ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • mrt ဆောင်းပါး ၂၅
  • ကမ္ဘာကြီးကို ဘယ်သူ ကယ်တင်ပေးမလဲ

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ကမ္ဘာကြီးကို ဘယ်သူ ကယ်တင်ပေးမလဲ
  • ထပ်ဆင့် အကြောင်းအရာများ
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • လူ့ကြိုးပမ်းမှုတွေ အရာထင်ပါ့မလား
  • မျှော်လင့်စရာအကြောင်း
  • ကမ္ဘာမြေ ဖျက်ဆီးခံရမလား
    ကျမ်းစာမေးခွန်းများရဲ့ အဖြေ
  • လူတွေကြောင့် ကမ္ဘာကြီး ပျက်စီးသွားမှာလား
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၁၄
  • ကမ္ဘာမြေ ဆက်ရှင်သန်မယ်လို့ ဘုရားသခင် ကတိပြု
    နိုးလော့!—၂၀၂၃
  • ဖန်ဆင်းရှင်ထံမှ ထာဝရ ဆုလက်ဆောင်
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၇
နောက်ထပ် ကြည့်ပါ
ထပ်ဆင့် အကြောင်းအရာများ
mrt ဆောင်းပါး ၂၅
မိန်းကလေးတစ်ဦး ပန်းပင် ရေလောင်းနေ။ ခပ်လှမ်းလှမ်းမှာ စက်ရုံတွေကြောင့် ပတ်ဝန်းကျင် လေထုညစ်ညမ်းနေ။

ကမ္ဘာကြီးကို ဘယ်သူ ကယ်တင်ပေးမလဲ

ကမ္ဘာမြေနဲ့ ကမ္ဘာပေါ်က သက်ရှိတွေဟာ လူတွေကြောင့် ထိခိုက်ပျက်စီးနေတဲ့အတွက် လူအတော်များများ စိုးရိမ်သောကရောက်နေကြတယ်။ သဘာဝပတ်ဝန်းကျင် ပညာရှင်တချို့ရဲ့ အဆိုအရ ကမ္ဘာပေါ်က ဇီဝမျိုးစုံမျိုးကွဲတွေဟာ လူတွေရဲ့ လုပ်ရပ်ကြောင့် မကြုံစဖူး အတိုင်းအတာနဲ့ ဘေးအန္တရာယ် ကြုံနေရပြီး မျိုးသုဉ်းပျောက်ကွယ်မယ့် အခြေအနေ ဆိုက်နေတယ်။

လူတွေကြောင့် ကမ္ဘာမြေ ပျက်စီးသွားမလား။ ဒါမှမဟုတ် သဘာဝပတ်ဝန်းကျင်နဲ့ လိုက်လျောညီထွေ ဖြစ်အောင် နေထိုင်နိုင်အုံးမလား။

လူ့ကြိုးပမ်းမှုတွေ အရာထင်ပါ့မလား

လူတွေဟာ ကမ္ဘာမြေကို ထိန်းသိမ်းကာကွယ်ပြီး သဘာဝတရားနဲ့ သဟဇာတ ဖြစ်အောင် နေထိုင်နိုင်မယ်လို့ ပညာရှင်အတော်များများ ယုံတယ်။ သုတေသီတချို့ကတော့ အခြေအနေ အရပ်ရပ်ကို တစ်ပြိုင်တည်း ပြုပြင်ပြောင်းလဲမှသာ လူတွေရဲ့ ကြိုးပမ်းမှု အောင်မြင်မယ်လို့ ဆိုကြတယ်။ ပြောင်းလဲရမယ့် အချက်တွေကတော့–

  • လယ်ယာ၊ သစ်တော၊ မြစ်ချောင်းအင်းအိုင်၊ သမုဒ္ဒရာ ထိန်းသိမ်းကာကွယ်ပုံကို တိုးတက်စေခြင်း။

  • စိုက်ပျိုးနည်းစနစ်တွေ၊ စွမ်းအင်ထုတ်လုပ်နည်းတွေ ပြောင်းလဲအသုံးပြုခြင်း။

  • အသားငါး စားသုံးမှုကို လျှော့ချပြီး ဟင်းသီးဟင်းရွက် ပိုမိုစားသုံးဖြစ်အောင် ထုတ်လုပ်ဖြန့်ချိခြင်း၊ ဒီနည်းနဲ့ အစားအစာ လေလွင့်ပျက်စီးမှုကို လျှော့ချခြင်း။

  • ရုပ်ဝတ္ထုပစ္စည်း များများ ပိုင်ဆိုင်မှ နေပျော်တဲ့ဘဝ မဟုတ်ကြောင်း သိထားခြင်း။

ဘယ်လို ထင်ပါသလဲ။ ဒီကိစ္စနဲ့ပတ်သက်ပြီး အစိုးရတွေ၊ စီးပွားရေးလုပ်ငန်းတွေ၊ လူတွေ မကြုံစဖူး အတိုင်းအတာနဲ့ ပူးပေါင်းလုပ်ဆောင်လာကြမယ်လို့ မျှော်လင့်နိုင်ပါ့မလား။ လောဘဇောတိုက်၊ တစ်ကိုယ်ကောင်းဆန်ပြီး ရှေ့ရေးကို မကြည့်သူတွေ ရှိနေသရွေ့ ပြောင်းလဲလာနိုင်မှာ မဟုတ်ဘူးလို့ ထင်ပါသလား။—၂ တိမောသေ ၃:၁-၅။

မျှော်လင့်စရာအကြောင်း

ဒီကမ္ဘာမြေဟာ လှပတဲ့ အနာဂတ် ရှိမယ်လို့ ကျမ်းစာ အာမခံထားတယ်။ လူ့ကြိုးပမ်းမှုတစ်ခုတည်းနဲ့ ကမ္ဘာမြေကို ကယ်တင်လို့ မရကြောင်း၊ အပြောင်းအလဲကြီးတစ်ခု လုပ်တော့မယ့်အကြောင်း၊ ဘယ်နည်းဘယ်ပုံ ပြောင်းလဲမယ်ဆိုတဲ့အကြောင်းကိုလည်း ဖော်ပြတယ်။

လူ့ကြိုးပမ်းမှုတစ်ခုတည်းနဲ့ ကမ္ဘာမြေကို မကယ်နိုင်ရတဲ့အကြောင်း။ ယေဟောဝါa ဘုရားက ကမ္ဘာမြေကို ဖန်ဆင်းပြီးနောက် ထိန်းသိမ်းစောင့်ရှောက်ဖို့ လူကို တာဝန်ပေးတယ်။ (ကမ္ဘာဦး ၁:၂၈။ ၂:၁၅။) လူတွေက ဖန်ဆင်းရှင်ရဲ့ စကားကို နားထောင်ပြီး လမ်းညွှန်မှုကို လိုက်နာမှသာ မိမိတို့တာဝန်ကို ကျေပွန်နိုင်မယ်။ (ပညာအလိမ္မာ ၂၀:၂၄) ဒါပေမဲ့ ယေဟောဝါကို ပစ်ပယ်ပြီး ကိုယ့်လမ်းကိုယ် လျှောက်ခဲ့ကြတယ်။ (ဒေသနာ ၇:၂၉) ဒါကြောင့် ကမ္ဘာမြေကို ထိန်းသိမ်းစောင့်ရှောက်နိုင်စွမ်း လူတွေမှာ မရှိဘူး။ ဘယ်လောက်ပဲ ကြိုးစားကြိုးစား မဆိုစလောက် တိုးတက်ရုံပဲ ရှိမယ်၊ အောင်မြင်စွာ ထိန်းသိမ်းကာကွယ်နိုင်မှာ မဟုတ်ဘူး။—ပညာအလိမ္မာ ၂၁:၃၀။ ယေရမိ ၁၀:၂၃။

ပြုလုပ်ရမယ့် အပြောင်းအလဲ။ ကမ္ဘာမြေ ဖျက်ဆီးနေသူတွေကို ရပ်တန်းက ရပ်သွားအောင် လုပ်ဖို့ ဘုရား ရည်ရွယ်ထားတယ်။ (ဗျာဒိတ် ၁၁:၁၈) ကမ္ဘာဂြိုဟ်ကို ဖျက်လိုဖျက်ဆီး လုပ်နေတဲ့ အစိုးရတွေ၊ လူ့အဖွဲ့အစည်းတွေကို ပြုပြင်ပြောင်းလဲခြင်း မလုပ်ဘဲ အစားထိုးပါလိမ့်မယ်။ (ဗျာဒိတ် ၂၁:၁) ဒါကြောင့် ယေဟောဝါဘုရားက “အရာခပ်သိမ်းကို ငါ အသစ်ဖန်ဆင်းနေတယ်” လို့ ပြောတယ်။—ဗျာဒိတ် ၂၁:၅။

ဘယ်နည်းဘယ်ပုံ ပြောင်းလဲမလဲ။ ယေဟောဝါက လူ့အစိုးရတွေကို ဘုရားသခင့် နိုင်ငံတော်လို့ ခေါ်တဲ့ ကောင်းကင်နိုင်ငံနဲ့ အစားထိုးပါလိမ့်မယ်။ ယေရှုခရစ်ရဲ့ ဦးဆောင်မှုအောက်မှာ ရှိတဲ့ အဲဒီအစိုးရက ကမ္ဘာမြေကို အုပ်ချုပ်ပါလိမ့်မယ်။—ဒံယေလ ၂:၄၄။ မဿဲ ၆:၁၀။

ဘုရားရဲ့ ဖြောင့်မတ်တဲ့ စံနှုန်းအတိုင်း လူတွေ နေထိုင်နိုင်အောင် ဘုရားနိုင်ငံတော်က သွန်သင်ပေးမှာ ဖြစ်တယ်။ မိမိတို့ဖန်ဆင်းရှင်ကို အသိအမှတ်ပြုပြီး လမ်းညွှန်ချက်တွေကို လိုက်နာကြတဲ့အခါ သဘာဝလောကကြီးနဲ့ လိုက်လျောညီထွေ ဖြစ်အောင် ပြုမူနေထိုင်နိုင်ကြပါလိမ့်မယ်။ (ဟေရှာယ ၁၁:၉) ကမ္ဘာကြီးနဲ့ သဟဇာတ ဖြစ်တဲ့ အကောင်းဆုံး ဘဝမျိုးနဲ့ နိုင်ငံသားတွေ နေထိုင်နိုင်အောင် ဘုရားသခင့်အစိုးရ ဘယ်လို လုပ်ပေးမလဲဆိုတာ ကျမ်းစာမှာ ဖော်ပြထားတယ်။ ဘုရားသခင့်နိုင်ငံတော်က

  • လူတိုင်းအတွက် အစားအသောက် ဖြည့်ဆည်းပေးမယ်။—ဆာလံ ၇၂:၁၆။

  • သဘာဝ သယံဇာတတွေကို ပြန်ဖြည့်ဆည်းပေးမယ်။—ဟေရှာယ ၃၅:၁၊ ၂၊ ၆၊ ၇။

  • လူနဲ့ တိရစ္ဆာန်တွေကို သင့်မြတ်မှု ရှိစေမယ်။—ဟေရှာယ ၁၁:၆-၈။ ဟောရှေ ၂:၁၈။

  • သဘာဝဘေးအန္တရာယ်တွေ တားဆီးပေးမယ်။—မာကု ၄:၃၇-၄၁။

အဲဒီလို အခြေအနေမျိုး ဖြစ်အောင် ဘုရားသခင့်နိုင်ငံတော်က မကြာခင် ပြောင်းလဲပေးပါတော့မယ်။ ပိုသိချင်ရင် “ဘုရားသခင့်နိုင်ငံတော်က ကမ္ဘာမြေကို ဘယ်အချိန်မှာ အုပ်ချုပ်မလဲ” ဆောင်းပါးကို ဖတ်ကြည့်ပါ။

a ယေဟောဝါဆိုတာ ဘုရားသခင်ရဲ့နာမည် ဖြစ်တယ်။—ဆာလံ ၈၃:၁၈။

ကမ္ဘာဂြိုဟ်ကို တန်ဖိုးထားကြောင်း ဘယ်လို ပြသနိုင်သလဲ

သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ပြဿနာတွေကို ဘုရားနိုင်ငံတော် လုံးဝ ဖြေရှင်းပေးမယ့်နေ့ကို စောင့်မျှော်ရင်း လက်ရှိမှာလည်း ဒီကမ္ဘာဂြိုဟ်ကို တန်ဖိုးထားလေးမြတ်ကြောင်း အတတ်နိုင်ဆုံး ပြသနိုင်ပါတယ်။ အလေအလွင့် မဖြစ်အောင် ဖြုန်းတီးတာကို ရှောင်ပါ။ ပြန်လည်အသုံးချနိုင်တဲ့ စွန့်ပစ်ပစ္စည်းဆိုင်ရာ စည်းမျဉ်းတွေ၊ အမှိုက်ခွဲခြားစွန့်ပစ်ခြင်းဆိုင်ရာ ဥပဒေတွေကို လိုက်နာပါ။—ယောဟန် ၆:၁၂၊ ၁၃။ ရောမ ၁၃:၁၊ ၅။

  • ဘရက်။

    ဘရက်ဟာ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ အတိုင်ပင်ခံအဖြစ်ကနေ အငြိမ်းစားယူထားသူပါ။ ဂေဟဗေဒဆိုင်ရာ အသိပညာကြောင့် ကမ္ဘာမြေကို ကာကွယ်ပေးမယ့် ဖန်ဆင်းရှင်တစ်ပါး ရှိတယ်ဆိုတာ သူ လက်ခံတယ်။ သူ့အကြောင်း ဖတ်ကြည့်ပါ။

  • ယေဟောဝါသက်သေများရဲ့ ကမ္ဘာဌာနချုပ် အဆောက်အအုံသစ်တွေကို ဆောက်လုပ်ရေးလုပ်သားနှစ်ဦး လှမ်းကြည့်နေစဉ်။

    ဖန်ဆင်းရှင်ကို ရိုသေလေးစားကြောင်း ယေဟောဝါသက်သေတွေ ပြတဲ့ နည်းတစ်နည်းကတော့ ဆောက်လုပ်ရေး စီမံကိန်းကြီးတွေမှာ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းကာကွယ်တဲ့ နည်းတွေကို အသုံးပြုခြင်း ဖြစ်တယ်။ သူတို့ရဲ့ လုပ်ဆောင်ပုံကို သိဖို့ ဂေဟသဘာဝ ဝန်းကျင်ကို အကျိုးပြုတဲ့ ဒီဇိုင်းက ယေဟောဝါကို ဂုဏ်တင် ဗီဒီယိုကို ရှုစားကြည့်ပါ။

ကမ္ဘာမြေအကြောင်း ဖော်ပြတဲ့ ကျမ်းပိုဒ်များ

ကမ္ဘာဦး ၂:၁၅။ “ယေဟောဝါဘုရားက လူကို ဧဒင်ဥယျာဉ်မှာ နေခိုင်းတယ်။ ဥယျာဉ်ကို ထွန်ယက်စိုက်ပျိုးပြီး ထိန်းသိမ်းစောင့်ရှောက်ခိုင်းတယ်။”

ဆိုလိုရင်း။ ကမ္ဘာ့စံအိမ်ကို ထိန်းသိမ်းစောင့်ရှောက်ဖို့ လူသားတွေကို ဘုရား တာဝန်ပေးထားတယ်။

ကမ္ဘာဦး ၁:၂၈။ “ဘုရားသခင်က ... ‘သားသမီးတွေ အများကြီး မွေးကြ။ ကမ္ဘာမြေကို ပြည့်စေပြီး အုပ်ထိန်းကြ။ ပင်လယ်ငါးတွေ၊ မိုးကောင်းကင်မှာ ပျံတဲ့ ငှက်တွေ၊ ကုန်းသတ္တဝါတွေကို အုပ်စိုးကြ’ လို့ ပြောပြီး သူတို့ကို ကောင်းချီးပေးတယ်။”

ဆိုလိုရင်း။ တိရစ္ဆာန်တွေကို ထိန်းသိန်းစောင့်ရှောက်ဖို့ လူတွေကို တာဝန်ပေးတယ်။

ဟေရှာယ ၄၅:၁၈။ “ယေဟောဝါဟာ မိုးကောင်းကင်ကို ဖန်ဆင်းတဲ့အရှင်၊ စစ်မှန်တဲ့ ဘုရားသခင်၊ ကမ္ဘာမြေကို ပုံသွင်းတဲ့အရှင်၊ ကမ္ဘာမြေကို အခိုင်အမာ တည်တဲ့ အရှင်ပဲ။ ကမ္ဘာမြေကို အကြောင်းမဲ့ ဖန်ဆင်းတာ မဟုတ်ဘဲ သတ္တဝါတွေ နေထိုင်ဖို့ ဖန်ဆင်းခဲ့တဲ့အရှင်ပဲ။ ကိုယ်တော် ပြောတာက “ငါဟာ ယေဟောဝါပဲ။ ငါကလွဲလို့ တခြားဘုရား မရှိဘူး။”

ဆိုလိုရင်း။ ကမ္ဘာမြေကြီးနဲ့ပတ်သက်တဲ့ ဘုရားရည်ရွယ်ချက် မပြောင်းလဲဘူး။ ဘုရားရဲ့ မူလရည်ရွယ်ချက်အတိုင်း လုပ်ဆောင်မယ့်သူတွေ ကမ္ဘာပေါ် နေထိုင်ကြမယ်။

ဆာလံ ၃၇:၂၉။ “ဖြောင့်မတ်သူတွေဟာ ကမ္ဘာမြေကို ပိုင်ဆိုင်ပြီး ထာဝစဉ် နေထိုင်ရလိမ့်မယ်။”

ဆိုလိုရင်း။ ဘုရားရဲ့ ဖြောင့်မတ်တဲ့ စံနှုန်းအတိုင်း နေထိုင်သူတွေ ကမ္ဘာမြေပေါ် ထာဝစဉ် အသက်ရှင်ခွင့် ရလိမ့်မယ်။

ဆာလံ ၉၈:၆-၈။ “ဘုရင်မင်းမြတ် ယေဟောဝါရှေ့မှာ ... အောင်သံ လွှင့်ကြပါ။ ပင်လယ်နဲ့ ပင်လယ်ထဲမှာ ရှိသမျှ မြည်ဟည်းကြပါစေ။ ကမ္ဘာမြေနဲ့ ကမ္ဘာမြေပေါ် နေထိုင်သူမှန်သမျှ ကြွေးကြော်ကြပါစေ။ မြစ်ချောင်းတွေ လက်ခုပ်တီးပါစေ။ ယေဟောဝါရှေ့မှာ တောင်တန်းတွေ ရွှင်လန်းစွာ သီချင်းဆိုပါစေ။”

ဆိုလိုရင်း။ ဘုရားရဲ့ အုပ်ချုပ်မှုကြောင့် သဘာဝပတ်ဝန်းကျင် အခြေအနေ ကောင်းမွန်လာမယ်။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၆)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်များ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ