ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • က၀၉ ၇/၁ စာ. ၅-၆
  • ၂။ စိတ်ရှင်းရှင်းဖြင့် ဖတ်ရှုပါ

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ၂။ စိတ်ရှင်းရှင်းဖြင့် ဖတ်ရှုပါ
  • ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၉
  • ဆင်တူတဲ့ အကြောင်းအရာ
  • “စိတ်အားထက်သန်” မှုဖြင့် တိကျမှန်ကန်သောအသိပညာ၌ တိုးပွားပါ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၈
  • ဘုရားသခင့်နှုတ်ကပါဌ်တော်ကို ဖတ်ရှုကာ သမ္မာတရားဖြင့် ကိုယ်တော့်အမှုဆောင်လေ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၆
  • စစ်မှန်သောဘာသာတရားကို တွေ့ရှိနိုင်ပုံ
    နိုးလော့!—၂၀၀၈
  • အကြံသစ်ဉာဏ်သစ်ကို လက်ခံရန်အသင့်ရှိသလော
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၀
နောက်ထပ် ကြည့်ပါ
ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၉
က၀၉ ၇/၁ စာ. ၅-၆

သမ္မာကျမ်းစာကို သင်နားလည်လာနိုင်ပုံ

၂။ စိတ်ရှင်းရှင်းဖြင့် ဖတ်ရှုပါ

သင်၏သူငယ်ချင်းသည် သင်တစ်ခါမျှမတွေ့ဖူးသူတစ်ဦး၏ မကောင်းကြောင်းများကို သင့်အား ပြောပြဖူးသလော။ နောက်ဆုံး၊ ထိုသူနှင့် သင်တွေ့ဆုံချိန်တွင် သင့်သူငယ်ချင်း၏ စကားများက ထိုသူ၏အရည်အသွေးကောင်းများကို မမြင်နိုင် တော့အောင် မှုန်ဝါးသွားစေသလော။ ကျမ်းစာနှင့်ပတ်သက် လျှင်လည်း အလားတူဖြစ်နိုင်ပါသည်။

တမန်တော်ပေါလုက ကျမ်းစာကို စိတ်ရှင်းရှင်းဖြင့် မဖတ်ရှုလျှင် အဘယ်အရာဖြစ်နိုင်ကြောင်း သတိပေးခဲ့သည်။ သူ့ခေတ်မှဂျူးအချို့နှင့်ပတ်သက်၍ ပေါလုက “ထိုသူတို့သည် ဘုရားသခင်ဘက်၌ စိတ်အားထက်သန်ကြသည်ဟု ငါသက်သေခံ၏။ သို့သော် တိကျမှန်ကန်သောအသိပညာအတိုင်း မဟုတ်” ဟုရေးခဲ့သည်။—ရောမ ၁၀:၂။

ပထမရာစုရှိ ဂျူးအချို့သည် ဟေဗြဲကျမ်းစာစောင်များတွင် ရှင်းလင်းပြတ်သားစွာဖော်ပြထားသော မေရှိယမည်သူမည်ဝါဖြစ်သည်နှင့်ပတ်သက်သည့် အမှန်တရားကို လက်မခံလိုကြပေ။ နာဇရက်မြို့သားယေရှုသည် ကျမ်းစာတွင် ကြိုဟောထားသောအရာအားလုံးနှင့် ကိုက်ညီသည့်အပြင် မေရှိယလုပ်ဆောင်မည့်အရာများနှင့်ပတ်သက်သည့် ပရောဖက်ပြုချက်အားလုံးကိုလည်း ပြည့်စုံစေခဲ့သည်။ သို့တိုင် ကိုယ်တော့်ခေတ်မှဂျူးများစွာသည် လက်ခံထားပြီးသားအစွဲအလမ်းများကြောင့် ဘုရားသခင့်တရားစကားတော်ကို နားမလည်ခဲ့ကြပါ။

ထိုအဖြစ်အပျက်မှ ကျွန်ုပ်တို့ အဘယ်အရာသင်ယူနိုင်သနည်း။ ကျမ်းစာကို စိတ်ရှင်းရှင်းဖြင့် ဖတ်ရှုရန် အရေးကြီးသည်။ စိတ်စွန်းကွက်မှု သို့မဟုတ် လက်ခံထားပြီးသား အစွဲအလမ်းများက ကျမ်းစာဖတ်သူတစ်ဦးအား ကျမ်းစာအမှန်တရားကို နားမလည်နိုင်စေရန် ဖုံးကွယ်လိုက်နိုင်သည်။

ဥပမာ၊ အမေရိကန်ပြည်ထောင်စု၊ ကယ်ရိုလိုင်းနားပြည်နယ်မြောက်ပိုင်းမှ ဘာသာရေးပါမောက္ခတစ်ဦးက ကျမ်းစာသည် “လူတို့ရေးထားသောစာအုပ်ဖြစ်သည်။ ယင်းတွင် လူ့အတွေးအခေါ်များသာ ပါဝင်သည်။ ယင်းတို့မှာလည်း တစ်ခုနှင့်တစ်ခု အလွန်ဆန့်ကျင်သည်။ ယင်းတို့တစ်ခုကမျှ ကျွန်ုပ်တို့မည်သို့အသက်ရှင်သင့်ကြောင်း မှန်မှန်ကန်ကန် လမ်းမပြပေးနိုင်ပါ” ဟုဆိုခဲ့သည်။ လူတစ်ဦးသည် ကျမ်းစာကို “လူတို့ရေးထားသောစာအုပ်” အဖြစ်ယူမှတ်ပြီး ဖတ်ရှုမည်ဆိုပါက မိမိစိတ်နှင့်မတွေ့သည့် လမ်းညွှန်ချက်များ သို့မဟုတ် မူများကို လက်မခံဖို့ အကြောင်းများသည်မဟုတ်လော။

ယင်းအစား ကျမ်းစာက ယင်းကိုဝီရိယရှိရှိဖတ်ရှုဖို့ ကျွန်ုပ်တို့ကို အားပေးထားသည်။ ပေါလုခေတ်မှ ဗေရိမြို့သားများနှင့်ပတ်သက်၍ ကျမ်းစာက “[သူတို့]သည် . . . အလွန်ကြည်ဖြူလိုလားသောစိတ်နှင့် တရားစကားတော်ကို ခံယူ၍ ကြားနာရသည့်အရာများ မှန်မမှန် သိမြင်ရန် နေ့စဉ်နေ့တိုင်း ကျမ်းစာကို စေ့စေ့ဆန်းစစ်ကြ၏” ဟုဆိုသည်။ (တမန်တော် ၁၇:၁၁) ထိုသူတို့နည်းတူ သင်လည်း သင်၏နားလည်မှုကို မှုန်ဝါးသွားစေနိုင်သော မည်သည့်အစွဲအလမ်း၊ မည်သည့်ဝေဖန်ချက်များကိုမဆို စိတ်ထဲမှဖယ်ထုတ်ထားဖို့လိုပေမည်။ ဘုရားသခင့်တရားစကားတော်ကို စိတ်ရှင်းရှင်းဖြင့်ဖတ်ရှုပါ။ ကျမ်းစာ၏အာဘော်ရှင်ထံမှ စိတ်လှုပ်ရှားဖွယ်သတင်းစကားများကို စူးစမ်းလိုစိတ် ပြင်းပြနေပါ။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ