ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • mrt ဆောင်းပါး ၃၂
  • သတင်းမှားတွေရဲ့ အန္တရာယ်ကို ကာကွယ်နိုင်ပုံ

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • သတင်းမှားတွေရဲ့ အန္တရာယ်ကို ကာကွယ်နိုင်ပုံ
  • ထပ်ဆင့် အကြောင်းအရာများ
  • ဆင်တူတဲ့ အကြောင်းအရာ
  • သားသမီးနဲ့ လူမှုမီဒီယာ—အပိုင်း ၁။ ကလေးတွေကို လူမှုမီဒီယာ ပေးသုံးသင့်သလား
    မိသားစုအတွက် အကူအညီ
  • လူမှုမီဒီယာက ငါ့ကို ဘယ်လိုထိခိုက်နေသလဲ
    လူငယ်များအမေး
  • လူမှုမီဒီယာကြောင့် သင့်ကလေး ထိခိုက်နေသလား—မိဘတွေအတွက် ကျမ်းစာထဲက အကူအညီ
    ထပ်ဆင့် အကြောင်းအရာများ
  • ကျန်းမာရေးဆိုင်ရာ ထိပ်တန်းအရာရှိတစ်ဦးက လူငယ်လေးတွေအပေါ် လူမှုမီဒီယာရဲ့ဆိုးကျိုးကို သတိပေး—ကျမ်းစာအဆိုက ဘာလဲ
    ထပ်ဆင့် အကြောင်းအရာများ
နောက်ထပ် ကြည့်ပါ
ထပ်ဆင့် အကြောင်းအရာများ
mrt ဆောင်းပါး ၃၂
သတင်းရင်းမြစ်အမျိုးမျိုးကို ဆန်းစစ်တွေးဆနေတဲ့ အမျိုးသား။

သတင်းမှားတွေရဲ့ အန္တရာယ်ကို ကာကွယ်နိုင်ပုံ

အခုခေတ်မှာ သတင်းအချက်အလက်တွေကို အရင်ကထက် လွယ်လွယ်နဲ့ ရနေပါပြီ။ ဘေးကင်းရေး၊ ကျန်းမာရေး အထောက်အကူပြု သတင်းတွေလည်း ပါတယ်။ ဒါပေမဲ့ အောက်ပါ သတင်းမှားတွေကိုတော့ သတိထားဖို့ လိုတယ်။

  • အထင်မှားစေတဲ့သတင်း

  • သတင်းမှား

  • လုပ်ကြံသတင်း

အမေရိကန်ပြည်ထောင်စု၊ အထွေထွေ အတွင်းရေးမှူးက ကိုဗစ်-၁၉ ကပ်ရောဂါကာလအတွင်း အန္တရာယ်များတဲ့ သတင်းမှားတွေ ပျံ့နေကြောင်း သတိပေးခဲ့တယ်။ “အန္တရာယ်များတဲ့ ဆေးဘက်ဆိုင်ရာ အကြံပြုချက်တွေ၊ အလိမ်အညာ ကုသနည်းတွေ ဒုနဲ့ဒေး။ လေလှိုင်းပေါ်မှာ သတင်းမှားတွေ အပြည့်။ လုပ်ကြံသတင်းတွေ အင်တာနက်မှာ ပွစာတက်နေတယ်။ အမုန်းစကားတွေ ကူးစက်ပျံ့နှံနေတယ်။ ကိုယ်နဲ့မတူ ရန်သူလို့ သဘောထားပြီး ကဲ့ရဲ့ပုတ်ခတ်နေကြတယ်” လို့ ပြောတယ်။

သတင်းမှားတွေဟာ အဆန်းတော့ မဟုတ်ဘူး။ ဒါပေမဲ့ ကျွန်တော်တို့ခေတ်မှာ “ဆိုးညစ်သူတွေ၊ အယောင်ဆောင်သူတွေ ဆိုးသည်ထက် ဆိုးလာပြီး သူတစ်ပါးကို လှည့်စားတဲ့အပြင် ကိုယ်တိုင်လည်း လှည့်စားခံနေရတယ်” လို့ ကျမ်းစာမှာ ကြိုဟောတယ်။ (၂ တိမောသေ ၃:၁၊ ၁၃) သတင်းမှားတွေကို အင်တာနက်ကနေ လွယ်လွယ်ကူကူ၊ မြန်မြန်ဆန်ဆန် ရနေပြီး မှန်တယ်အထင်နဲ့ ပြန်ဖြန့်နေကြတယ်။ အီးမေးလ်၊ လူမှုမီဒီယာ၊ အလိုအလျောက် ဝင်လာတဲ့ သတင်းတွေမှာ အချက်အလက်အမှားတွေ၊ အမှန်တစ်ဝက် အမှားတစ်ဝက် သတင်းတွေ ပြည့်နေတယ်။

ထင်ယောင်ထင်မှား ဖြစ်စေတဲ့သတင်း၊ လုပ်ကြံသတင်းတွေရဲ့ အန္တရာယ်ကို ဘယ်လို ကာကွယ်မလဲ။ အကူအညီဖြစ်စေတဲ့ ကျမ်းစာမူတချို့ကို သုံးသပ်ပါ။

  • မြင်ရကြားရတာတွေကို စဉ်းစားနေတဲ့ အမျိုးသား။

    ကြားရ မြင်ရသမျှကို အယုံမလွယ်ပါနဲ့

    ကျမ်းစာအဆို။ “ရိုးအတဲ့သူက ပြောသမျှ ယုံတတ်တယ်။ အမြော်အမြင်ရှိသူကတော့ ခြေလှမ်းတိုင်းကို စဉ်းစားဆင်ခြင်တတ်တယ်။”—ပညာအလိမ္မာ ၁၄:၁၅။

    သတိမထားရင် ကျွန်တော်တို့လည်း အလွယ်တကူ လှည့်စားခံရနိုင်တယ်။ အင်တာနက်မှာ၊ အထူးသဖြင့် လူမှုမီဒီယာမှာ စာတန်းတွဲထားတဲ့ ဓာတ်ပုံတွေ၊ ဗီဒီယိုအတိုအထွာတွေ ပလူပျံနေတယ်။ မီမီ (memes) လို့ ခေါ်ကြတဲ့ ရယ်စရာဟာသ ပုံတွေ ဗီဒီယိုတွေ၊ ရှေ့နောက်အဆက်အစပ် ဘာမှန်းမသိဘဲ လိုချင်တဲ့တစ်ကွက်ကို ဖြတ်ညှပ်ကပ် ယူထားတာတွေ ဖြစ်တယ်။ တကယ်တမ်း ပြောတာ၊ လုပ်တာ မဟုတ်ဘဲ ပြောနေ၊ လုပ်နေတယ်လို့ ထင်ရတဲ့ ဗီဒီယိုတွေကိုတောင် ဖန်တီးလို့ရတယ်။

    “သတင်းအမှား သုတေသီအများစုက လုပ်ကြံလီဆယ်ထားတဲ့၊ ရှေ့နောက်အဆက်အစပ် ဘာမှန်းမသိရတဲ့ ဖြတ်ညှပ်ကပ် ပုံတွေ၊ ဗီဒီယိုတွေကို မီဒီယာ ပလက်ဖောင်းတွေမှာ တွေ့ရလေ့ရှိတယ်။”—အက်ဇို့ မီဒီယာ။

    ကိုယ့်ကိုယ့်ကိုယ် မေးပါ။ ‘ဒီသတင်း မှန်ရဲ့လား။ meme ပဲလား။’

  • မှန်ဘီလူး။

    သတင်းရင်းမြစ်၊ အကြောင်းအရာကို ဆန်းစစ်ပါ

    ကျမ်းစာအဆို။ “အရာရာကို မှန်မမှန် အသေအချာ စစ်ဆေးပါ။”—၁ သက်သာလောနိတ် ၅:၂၁။

    အထပ်ထပ် အကျော့ကျော့ ဖော်ပြနေတဲ့ နာမည်ကြီးသတင်း ဖြစ်နေရင်တောင် မျက်စိမှိတ် မယုံခင်၊ တစ်ဆင့် ပြန်မရှဲခင် သတင်းမှန်ရဲ့လားဆိုတာ ဆန်းစစ်ပါ။ ဘယ်လို ဆန်းစစ်မလဲ။

    သတင်းရင်းမြစ်က ယုံကြည်ရရဲ့လားဆိုတာ ဆန်းစစ်ပါ။ သတင်းဌာနတွေ၊ အဖွဲ့အစည်းတွေက စီးပွားရေး၊ နိုင်ငံရေးအရ ဘက်လိုက်မှုရှိတဲ့ သတင်းတွေကို လိုရာဆွဲရေးထားတာ ဖြစ်နိုင်တယ်။ တခြားသတင်းဌာနတွေကော ဘယ်လို ဖော်ပြသလဲ နှိုင်းယှဉ်ပါ။ တစ်ခါတလေ သူငယ်ချင်းတွေက အမှုမဲ့အမှတ်မဲ့နဲ့ သတင်းမှားတွေကို အီးမေးလ် ပို့ပေးတာ၊ လူမှုမီဒီယာမှာ ပို့စ်တင်လိုက်တာ ဖြစ်နိုင်တယ်။ ဒါကြောင့် သတင်းရင်းမြစ်ကို အတိအကျ မသိဘူးဆိုရင် မယုံတာ ကောင်းတယ်။

    အကြောင်းအရာက လက်ရှိဖြစ်နေတာလား၊ တိကျမှန်ကန်ရဲ့လား အသေအချာ ဆန်းစစ်ပါ။ ရက်စွဲ၊ အချက်အလက်အမှန်၊ သတင်းမှန် ဖြစ်ကြောင်း ခိုင်လုံတဲ့အထောက်အထားကို ရှာပါ။ ခက်ခဲရှုပ်ထွေးတဲ့ အကြောင်းအရာကို ပေါ့ပျက်ပျက် ဖော်ပြထားတဲ့သတင်း၊ စိတ်ခံစားချက်တွေကို ဆွပေးတဲ့ သတင်းမျိုးဆိုရင် ပိုသတိထားပါ။

    “အချက်အလက်တွေ မှန်မမှန် စစ်ဆေးတာက လက်ဆေးတာလောက်ကို အရေးကြီးနေပြီ။”—အစားအသောက် ဘေးကင်းရေးနဲ့ အာဟာရဆိုင်ရာ ယူအန် ရုံးမှ စီနီယာ ဆရစ်ဒါ ဒါမာပူရီ။

    ကိုယ့်ကိုယ့်ကိုယ် မေးပါ။ ‘ဒီသတင်းက အဖြစ်မှန်လား၊ ထင်မြင်ယူဆချက်သက်သက်လား။ တစ်ဖက်သတ်ရှုထောင့်ကနေ တင်ဆက်ထားတာလား။’

  • စာရင်း။

    ကိုယ့်အကြိုက် မဟုတ်ဘဲ အဖြစ်မှန်တွေကို အခြေခံပါစေ

    ကျမ်းစာအဆို။ “ကိုယ့်စိတ်နှလုံးကို ယုံကြည်ကိုးစားသူဟာ မိုက်မဲတယ်။”—ပညာအလိမ္မာ ၂၈:၂၆။

    လူတွေဟာ ကိုယ်ယုံကြည်ရာဘက် ယိမ်းတဲ့ သတင်းတွေကို အမှန်လို့ ယုံတတ်ကြတယ်။ အင်တာနက် ကုမ္ပဏီတွေက ကျွန်တော်တို့အကြိုက်၊ ဝင်ရောက်ရှာဖွေမှုအပေါ် မူတည်ပြီး သတင်းတွေကို ပို့ပေးလေ့ရှိတယ်။ ဒါပေမဲ့ ကိုယ်ကြားချင်တဲ့အရာတိုင်းက ကြားဖို့လိုတဲ့အရာတော့ မဟုတ်ဘူး။

    “လူတွေ ပိုစဉ်းစားချင့်ချိန်တတ်လာတယ်။ ဒါပေမဲ့ ကိုယ့်ဆန္ဒ၊ မျှော်လင့်ချက်၊ ကြောက်စိတ်၊ စိတ်တွန်းအားတွေက ကိုယ်ယုံချင်တာကို ဇောင်းပေးထားတဲ့ သတင်းကို အမှန်လို့ ယူမှတ်လေ့ရှိကြတယ်။”—လူမှု စိတ်ပညာရှင် ပီတာ ဒစ်တို။

    ကိုယ့်ကိုယ်ကိုယ် မေးပါ။ ‘ကိုယ်ဖြစ်စေချင်နေတာကို ရေးထားတာနဲ့ပဲ သတင်းမှန်လို့ ယူဆတာလား။’

  • သတင်းမှားတွေကို အမှိုက်ပုံးထဲ ထည့်။

    သတင်းအမှားတွေ မဖြန့်ပါနဲ့

    ကျမ်းစာအဆို။ “မမှန်တဲ့သတင်း မဖြန့်နဲ့။”—ထွက်မြောက်ရာ ၂၃:၁။

    ကိုယ်ရှဲလိုက်တဲ့ သတင်းတွေက တခြားသူတွေရဲ့ အတွေး၊ လုပ်ရပ်တွေကို သက်ရောက်မှု ရှိကြောင်း သတိရပါ။ သတင်းတု၊ သတင်းမှားကို မရည်ရွယ်ဘဲ ရှဲလိုက်ရင်တောင် ဆိုးကျိုး ရှိနိုင်တယ်။

    “နံပါတ် ၁ က အလျင်စလို မရှဲပါနဲ့။ ʻဒီသတင်း သေချာရဲ့လား’ စစ်ဆေးပါ။ လူတိုင်းသာ အဲဒီလို လုပ်ရင် အွန်လိုင်းမှာ အခုလို သတင်းမှားတွေ ပျံ့နေမှာ မဟုတ်ဘူး။”—သတင်းစာပေ ပရောဂျက် ဒုတိယဥက္ကဌကြီး ပီတာ အာဒမ်။

    ကိုယ့်ကိုယ်ကိုယ် မေးပါ။ ‘ဒီသတင်း မှန်တာ သေချာလို့ ရှဲမှာလား။’

လုပ်ကြံသတင်းဆိုရာဝယ်

“လုပ်ကြံသတင်းတွေက လူတွေရဲ့ အတွေးအခေါ်၊ အပြုအမူကို သက်ရောက်အား ပြင်းလာတယ်” လို့ သုတေသီ စိတ်ပညာရှင် ရှိုနာ ဘော့ ပြောတယ်။ လုပ်ကြံသတင်းနဲ့ပတ်သက်ပြီး သိထားသင့်တာတွေ ရှိတယ်။

လုပ်ကြံသတင်းဆိုတာ ဘာလဲ။ လုပ်ကြံသတင်းဆိုတာ သြဇာအာဏာရှိတဲ့ ရက်စက်ယုတ်မာသူတစ်စုက ဖြစ်ရပ်တစ်ခု၊ အဖြစ်ဆိုးတစ်ခုကို အကွက်ကျကျ စီစဉ်ထားတဲ့ သတင်း ဖြစ်တယ်။

ဘာကြောင့် အန္တရာယ် ရှိသလဲ။ လုပ်ကြံသတင်းတွေက သတင်းမှန်တွေကို ယုံကြည်မှု ပျောက်စေနိုင်တယ်။ မှန်ကန်တဲ့ ဆေးဘက်အကြံဉာဏ်တွေ၊ ဘေးကင်းတဲ့ အကြံပြုချက်တွေကို လက်မခံတော့တဲ့အထိ ဖြစ်စေတယ်။ လုပ်ကြံသတင်းတွေက ခွဲခြားဆက်ဆံမှု၊ မုန်းတီးမှု၊ အကြမ်းဖက်မှုကို တိုးများစေတယ်။

ဘာကြောင့် လူကြိုက်များသလဲ။ “စစ်၊ စီးပွားရေးကျဆင်းမှု၊ ဆူနာမီ၊ ငလျင်၊ ကပ်ရောဂါတို့လို သဘာဝဘေး ဖြစ်ပြီးနောက် စိုးရိမ်သောက၊ မရေရာမသေချာမှု၊ အခက်အခဲတွေ များတဲ့ကာလ” မှာ လုပ်ကြံသတင်းတွေကို လူကြိုက်များကြတယ်လို့ ဗြိတိန်နီကာ စွယ်စုံကျမ်းက ဆိုတယ်။ ဒီလို ကသောင်းကနင်းနိုင်ချိန်မှာ လုပ်ကြံသတင်းတွေဟာ သူတို့ယုံချင်တာနဲ့ ကွက်တိဖြစ်နေတဲ့အတွက်၊ ဘာကြောင့် ဒီလောက် အခြေအနေဆိုးနေတယ်ဆိုတာ သိစေတဲ့အတွက် လက်ခံကြတယ်။

လုပ်ကြံသတင်းတွေရဲ့ အန္တရာယ်ကနေ ကာကွယ်ဖို့ ကျမ်းစာက ဘယ်လို ကူညီနိုင်သလဲ။ စိတ်ဖိစီးစရာအချိန်မှာ စိုးရိမ်သောကကို ထိန်းချုပ်ဖို့ ကူညီတဲ့ လက်တွေ့ကျ အကြံပြုချက်တွေ ကျမ်းစာမှာ ပါတယ်။ လက်ရှိပြဿနာရဲ့ နောက်ကွယ်အကြောင်းရင်းအပြင် ဖြေရှင်းနည်းကိုပါ ဖော်ပြထားတယ်။ ပိုသိဖို့ ကျမ်းစာကို ဘာကြောင့် လေ့လာသင့်သလဲ ဗီဒီယိုကို ကြည့်ပါ။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်များ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ