ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • က၀၉ ၁၀/၁၅ စာ. ၃၂
  • ကျမ်းစာလေ့လာရန် သင် အချိန်ဖယ်ထား ပြီးပြီလော

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ကျမ်းစာလေ့လာရန် သင် အချိန်ဖယ်ထား ပြီးပြီလော
  • ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၉
  • ဆင်တူတဲ့ အကြောင်းအရာ
  • မိသားစုများအတွက် အကူအညီ
    ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၂၀၁၁
  • မတိုင်မီနှင့် ပြီးနောက် ဘုရားသခင့်စကားတော် အကျိုးသက်ရောက်ပုံ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၃
  • မိသားစုလိုက် ဘုရားသခင့်စကားတော်ကိုမှန်မှန်သင်အံလော့
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၉
  • ကိုယ်ပိုင်လေ့လာမှုနှင့် မိသားစုကျမ်းစာသင်အံမှုသည် အရေးကြီး
    ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၂၀၀၈
နောက်ထပ် ကြည့်ပါ
ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၉
က၀၉ ၁၀/၁၅ စာ. ၃၂

ကျမ်းစာလေ့လာရန် သင် အချိန်ဖယ်ထား ပြီးပြီလော

လွန်ခဲ့သောနှစ်တွင် အုပ်ချုပ်ရေးအဖွဲ့သည် အသင်းတော်အစည်းအဝေး ပြုပြင်ပြောင်းလဲမှုအစီအစဉ်ကို ကြေညာခဲ့သည်၊ ယင်းက မိသားစုလိုက် ကျမ်းစာလေ့လာဆွေးနွေးရန် အချိန်ပိုရရှိစေသည်။ သင်သည် အိမ်ထောင်ဦးစီးဖြစ်ပါက အကျိုးရှိပြီး မိသားစုကျမ်းစာလေ့လာမှုကို သင့်ဇနီး၊ သားသမီးများနှင့်အတူ ပုံမှန်ပြုလုပ်ပါ။ သားသမီးမရှိသော အိမ်ထောင်သည်များသည် ထိုအချိန်တွင် ကျမ်းစာကို အတူတကွလေ့လာလိုပေမည်။ မိသားစုတာဝန်မရှိသော တစ်ကိုယ်ရေညီအစ်ကိုညီအစ်မများသည် ထိုအချိန်တွင် ကိုယ်ပိုင်ကျမ်းစာလေ့လာမှု ပြုနိုင်ပါလိမ့်မည်။

လူများစွာသည် မိသားစုဝတ်ပြုမှုညချမ်းအစီအစဉ်အတွက် ကျေးဇူးတင်လေးမြတ်ကြောင်း တင်ပြကြသည်။ ဥပမာ၊ အကြီးအကဲတစ်ဦးဖြစ်သူ ကီဗင်က ဤသို့ရေးသည်– “ဘယ်လောက်ကျေးဇူးတင်တယ်ဆိုတာ ပြောမပြတတ်အောင်ပါပဲ။ အဲဒီညချမ်းကို မိသားစုလိုက် လေ့လာမှုပြုဖို့ အုပ်ချုပ်ရေးအဖွဲ့တောင်းဆိုတဲ့အတိုင်း လက်တွေ့လုပ်နိုင်ပုံကို အကြီးအကဲအဖွဲ့အနေနဲ့ ဆွေးနွေးခဲ့ကြတယ်။”

အကြီးအကဲတစ်ဦး၏ဇနီးဖြစ်သူ ဂျိုဒီ ဤသို့ရေးခဲ့သည်– “ကျွန်မတို့သမီးသုံးယောက်က အသက် ၁၅ နှစ်၊ ၁၁ နှစ်နဲ့ ၂ နှစ်အရွယ်စီ ရှိကြတယ်။ မကြာသေးခင်ကပဲ လက်ဟန်ပြဘာသာစကားပြောအသင်းတော်တစ်ခုကို ကျွန်မတို့ပြောင်းရွှေ့ခဲ့တာ။ အစည်းအဝေးအားလုံးအတွက် ပြင်ဆင်ဖို့ အချိန်နဲ့ခွန်အား အများကြီးစိုက်ထုတ်ရတယ်။ အခု၊ ဒီအပြောင်းအလဲကြောင့် အဲဒီညချမ်းမှာ မိသားစုဝတ်ပြုမှုကို အာရုံစိုက်လုပ်ဆောင်နိုင်ခဲ့ပြီ။”

မှန်မှန်ရှေ့ဆောင်အဖြစ် အမှုဆောင်နေသော ဂျွန်နှင့်ဂျိုအဲန်းမောင်နှံစုံကလည်း ဤသို့ရေးခဲ့သည်– “အသင်းတော်တာဝန်တွေအတွက် အချိန်ပေးနေရလို့ မိသားစုကျမ်းစာလေ့လာမှုကို ပုံမှန်မလုပ်ဖြစ်ဘူး။ ဒီအစီအစဉ်အသစ်က ယေဟောဝါရဲ့လက်ဆောင်ဖြစ်ပြီး လမ်းညွှန်တဲ့အတိုင်း ကျွန်တော်တို့လုပ်ဆောင်မယ်ဆိုရင် လန်းဆန်းမှုခံစားရမှာဖြစ်တယ်။”

အသက် ၂၅ နှစ်ရှိသော တစ်ကိုယ်ရေညီအစ်ကို တိုနီသည် အင်္ဂါနေ့ညချမ်းကို ကိုယ်ပိုင်လေ့လာမှုပြုသည့်ညအဖြစ် သတ်မှတ်ထားသည်။ အခြားရက်များတွင် အသင်းတော်အစည်းအဝေးများအတွက် ပြင်ဆင်သည်။ “အင်္ဂါနေ့ရောက်ဖို့ပဲ မျှော်နေတယ်” ဟု သူပြောသည်။ အဘယ်ကြောင့်နည်း။ “အဲဒီညချမ်းက ယေဟောဝါနဲ့ကျွန်တော့်အတွက်တော့ အထူးအချိန်ပဲ။ ယေဟောဝါနဲ့ကျွန်တော့်ရဲ့ ရင်းနှီးမှုနှောင်ကြိုးကို ခိုင်မြဲစေတဲ့ အကြောင်းအရာတွေကို နှစ်နာရီကြာ လေ့လာခွင့်ရတဲ့အတွက်ကြောင့်ပါ။ လေ့လာချိန်များများထားတာက ဖတ်ရှုလိုက်တဲ့ကျမ်းချက်တွေကို စဉ်းစားဆင်ခြင်ဖို့ အခွင့်အရေးရစေတယ်” ဟုသူဆက်ပြောသည်။ ရလဒ်ကား အဘယ်နည်း။ “ယေဟောဝါရဲ့သွန်သင်ချက်က ကျွန်တော့်နှလုံးသားထဲမှာ အရင်ကထက် ပိုပြီးစွဲမြဲလာတယ်။” ဥပမာအနေဖြင့် သူဤသို့ရှင်းပြသည်– “ဒါဝိဒ်နဲ့ယောနသန်ရဲ့ ခင်မင်ရင်းနှီးမှုအကြောင်း ထိုးထွင်းအမြင်စာအုပ်မှာ ဖတ်ခဲ့ရတယ်။ ယောနသန်ရဲ့ ကိုယ်ကျိုးမဖက်တဲ့စိတ်ဓာတ်ကနေ အများကြီး သင်ယူနိုင်ခဲ့တယ်။ သူ့ရဲ့ပုံနမူနာက မိတ်ဆွေစစ်ရဲ့အဓိပ္ပာယ်ကို ပိုပြီးရှင်းရှင်းလင်းလင်း သိမြင်စေတယ်။ ဒါကြောင့် အင်္ဂါနေ့ညတိုင်း ဒီလိုတန်ဖိုးရှိတဲ့အမှန်တရားတွေကို ရှာတွေ့နိုင်ဖို့ တကယ်ပဲ မျှော်လင့်နေမိတယ်။”

ယေဟောဝါ၏ကျေးကျွန်အားလုံးသည် ကျမ်းစာလေ့လာမှုနှင့် မိသားစုဝတ်ပြုမှုအတွက် အချိန်ကို ကောင်းစွာအသုံးပြုခြင်းမှ အကျိုးများစွာရရှိမည်မှာ သေချာပါသည်။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၆)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်များ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ