ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • mrt ဆောင်းပါး ၃၆
  • သာတူညီမျှ စီးပွားရေးစနစ် ရှိလာနိုင်မလား

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • သာတူညီမျှ စီးပွားရေးစနစ် ရှိလာနိုင်မလား
  • ထပ်ဆင့် အကြောင်းအရာများ
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • ဘုရားသခင် ဖြေရှင်းပေးမယ့် စီးပွားရေး ပြဿနာများ
  • မကြာမီ မည်သူမျှချို့တဲ့တော့မည်မဟုတ်!
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၅
  • ဆင်းရဲနွမ်းပါးမှု
    နိုးလော့!—၂၀၁၅
  • ယေရှု၏ပုံသက်သေကိုလိုက်ပြီး နွမ်းပါးသူများကို စိုးရိမ်ကြောင့်ကြမှုပြပါ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၆
  • နွမ်းပါးမှု ထာဝစဉ်ဖြေရှင်းနည်း ရှာတွေ့ခြင်း
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၃
နောက်ထပ် ကြည့်ပါ
ထပ်ဆင့် အကြောင်းအရာများ
mrt ဆောင်းပါး ၃၆
ဆင်းရဲသားရပ်ကွက်ကနေ အဆင့်မြင့်တိုက်ခန်းတွေကို လူတစ်ဦး ငေးမောကြည့်နေစဉ်။

သာတူညီမျှ စီးပွားရေးစနစ် ရှိလာနိုင်မလား

နိုင်ငံအတော်များများမှာ လူတွေဟာ စီးပွားရေး မမျှတမှုကြောင့် လမ်းပေါ်ထွက်ပြီး ဆန္ဒပြနေကြတယ်။ ကိုဗစ် ၁၉ ကပ်ရောဂါကြောင့် စီးပွားရေး အကျပ်အတည်း ပြဿနာတွေ ပိုဆိုးလာတယ်။ အသွားအလာ ကန့်သတ်မှု၊ ပစ္စည်းပြတ်လပ်မှုတို့က အခြေအနေကို ပိုဆိုးစေတဲ့အပြင် ကျန်းမာရေး စောင့်ရှောက်မှုကောင်း မရခြင်းကလည်း ဆင်းရဲချမ်းသာ ကွာဟမှု ပိုသိသာစေတယ်။

ကမ္ဘာတစ်ဝန်းမှာ ကြုံတွေ့နေရတဲ့ ဒီစီးပွားရေး အကျပ်အတည်းတွေ ပြေလည်နိုင်ပါ့မလား။ ပြေလည်သွားမှာပါ။ ကျွန်တော်တို့ ကြုံတွေ့နေရတဲ့ ပြဿနာတွေကို ဘုရားသခင် ဖြေရှင်းပေးမယ်လို့ ကျမ်းစာမှာ ဖော်ပြထားတယ်။

ဘုရားသခင် ဖြေရှင်းပေးမယ့် စီးပွားရေး ပြဿနာများ

ပြဿနာ။ လူတိုင်း လိုအပ်ရာတွေ ပိုင်ဆိုင်နိုင်မယ့် စီးပွားရေး စနစ်မျိုးကို လူတွေ မဖန်တီးပေးနိုင်ဘူး။

ဖြေရှင်းနည်း။ ဘုရားသခင်က လူ့အုပ်ချုပ်မှုတွေကို ဘုရားနိုင်ငံတော်လို့ ခေါ်တဲ့ အုပ်ချုပ်မှုနဲ့ အစားထိုးပါလိမ့်မယ်။ အဲဒီနိုင်ငံတော်က ကောင်းကင်ကနေ ကမ္ဘာမြေတစ်ခွင်လုံးကို အုပ်ချုပ်ပါလိမ့်မယ်။—ဒံယေလ ၂:၄၄။ မဿဲ ၆:၁၀။

ရလဒ်။ ဘုရားနိုင်ငံတော် အစိုးရက ကမ္ဘာတစ်ခွင်လုံးကို အုပ်ချုပ်မှာ ဖြစ်လို့ ကမ္ဘာ့ပြဿနာတွေကို ဖြေရှင်းပေးပါလိမ့်မယ်။ ဆင်းရဲတွင်း နက်နေတာ၊ ငွေကြေးဆိုင်ရာ မလုံခြုံမှုတွေနဲ့ အသက်ရှင်နေရတာမျိုး ကြုံကြရတော့မှာ မဟုတ်ဘူး။ (ဆာလံ ၉:၇-၉၊ ၁၈) ကိုယ့်လုပ်အားနဲ့ ထိုက်တန်တဲ့ အကျိုးကျေးဇူးတွေကို ခံစားရမယ်၊ မိသားစုနဲ့အတူ ကျေနပ်ပျော်ရွှင်စရာကောင်းတဲ့ ဘဝမျိုး ပိုင်ဆိုင်ရမယ်။ “လူတွေက အိမ်တွေ ဆောက်ပြီး ကိုယ်တိုင် နေထိုင်ရလိမ့်မယ်။ စပျစ်ခြံတွေ စိုက်ပြီး စပျစ်သီးတွေကို ကိုယ်တိုင် စားသုံးရလိမ့်မယ်။ သူတို့ ဆောက်တဲ့ အိမ်မှာ တခြားသူတွေ နေထိုင်မှာ မဟုတ်ဘူး။ သူတို့ စိုက်ပျိုးတဲ့ အပင်တွေကို တခြားသူတွေ စားသုံးမှာ မဟုတ်ဘူး” လို့ ကျမ်းစာမှာ ကတိပေးထားတယ်။—ဟေရှာယ ၆၅:၂၁၊ ၂၂။

ပြဿနာ။ လူတွေဟာ ဆင်းရဲဒုက္ခတွေ၊ ချို့ငဲ့မှုတွေကို မလွှဲမရှောင်သာ ကြုံရကြတယ်။

ဖြေရှင်းနည်း။ ကြောက်ရွံ့မှု၊ မလုံခြုံမှု ဖြစ်ပေါ်စေတဲ့အရာ မှန်သမျှကို နိုင်ငံတော်အားဖြင့် ဘုရား ဖယ်ရှားပေးမယ်။

ရလဒ်။ ဘဝရဲ့ အခြေခံ လိုအပ်ရာတွေကို လက်လွတ်ဆုံးရှုံးစေတဲ့ အဖြစ်မျိုး မကြုံရတော့အောင် ဘုရား စောင့်ရှောက်ပေးမယ်။ စစ်ပွဲ၊ အစာရှားပါးမှု၊ ကပ်ရောဂါတွေ ရှိတော့မှာ မဟုတ်ဘူး။ (ဆာလံ ၄၆:၉။ ၇၂:၁၆။ ဟေရှာယ ၃၃:၂၄) “ငါ့လူတွေဟာ ငြိမ်းချမ်းလုံခြုံတဲ့ နေရာ၊ ငြိမ်သက်အေးချမ်းတဲ့ နားခိုစရာနေရာတွေမှာ နေထိုင်ရလိမ့်မယ်” လို့ ဘုရား ကတိပေးထားတယ်။—ဟေရှာယ ၃၂:၁၈။

ပြဿနာ။ တစ်ကိုယ်ကောင်းသမား၊ လောဘသမားတွေ အမြတ်ထုတ်တာကို လူတွေ ခံနေရတယ်။

ဖြေရှင်းနည်း။ ဘုရားနိုင်ငံတော်မှာ နေထိုင်မယ့်သူတွေဟာ ကိုယ့်အကျိုးထက် တခြားသူတွေရဲ့ အကျိုးကို ပိုဦးစားပေးတတ်လာမယ်။—မဿဲ ၂၂:၃၇-၃၉။

ရလဒ်။ ဘုရားနိုင်ငံတော် အုပ်ချုပ်တဲ့အခါ လူတိုင်း “ကိုယ်ကျိုးမရှာတတ်” တဲ့၊ ဘုရား ပြတဲ့ မေတ္တာမျိုး ပြကြလိမ့်မယ်။ (၁ ကောရိန္သု ၁၃:၄၊ ၅) “သူတို့က သန့်ရှင်းတဲ့ ငါ့ရဲ့ တောင်တစ်ပြင်လုံးမှာ ဘာအန္တရာယ်မှ ပေးမှာ မဟုတ်ဘူး။ ဖျက်လိုဖျက်ဆီး လုပ်မှာ မဟုတ်ဘူး။ ပင်လယ်ဟာ ရေတွေနဲ့ ဖုံးလွှမ်းနေသလို ကမ္ဘာမြေဟာ ယေဟောဝါaကို သိကျွမ်းခြင်းနဲ့ ပြည့်နေမှာ ဖြစ်လို့ပဲ” ဆိုပြီး ကျမ်းစာ ဆိုထားတယ်။—ဟေရှာယ ၁၁:၉။

ကျွန်တော်တို့ဟာ လက်ရှိ လောကစနစ်ရဲ့ နောက်ဆုံးအချိန်မှာ အသက်ရှင်နေကြတယ်၊ စီးပွားရေး ပြဿနာတွေ ဖြေရှင်းပေးမယ်ဆိုတဲ့ ကတိကို ဘုရားသခင် မကြာခင် ပြည့်စုံစေတော့မယ်လို့ ကျမ်းစာမှာ ဖော်ပြထားတယ်။b (ဆာလံ ၁၂:၅) လောလောဆယ် ကြုံတွေ့နေရတဲ့ စီးပွားရေး ပြဿနာတွေကို ရင်ဆိုင်ဖြေရှင်းနိုင်ဖို့ ကျမ်းစာမူတွေက ကူညီပေးနိုင်ပါတယ်။ ဥပမာ၊ “ဝင်ငွေနည်းနည်းနဲ့ ဆက်ရပ်တည်နိုင်ပုံ၊” “ငွေနဲ့ပတ်သက်ပြီး မျှတတဲ့အမြင်” ဆောင်းပါးတွေကို ကြည့်ပါ။

ကျမ်းစာ၊ စီးပွားရေးနဲ့ပတ်သက်တဲ့ ယူဆချက် အမှားများ

ယူဆချက် အမှား။ “ဆင်းရဲသားတွေဟာ ခင်ဗျားတို့နဲ့အတူ အမြဲ ရှိနေမှာပဲ” ဆိုတဲ့ ယေရှုရဲ့ စကားအရ ဆင်းရဲနွမ်းပါးမှု ဘယ်တော့မှ ပပျောက်မှာ မဟုတ်ဘူး။—မဿဲ ၂၆:၁၁။

အမှန်။ မတရားတဲ့ ဒီလောကစနစ် တည်ရှိနေသရွေ့ ဆင်းရဲသားတွေ ရှိနေမယ်ဆိုတဲ့ အဖြစ်မှန်ကို ယေရှု ပြောနေတာပါ။ ယေရှုက “နွမ်းပါးသူတွေကို သတင်းကောင်း ကြေညာ” ခဲ့တယ်။ အဲဒီသတင်းကောင်းမှာ ဘုရားသခင့် နိုင်ငံတော်က ဆင်းရဲနွမ်းပါးမှုကို အဆုံးတိုင်စေမယ်ဆိုတဲ့ ကတိ ပါဝင်တယ်။—လုကာ ၄:၁၈၊ ၄၃။

ယူဆချက် အမှား။ “ခင်ဗျားရဲ့ ပစ္စည်းတွေကို ရောင်းပြီး ဆင်းရဲသားတွေကို ပေးကမ်းပါ” လို့ ယေရှု ပြောခဲ့တဲ့အတွက် ဆင်းရဲမှသာ ဘုရားနှစ်သက်မှု ရနိုင်တယ်။—မဿဲ ၁၉:၂၁။

အမှန်။ ယေရှုက မိမိရဲ့ နောက်လိုက်တွေအတွက် ဘဝနေနည်း သတ်မှတ်ပေးနေတာ မဟုတ်ဘူး။ ပစ္စည်းဥစ္စာကြောင့် အာရုံထွေပြားနေတဲ့ လူငယ်ကို ပြောခဲ့တဲ့ စကားပါ။ ဘဝကို ရိုးရိုးရှင်းရှင်း နေပြီး ယေရှုနောက်လိုက် လုပ်ဖို့ အဲဒီလူငယ်ကို ယေရှု ဖိတ်ခေါ်နေတာပါ။

ယူဆချက် အမှား။ “ယေဟောဝါရဲ့ ကောင်းချီးက ကြွယ်ဝစေတယ်” လို့ ကျမ်းစာ ဆိုထားတဲ့အတွက် ဘုရားကောင်းချီး ရသူတွေဟာ ကြွယ်ဝချမ်းသာကြတယ်။—ပညာအလိမ္မာ ၁၀:၂၂။

အမှန်။ ကျမ်းစာမှာ ပါတဲ့ “ယေဟောဝါရဲ့ ကောင်းချီး” ဆိုတာ အဓိပ္ပာယ်ရှိတဲ့ ဘဝ၊ ဘုရားနဲ့ ခင်မင်ရင်းနှီးခွင့်၊ အနာဂတ် မျှော်လင့်ချက် ရှိခြင်း စတာတွေကို ဆိုလိုတယ်။ (ဆာလံ ၂၅:၁၄။ ယောဟန် ၁၇:၃) ဘုရားလူမျိုးတချို့ ချမ်းသာကြွယ်ဝတာ မှန်ပေမဲ့ ခရစ်ယာန် အများစုက မချမ်းသာကြပါဘူး။ (ကမ္ဘာဦး ၂၄:၃၄၊ ၃၅။ ယာကုပ် ၂:၅) ယေရှုခရစ်တောင် ရုပ်ပစ္စည်း များများစားစား မပိုင်ဆိုင်ခဲ့ဘူး။—မဿဲ ၈:၂၀။

ယူဆချက် အမှား။ ပထမရာစု ခရစ်ယာန်တွေဟာ ‘ရှိတာတွေကို ဝေမျှသုံးစွဲကြတယ်။ သူတို့ရဲ့ ပစ္စည်းဥစ္စာတွေ၊ ပိုင်ဆိုင်ရာတွေကို ရောင်းကြတယ်’ ဆိုတဲ့အချက်ကို ကြည့်ရင် ဘုံဝါဒကို ကျမ်းစာ အားပေးတယ်။—တမန်တော် ၂:၄၄၊ ၄၅။

အမှန်။ ခရစ်ယာန်ဖြစ်ခါစသူတွေရဲ့ လိုအပ်ရာတွေကို ဖြည့်ဆည်းပေးတဲ့ ယာယီအစီအစဉ်အကြောင်း ဖော်ပြနေခြင်း ဖြစ်တယ်။ သူတို့က ပင်တေကုတ္တေပွဲ တက်ဖို့ ဂျေရုဆလင်ကို ရောက်နေသူတွေ ဖြစ်တယ်။ (တမန်တော် ၂:၅) ခရစ်ယာန်တွေ ဖြစ်လာပြီး ယုံကြည်ခြင်းအသစ်ကို ဆက်သင်ယူဖို့အတွက် ဂျေရုဆလင်မြို့မှာ ထင်ထားတာထက် ပိုကြာသွားတယ်။ ဒါကြောင့် သူတို့ စားစရာ၊ နေစရာ ရနိုင်ဖို့ ခရစ်ယာန်ချင်းတွေက မိမိတို့ ပိုင်ဆိုင်ရာတွေကို စိတ်ရင်းစေတနာနဲ့ ဝေမျှကြတယ်။—တမန်တော် ၂:၄၁၊ ၄၂၊ ၄၆၊ ၄၇။

a ယေဟောဝါဆိုတာ ကျမ်းစာမှာပါတဲ့ ဘုရားသခင့်နာမည် ဖြစ်ပါတယ်။—ဆာလံ ၈၃:၁၈။

b ကျမ်းစာကို ဘာကြောင့် ယုံကြည်စိတ်ချနိုင်သလဲဆိုတာ သိဖို့ “သမ္မာကျမ်းစာ—ယုံကြည်စိတ်ချရတဲ့ ရင်းမြစ်” ဆောင်းပါးကို ကြည့်ပါ။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၆)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်များ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ