်

လူတချို့ အဆို။ “နတ်ဆိုးပညာ၊ အကြမ်းဖက်မှု၊ အကျင့်ယိုယွင်းမှုတွေ တင်ဆက်ထားတဲ့ ဖျော်ဖြေမှုတွေက မမှားပါဘူး။ ကိုယ်တိုင် လိုက်လုပ်တာမှ မဟုတ်တာ။”

  • သင်ကော ဘယ်လိုထင်သလဲ။

အနှစ်ချုပ်

ယေဟောဝါက ကျွန်တော်တို့ကို အကျိုးရှိတဲ့ အပန်းဖြေမှုတွေ ရွေးချယ်စေချင်တယ်။

ပြန်လည်သုံးသပ်ခြင်း

  • ဘယ်အပန်းဖြေမှုမျိုးကို ခရစ်ယာန်တွေ ရှောင်ရမလဲ။

  • အပန်းဖြေမှုအတွက် အချိန်အများကြီး မပေးမိဖို့ ဘာကြောင့် သတိထားရမလဲ။

  • ယေဟောဝါ နှစ်သက်တဲ့ အပန်းဖြေမှုကို ဘာကြောင့် ရွေးချယ်ချင်သလဲ။

ရည်မှန်းပန်းတိုင်

လေ့လာစရာ ထပ်ဖွေရှာ

အပန်းဖြေမှု ရွေးချယ်ဖို့ ဘယ်သူ့မှာ တာဝန်ရှိသလဲ သုံးသပ်ကြည့်ပါ။

“ယေဟောဝါသက်သေတွေက တချို့သော ရုပ်ရှင်၊ စာအုပ်၊ သီချင်းတွေကို တားမြစ်ထားတာမျိုး ရှိသလား” (ဝက်ဘ်ဆိုက် ဆောင်းပါး)

အကျိုးရှိတဲ့အပန်းဖြေမှု ရွေးချယ်နိုင်ပုံကို ဖတ်ကြည့်ပါ။

“သင့်အပန်းဖြေမှုက အကျိုးပြုသလား” (ကင်းမျှော်စင် အောက်တိုဘာ ၁၅၊ ၂၀၁၁)

‘မလိုမုန်းထားတဲ့စိတ်ကို ဖျောက်ဖျက်နိုင်ခဲ့’ ဆောင်းပါးမှာ လူတစ်ဦး အပန်းဖြေမှု ရွေးချယ်ပုံ ဘာကြောင့်ပြောင်းခဲ့သလဲ ဖတ်ကြည့်ပါ။

“ကျမ်းစာသည် ဘဝအသက်တာများကို ပြောင်းလဲစေ” (ကင်းမျှော်စင် ဖေဖော်ဝါရီ ၁၊ ၂၀၁၀)

နတ်ဆိုးတွေအကြောင်း ပါတဲ့ ဖျော်ဖြေမှုနဲ့ပတ်သက်ပြီး မိခင်တစ်ဦး ဆုံးဖြတ်ချက်ကောင်း ချခဲ့ပုံကို ကြည့်လိုက်ပါ။

နတ်ဆိုးပညာပါတဲ့ ဖျော်ဖြေရေးကို ရှောင်ပါ (၂:၀၂)

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ