ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • က၁၁ ၄/၁ စာ. ၃
  • ယေရှုခရစ် အမှန်တကယ် ဘယ်သူလဲ

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ယေရှုခရစ် အမှန်တကယ် ဘယ်သူလဲ
  • ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၁၁
  • ဆင်တူတဲ့ အကြောင်းအရာ
  • ယေရှုခရစ်က ဘယ်သူလဲ
    သမ္မာကျမ်းစာ အမှန်တကယ် သွန်သင်ရာက ဘာလဲ
  • ယေရှုခရစ်ကား မည်သူနည်း
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၅
  • ယေရှုခရစ်​—ဘုရားသခင် စေလွှတ်ခြင်းခံရသူလော
    သင်သည်ကမ္ဘာ့ပရဒိသု အတွင်းထာဝရစဉ်အသက်ရှင်နိုင်သည်
  • ယေရှုခရစ်ဟာ ဘယ်သူလဲ
    သမ္မာကျမ်းစာ သွန်သင်ရာများ
နောက်ထပ် ကြည့်ပါ
ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၁၁
က၁၁ ၄/၁ စာ. ၃

ယေရှုခရစ် အမှန်တကယ် ဘယ်သူလဲ

“ကိုယ်တော်သည် ဂျေရုဆလင်မြို့သို့ ဝင်သောအခါ တစ်မြို့လုံး ရုတ်ရုတ်သဲသဲဖြစ်၍ ‘ဤသူသည် မည်သူနည်း’ ဟုဆိုကြလျှင် လူအုပ်က ‘ဤသူသည် ဂါလိလဲပြည်၊ နာဇရက်မြို့မှ ပရောဖက်ယေရှုဖြစ်၏’ ဟုပြောဆိုကြ၏။”—မဿဲ ၂၁:၁၀၊ ၁၁။

စီအီး ၃၃၊ နွေဦးနေ့တစ်နေ့မှာ ဂျေရုဆလင်မြို့ကို ယေရှုခရစ်a ရောက်လာတဲ့အခါ လူတွေ ဘာကြောင့် ရုတ်ရုတ်သဲသဲ ဖြစ်သွားရတာလဲ။ မြို့သားအတော်များများက ယေရှုနဲ့ ကိုယ်တော် ပြုလုပ်ခဲ့တဲ့ အံ့ဖွယ်အမှုတွေအကြောင်း ကြားထားပြီးသားဖြစ်တယ်။ ယေရှုအကြောင်း တခြားသူတွေကိုလည်း သူတို့ ပြောပြနေကြတုန်းပဲ။ (ယောဟန် ၁၂:၁၇-၁၉) ဒါပေမဲ့ လူအုပ်ကြီးဟာ သူတို့အလယ်မှာရှိနေတဲ့သူက ကျွန်ုပ်တို့ခေတ်အထိ ကမ္ဘာတစ်ခုလုံးကို ဩဇာညောင်းလိမ့်မယ်ဆိုတာကိုတော့ လုံးဝမသိရှာကြဘူး။

လူ့သမိုင်းမှာ ယေရှုရဲ့သြဇာ ဘယ်လောက်ထိ ညောင်းခဲ့သလဲဆိုတာ ပုံနမူနာအနည်းငယ်ကို သုံးသပ်ကြည့်ရအောင်။

▪ ကမ္ဘာ့ဒေသအတော်များများမှာ အသုံးပြုနေတဲ့ ပြက္ခဒိန်ကို ယေရှုမွေးဖွားခဲ့တယ်လို့ လူအများယူဆတဲ့နှစ်အပေါ် အခြေခံပြီး ရေးဆွဲထားတာပါ။

▪ ကမ္ဘာ့လူဦးရေ သုံးပုံတစ်ပုံဖြစ်တဲ့ နှစ်ဘီလီယံလောက်က သူတို့ကိုယ်သူတို့ ခရစ်ယာန်ပါလို့ ပြောကြတယ်။

▪ ကမ္ဘာတစ်၀န်းမှာ တစ်ဘီလီယံကျော်ရှိတဲ့ အစ္စလာမ်ဘာသာဝင်တွေက ယေရှုဟာ “အာဗြဟံ၊ နောဧ၊ မောရှေတို့ထက် ပိုကြီးမြတ်တဲ့ ပရောဖက်” ဖြစ်တယ်လို့ သွန်သင်ပေးကြတယ်။

▪ ယေရှုရဲ့ ပညာရှိဆိုရိုးစကားအများစုကို လူတွေရဲ့ နေ့စဉ်သုံးစကားတွေမှာ နည်းအမျိုးမျိုးနဲ့ ထည့်သွင်းပြောဆိုကြတယ်။ အဲဒီဆိုရိုးစကားတချို့ကို အောက်မှာ ဖော်ပြထားပါတယ်။

‘နောက်ပါးတစ်ဖက်ကို လှည့်ပေးပါ။’—မဿဲ ၅:၃၉။

‘ခရီး ပိုသွားပေးပါ။’—မဿဲ ၅:၄၁။

“မည်သူမျှ သခင်နှစ်ဦးအစေကို မခံနိုင်။”—မဿဲ ၆:၂၄။

‘သင်တို့၏ပုလဲများကို ဝက်များရှေ့တွင် မချပေးနှင့်။’—မဿဲ ၇:၆။

“သင်တို့သည် ကိုယ်၌ သူတစ်ပါးပြုစေလိုသမျှအတိုင်း သူတစ်ပါး၌ ပြုကြလော့။”—မဿဲ ၇:၁၂။

‘ကုန်ကျစရိတ်ကို တွက်ချက်ပါ။’—လုကာ ၁၄:၂၈။

လူ့သမိုင်းမှာ ယေရှု ဩဇာလွှမ်းမိုးခဲ့တယ်ဆိုတာ ဘယ်သူမှ မငြင်းနိုင်ပါဘူး။ ဒါပေမဲ့ ယေရှုနဲ့ပတ်သက်ပြီး လူတွေမှာ ယူဆချက်အမျိုးမျိုး၊ ယုံကြည်ချက်အမျိုးမျိုး ရှိနေပါတယ်။ ဒါကြောင့် ‘ယေရှုခရစ် အမှန်တကယ် ဘယ်သူလဲ’ ဆိုတာ သင်သိချင်မှာပဲ။ ယေရှု ဘယ်နေရာက လာတာလဲ၊ ဘယ်လို နေထိုင်သွားသလဲ၊ ဘာကြောင့် သေရတာလဲ ဆိုတဲ့အကြောင်းတွေကို သမ္မာကျမ်းစာ တစ်အုပ်ထဲမှာပဲ ဖော်ပြထားပါတယ်။ ယေရှုနဲ့ပတ်သက်တဲ့ အဲဒီအမှန်တရားတွေကို ကျွန်ုပ်တို့သိထားမယ်ဆိုရင် ကျွန်ုပ်တို့ရဲ့ လက်ရှိအသက်တာမှာရော၊ နောင်အနာဂတ်မှာပါ အကျိုးများစွာ ခံစားရမှာဖြစ်ပါတယ်။

[အောက်ခြေမှတ်ချက်]

a နာဇရက်မြို့က ပရောဖက် “ယေရှု” ဆိုတဲ့ အမည်ဟာ “ယေဟောဝါက ကယ်တင်ခြင်းဖြစ်တယ်” လို့ အဓိပ္ပာယ်ရတယ်။ “ခရစ်တော်” ဆိုတဲ့အမည်ဟာ “သန့်ရှင်းသောစွမ်းအားတော်နဲ့ ခန့်အပ်ခံရတဲ့သူ” လို့အဓိပ္ပာယ်ရတယ်။ ယေရှုဟာ ဘုရားသခင်ရဲ့ ခန့်အပ်မှုကို ခံရတဲ့သူဖြစ်တယ်ဆိုတာကို အဲဒီအမည်က ဖော်ပြတယ်။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ