ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • က၁၅ ၉/၁ စာ. ၅
  • ယေဟောဝါသက်သေတွေရဲ့ ယုံကြည်ချက်က ဘာလဲ

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ယေဟောဝါသက်သေတွေရဲ့ ယုံကြည်ချက်က ဘာလဲ
  • ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၁၅
  • ဆင်တူတဲ့ အကြောင်းအရာ
  • ယေဟောဝါသက်သေများ ယုံကြည်ချက်ကား အဘယ်နည်း
    ယေဟောဝါသက်သေများ
  • ယေဟောဝါသက်သေများ
    ကျမ်းစာဖြင့် ကျိုးကြောင်းဆင်ခြင်ခြင်း
  • ကျွန်ုပ်တို့ ဘာကြောင့် ဟောပြောကြတာလဲ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၁၅
  • ယေဟောဝါသက်သေတွေ ဘာကို ယုံကြည်သလဲ
    ယေဟောဝါသက်သေတွေနဲ့ပတ်သက်ပြီး မေးလေ့ရှိတဲ့ မေးခွန်းများ
နောက်ထပ် ကြည့်ပါ
ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၁၅
က၁၅ ၉/၁ စာ. ၅
ကလေးတွေနဲ့အတူ ကျမ်းစာလေ့လာနေတဲ့ ယေဟောဝါသက်သေဇနီးမောင်နှံ

မျက်နှာဖုံးဆောင်းပါး | ယေဟောဝါသက်သေတွေက ဘယ်သူတွေလဲ

ယေဟောဝါသက်သေတွေရဲ့ ယုံကြည်ချက်က ဘာလဲ

‘ကျမ်းဂန်ရှိသမျှသည် ဘုရားသခင့် စွမ်းအားတော်၏ လမ်းညွှန်မှုဖြင့် ရေးထားသောကြောင့် အကျိုးရှိ’ တယ်ဆိုတာ ယေဟောဝါသက်သေတွေ ယုံကြည်ထားတယ်။ (၂ တိမောသေ ၃:၁၆) ဖန်ဆင်းရှင်အကြောင်းသိရှိဖို့၊ အဓိပ္ပာယ်ရှိရှိနေထိုင်နိုင်ဖို့ လမ်းညွှန်စာအုပ်အဖြစ် သမ္မာကျမ်းစာကို ကျွန်ုပ်တို့ အသုံးပြုကြတယ်။

“ဤအမှုကို ဖန်ဆင်းစီရင်သောဘုရား၊ ယေဟောဝါအမည်ရှိသော ထာဝရဘုရား” ဆိုပြီး ကျမ်းစာမှာ ဖော်ပြထားပါတယ်။ (ယေရမိ ၃၃:၂) ဒါကြောင့် ကျွန်ုပ်တို့က ယေဟောဝါဘုရားတစ်ပါးတည်းကိုပဲ ကိုးကွယ်ပြီး ကိုယ်တော်ရဲ့သက်သေတွေအနေနဲ့ ယေဟောဝါရဲ့နာမည်ကို လူတွေသိလာအောင် ကြိုးစားနေကြပါတယ်။—ဟေရှာယ ၄၃:၁၀-၁၂။

ယေဟောဝါသက်သေတွေဖြစ်တဲ့ ကျွန်ုပ်တို့က အောက်ပါအချက်တွေကို ယုံကြည်ထားကြတယ်။ ယေရှုက မြေကြီးပေါ်ဆင်းလာတဲ့ “ဘုရားသခင်၏သားတော်၊”a မေရှိယဖြစ်တယ်။ (ယောဟန် ၁:၃၄၊ ၄၁; ၄:၂၅၊ ၂၆) ယေရှုသေဆုံးပြီးနောက် ကောင်းကင်ပေါ် တက်ကြွသွားပြီ။ (၁ ကောရိန္သု ၁၅:၃၊ ၄) အဲဒီနောက် ယေရှုဟာ ဘုရားနိုင်ငံတော်ရဲ့ဘုရင် ဖြစ်လာတယ်။ (ဗျာဒိတ် ၁၁:၁၅) ဘုရားနိုင်ငံတော်ကသာ အစိုးရအစစ်အမှန်ဖြစ်ပြီး မကြာခင် ကမ္ဘာမြေကို သာယာလှပတဲ့ဥယျာဉ်ဖြစ်အောင် လုပ်ပေးပါတော့မယ်။ (ဒံယေလ ၂:၄၄၊ ၄၅) “စိတ်နှိမ့်ချသောသူတို့မူကား ပြည်တော် [“မြေကြီး၊” ကဘ] ကိုအမွေခံ၍ များပြားသောငြိမ်သက်ခြင်း၌ မွေ့လျော်ကြလိမ့်မည်” လို့ ကျမ်းစာမှာ ကတိပြုထားပါတယ်။—ဆာလံ ၃၇:၁၁၊ ၂၉။

“ကျမ်းစာကို သူတို့ဖတ်တဲ့အခါ ဘုရားသခင် စကားပြောနေတယ်လို့ သူတို့ ယုံကြည်ကြတယ်။ ဘဝပြဿနာတွေကြုံရတဲ့အခါ အဖြေရဖို့ ကျမ်းစာမှာ ရှာဖွေကြတယ်။ . . . ဘုရားသခင့်စကားတော်က သူတို့အတွက် အရေးပါနေတုန်းပဲ။”—ကက်သလစ်ဘုန်းတော်ကြီး ဗင်ယာမိန် ချယ်ရာယတ်၊ မွန်စတားလဲန်ဒစ်ရှ် ဖော့လ်စိုက်ထုန် သတင်းစာ၊ ဂျာမနီနိုင်ငံ

ကျမ်းစာလမ်းညွှန်ချက်တွေက ဒီနေ့အထိ အကျိုးရှိနေတုန်းပဲဆိုတာ ယေဟောဝါသက်သေတွေ ခံယူထားကြတယ်။ (ဟေရှာယ ၄၈:၁၇၊ ၁၈) ဒါကြောင့် ကျမ်းစာလမ်းညွှန်ချက်တွေကို ကျွန်ုပ်တို့ အတတ်နိုင်ဆုံး ကြိုးစားလိုက်လျှောက်ကြတယ်။ ဥပမာ၊ ကိုယ်စိတ်နှစ်ပါးကို ညစ်ညမ်းစေနိုင်တဲ့ အကျင့်ဓလေ့တွေကိုရှောင်ဖို့ ကျမ်းစာမှာ သတိပေးထားလို့ ဆေးလိပ်သောက်တာ၊ မူးယစ်ဆေးတလွဲသုံးတာတွေ ကျွန်ုပ်တို့ မလုပ်ကြဘူး။ (၂ ကောရိန္သု ၇:၁) အထူးသဖြင့် ကျမ်းစာမှာ ရှုတ်ချထားတဲ့ အကျင့်ဓလေ့တွေကို ရှောင်ကြဉ်ကြတယ်။ အဲဒီထဲမှာ အရက်အလွန်အကျွံသောက်တာ၊ လိင်အကျင့်ယိုယွင်းတာ၊ ခိုးတာတွေပါဝင်တယ်။—၁ ကောရိန္သု ၆:၉-၁၁။

a ယေရှုကို ယေဟောဝါဘုရား ဦးဆုံး တိုက်ရိုက်ဖန်ဆင်းထားတဲ့အတွက် “ဘုရားသခင့်တစ်ပါးတည်းသော သားတော်” ဖြစ်တယ်လို့လည်း ကျမ်းစာမှာဖော်ပြထားပါတယ်။—ယောဟန် ၃:၁၈; ကောလောသဲ ၁:၁၃-၁၅။

ဘာကြောင့် အခါကြီးရက်ကြီးတွေ မကျင်းပတာ၊ သွေးမသွင်းတာတွေအပါအဝင် ယေဟောဝါသက်သေတွေရဲ့ ယုံကြည်ချက်တွေကို ထပ်သိချင်ရင် www.pr418.com/mya ထဲက ဒီခေါင်းစဉ် အောက်မှာ ကြည့်ပါ– ကျွန်ုပ်တို့အကြောင်း > မေးတတ်တဲ့မေးခွန်းများ။

လက်ဆောင်ပစ္စည်းဖွင့်နေတဲ့ သားလေးနဲ့အတူပြုံးနေတဲ့ မိဘများ
    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၆)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်များ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ