ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • နဓ ၁၁/၀၉ စာ. ၇
  • မေးခွန်းသေတ္တာ

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • မေးခွန်းသေတ္တာ
  • ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၂၀၀၉
  • ဆင်တူတဲ့ အကြောင်းအရာ
  • ယေဟောဝါသက်သေတွေရဲ့ အစည်းအဝေးတွေက သင့်ကို ဘယ်လို ကူညီပေးနိုင်သလဲ
    ပျော်စရာဘဝ ထာဝရ စံစားကြ—ကျမ်းစာကို လေ့လာသင်ယူပါ
  • ဝတ်ပြုစည်းဝေးရတဲ့ အကြောင်းရင်းများ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း (လေ့လာရန် စာစောင်)—၂၀၁၆
  • တယ်လီဖုန်းဖြင့်သက်သေခံခြင်းသည် ထိရောက်မှုရှိနိုင်
    ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၂၀၀၉
  • ခရစ်ယာန်အစည်းအဝေးများကို တည်ဆောက်စရာဖြစ်စေရန် သင်ပါဝင်လုပ်ဆောင်သလော
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၁၀
နောက်ထပ် ကြည့်ပါ
ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၂၀၀၉
နဓ ၁၁/၀၉ စာ. ၇

မေးခွန်းသေတ္တာ

◼ အသင်းတော်အစည်းအဝေးများကို တယ်လီဖုန်းလိုင်းချိတ်ဆက်အသုံးပြုခြင်းနှင့် ပတ်သက်၍ အဘယ်ကြောင့် ကောင်းစွာချင့်ချိန်ရန် လိုသနည်း။

ဖျားနာသူများ သို့မဟုတ် မရှောင်လွှဲနိုင်သော တခြားအခြေအနေကြောင့် တစ်ခါတစ်ရံ အသင်းတော်အစည်းအဝေးများကို မတက်ရောက်နိုင်သူများအတွက် အိမ်မှနေ၍ အစည်းအဝေးကို နားထောင်နိုင်ရန် အသင်းတော်များစွာသည် တယ်လီဖုန်းလိုင်းချိတ်ဆက်ပေး၏။ အမှန်တကယ်လိုအပ်သူများအတွက် ယင်းမေတ္တာပါအစီအစဉ်ကို ပြုလုပ်ပေးကြောင်း သေချာစေရန် ကောင်းစွာချင့်ချိန်မှုနှင့် ဂရုတစိုက်စီစဉ်မှုလိုသည်။ ထို့ကြောင့် ဤသို့သောအစီအစဉ်ကို ကြီးကြပ်ပေးသည့် အကြီးအကဲများသည် “ခပ်သိမ်းသောအမှုကို တင့်တယ်လျောက်ပတ်စွာ၊ စည်းစနစ်တကျ ဖြစ်စေ” ရန် စနစ်တကျနှင့် စောင့်ကြပ်စစ်ဆေးရန်လိုပေမည်။—၁ ကော. ၁၄:၄၀။

မိမိတို့အသင်းတော်ရှိ နာတာရှည်ဖျားနာသူများ၊ အိုမင်းမစွမ်းသူများ သို့မဟုတ် တခြားအကြောင်းတစ်ခုခုကြောင့် အိမ်မှထွက်၍မရသူများအား ဦးစားပေးရန် အကြီးအကဲများက ကြည့်ရှုပေးပါလိမ့်မည်။ အခိုက်အတန့်မျှ ဖျားနာနေသော၊ မလာနိုင်သောကြေညာသူတစ်ဦး သို့မဟုတ် အိမ်မှထွက်၍မရသော တိုးတက်သောကျမ်းစာသင်သားတစ်ဦးလည်း ဤအစီအစဉ်မှ အကျိုးရယူနိုင်ပြီး တက်ရောက်သူစာရင်းတွင် ရေတွက်မည်ဖြစ်သည်။ အမှန်တကယ်လိုအပ်သူများအတွက် တယ်လီဖုန်းလိုင်း အလုံအလောက်မရှိပါက အစည်းအဝေးကိုအသံဖမ်းထားသောတိတ်ခွေကဲ့သို့သော အခြားအစီအစဉ်များ ပြုလုပ်ပေးနိုင်ပေမည်။

သို့သော် ကျွန်ုပ်တို့၏အစည်းအဝေးများတွင် လူကိုယ်တိုင်တက်ရောက်ခြင်း၏ အကျိုးကျေးဇူးများကိုမူ မည်သည့်အရာနှင့်မျှ မနှိုင်းယှဉ်နိုင်ပါ။ နိုင်ငံတော်ခန်းမတွင် လူကိုယ်တိုင်ရောက်ရှိနေခြင်းဖြင့် ကျွန်ုပ်တို့၏ညီအစ်ကိုများနှင့် “အပြန်အလှန်အားပေးခွင့်” ရရှိစေပြီး လူသစ်များအား စည်းဝေးတက်ရောက်ခြင်းကို ပိုလေးမြတ်လာရန် ကူညီပေးရာရောက်သည်။ ကျွန်ုပ်တို့၏အစည်းအဝေးများတွင် လူကိုယ်တိုင်ရောက်ရှိနေသောအခါ သရုပ်ပြများမှ ပို၍အကျိုးရရှိနိုင်ပြီး အကြီးအကဲများသည် ကျွန်ုပ်တို့ကို ပုဂ္ဂိုလ်ရေးအရအကူအညီပေးနိုင်ကာ နွေးထွေးသော ညီအစ်ကိုချင်းမေတ္တာကို တိုက်ရိုက်ထိတွေ့ ခံစားနိုင်သည်။ နိုင်ငံတော်ခန်းမတွင်ရောက်ရှိနေစဉ် ပိုက်ဖက်ခံရသော သက်ကြီးညီအစ်မတစ်ဦး၏ စိတ်ခံစားချက်သည် တကယ်ပင်မှန်ကန်ပါသည်၊ သူဤသို့ပြောခဲ့၏– “ဒါကို ဖုန်းလိုင်းကနေ မရနိုင်ဘူး။”—ရော. ၁:၁၁၊ ၁၂။

“ဗိမာန်တော်နှင့် မခွာဘဲနေ” သောအန္နကဲ့သို့ ယနေ့ ကျွန်ုပ်တို့၏သက်ကြီးရွယ်အိုများစွာသည် သူတို့၏ကျန်းမာရေးနှင့် အခြေအနေများက ခွင့်ပြုသရွေ့ ခရစ်ယာန်အစည်းအဝေးများသို့ မှန်မှန်ရောက်ရှိလာကြသည်။ (လု. ၂:၃၆၊ ၃၇) လိုအပ်၍ တယ်လီဖုန်းလိုင်းကိုအသုံးပြုသောအခါ ယင်းကို နိုင်ငံတော်ခန်းမတွင် အသင်းတော်အစည်းအဝေးတက်ရောက်သည်ထက် ပိုလွယ်ကူသည့်နည်းလမ်းတစ်ခုအဖြစ် သူတို့ မရှုမြင်ကြပါ။ ကျွန်ုပ်တို့၏ကြီးမြတ်သောဘုရားသခင် ယေဟောဝါကို ကိုးကွယ်ရာတွင် ကျွန်ုပ်တို့သည် သူတို့၏ပုံသက်သေကောင်းကို တုပကာ အစည်းအဝေးများ၌ ကိုယ်တိုင်တက်ရောက်နိုင်ရန် ဆက်လက်ကြိုးစားအားထုတ်နိုင်ကြပါစေ။—ဆာ. ၉၅:၁-၃၊ ၆; ၁၂၂:၁။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၆)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်များ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ