ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • က၁၂ ၃/၁ စာ. ၃၂
  • ယေရှုကို ဘယ်လိုပုံစံနဲ့ သင် မြင်ယောင်မိသလဲ

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ယေရှုကို ဘယ်လိုပုံစံနဲ့ သင် မြင်ယောင်မိသလဲ
  • ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၁၂
ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၁၂
က၁၂ ၃/၁ စာ. ၃၂

ယေရှုကို ဘယ်လိုပုံစံနဲ့ သင် မြင်ယောင်မိသလဲ

ယေရှုကို မွေးကင်းစ ကလေးတစ်ယောက်လို၊ အသက်ငင်နေတဲ့ လူတစ်ယောက်လို ဒါမှမဟုတ် ကြီးမြတ်တဲ့ ဘုရင်တစ်ဦးလို မြင်ယောင်မိသလား။

ယေရှုဟာ တန်ခိုးကြီးတဲ့ ဘုရင်တစ်ဦး ဖြစ်တယ်ဆိုပြီး ကျမ်းစာက ဖော်ပြပါတယ်။ ဒါပေမဲ့ အဲဒါက သင့်အတွက် ဘာအဓိပ္ပာယ်ရှိသလဲ။

ယေရှုဟာ လူသားတွေအတွက် အသေခံသွားတာဆိုပြီး လူများစွာက ယုံကြည်ကြပါတယ်။ ဒါပေမဲ့ လွန်ခဲ့တဲ့ အနှစ် ၂၀၀၀ နီးပါးက သေဆုံးသွားတဲ့ လူတစ်ဦးရဲ့အသက်က ကနေ့ခေတ်မှာရှိတဲ့ လူများစွာရဲ့အသက်ကို ဘယ်လိုလုပ် ကယ်တင်ပေးနိုင်တာလဲ။

အဲဒီမေးခွန်းတွေနဲ့ပတ်သက်တဲ့ ကျမ်းစာအဖြေကို လာရောက်နားထောင်ဖို့ သင့်ကို လှိုက်လှိုက်လှဲလှဲ ဖိတ်ခေါ်ပါတယ်။ ယေရှုရဲ့သေခြင်းကို အောက်မေ့ဖို့အတွက် ယေဟောဝါသက်သေတွေ စုဝေးတဲ့အခါ အဲဒီအကြောင်းတွေကို တင်ဆက်သွားမှာဖြစ်ပါတယ်။ ဒီနှစ်အတွက် ယေရှုသေခြင်းရဲ့နှစ်ပတ်လည်နေ့က ဧပြီ ၅ ရက်၊ ကြာသပတေးနေ့ နေဝင်ပြီးနောက်မှာ ကျရောက်ပါတယ်။

ကျင်းပမယ့် အချိန်အတိအကျနဲ့ နေရာကိုသိနိုင်ဖို့ သင့်ဒေသမှာရှိတဲ့ ယေဟောဝါသက်သေတွေကို ကျေးဇူးပြု၍ မေးမြန်းစုံစမ်းပါ။

ယေရှုရဲ့သေခြင်း နှစ်ပတ်လည်ပွဲကျင်းပတဲ့ သီတင်းပတ်ရဲ့အဆုံးပိုင်းရက်မှာ “ဒီလောက အဆုံးတိုင်တော့မလား” လို့ခေါင်းစဉ်ရှိတဲ့ ကျမ်းစာအခြေပြု ဟောပြောပွဲကိုလည်း တင်ဆက်သွားပါလိမ့်မယ်။ အဲဒီဟောပြောချက်ကို ကမ္ဘာတစ်ဝန်းမှာ ဟောပြောသွားမှာဖြစ်ပြီး အမှန်တရားကိုမြတ်နိုးတဲ့သူတွေနဲ့ ယေရှုအကြောင်း ပိုသိချင်တဲ့သူတွေ နှစ်သက်ကြပါလိမ့်မယ်။ သင့်ကိုလည်း လာရောက်နားထောင်ဖို့ ဖိတ်ခေါ်လိုပါတယ်။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၆)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်များ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ