ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • ijwyp ဆောင်းပါး ၉၈
  • ကျောင်းမှာ အဆင့်ကျသွားရင် ဘယ်လိုလုပ်မလဲ

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ကျောင်းမှာ အဆင့်ကျသွားရင် ဘယ်လိုလုပ်မလဲ
  • လူငယ်များအမေး
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • လုပ်ဆောင်နိုင်ရာ
  • အဆင့်တိုးတက်လာအောင် ဘယ်လိုလုပ်ရမလဲ
    လူငယ်များအမေး . . .တာသွားသည့်အဖြေ
  • ကလေးကို ကျောင်းမှာ အဆင့်တက်လာအောင် ကူညီပေးနိုင်ပုံ
    မိသားစုအတွက် အကူအညီ
  • အိမ်စာတွေ ပြီးအောင် ဘယ်လို လုပ်နိုင်သလဲ
    လူငယ်များအမေး
  • အိမ်စာလုပ်ဖို့ အချိန် ဘယ်လိုရနိုင်မလဲ
    နိုးလော့!—၂၀၀၄
နောက်ထပ် ကြည့်ပါ
လူငယ်များအမေး
ijwyp ဆောင်းပါး ၉၈
ဆယ်ကျော်သက်ကလေးတွေ ကျောင်းထဲကနေ ထွက်လာကြစဉ်။ မိန်းကလေးတစ်ယောက်က စာမေးပွဲရလဒ်ကို စိတ်ပျက်လက်ပျက် ကြည့်နေစဉ်။

လူငယ်များအမေး

ကျောင်းမှာ အဆင့်ကျသွားရင် ဘယ်လိုလုပ်မလဲ

“အတန်းထဲမှာ ကျောင်းသားတချို့က ဆရာ စာသင်နေတဲ့အချိန်ဆိုရင် ဖတ်စာအုပ်လည်းမရှိ၊ နားကြပ်တပ်ပြီး သီချင်းနားထောင်နေကြတယ်။ အဲဒီကျောင်းသားတွေက သူတို့ အဆင့်ကျသွားတာကို အထူးတဆန်းလို လုပ်လိုက်ကြသေးတယ်။ ကျွန်မလို စာကြိုးစား၊ အသည်းအသန် စာလုပ်ပြီး စာမေးပွဲမှာ အဆင့်မကောင်းတဲ့သူတွေလည်း ရှိတယ်။ ဘာကြောင့် ဒီလို ဖြစ်သလဲဆိုတာ ကျွန်မ တကယ်မသိဘူး။ တစ်ပတ်လုံးလုံး ညဉ့်နက်တဲ့အထိ စာကျက်ပြီး အဆင့်မကောင်းတာတော့ တကယ် စိတ်မကောင်းဖြစ်တယ်။—ယိုလန်ဒါ။

ယိုလန်ဒါလို ခံစားဖူးသလား။ အဆင့်ကျသွားတဲ့အခါ၊ ဒါမှမဟုတ် အဆင့် တက်မလာတဲ့အခါ စိတ်ဓာတ်ကျမိတာ သဘာဝပါပဲ။

အဆင့်ကျသွားတဲ့ လူငယ်တချို့ဟာ ဆက်မကြိုးစားချင်တော့တာ ဖြစ်နိုင်တယ်။ တချို့ကျတော့ ကျောင်း ဆက်မတက်ချင်တော့တာ ဖြစ်နိုင်တယ်။ အဲဒီလို အခြေအနေမျိုး ရောက်နေပေမဲ့ ဖြေရှင်းနည်း ရှိပါတယ်။ အဆင့်တက်လာဖို့ ကူညီပေးမယ့် အချက် ၆ ချက်ကို ကြည့်ရအောင်။

  • လုပ်ဆောင်နိုင်ရာ

  • ရွယ်တူတွေ အဆို

လုပ်ဆောင်နိုင်ရာ

  • အတန်းမှန်မှန် တက်ပါ။ ဒါတော့ လူတိုင်း သိတာပေါ့လို သင် ပြောနိုင်တယ်။ ဒါပေမဲ့ အတန်းပျက်တာ များရင် အဆင့်ကျမှာ သေချာတယ်။

    “ကျောင်းမှာ ကိုယ့်အဆင့်ကို အလေးမထားတဲ့ ကျောင်းသားတွေဟာ အတန်းလစ်ကြတယ်။ အဲဒါက သူတို့ကိုပဲ ထိခိုက်စေတယ်။”—မက်သရူး။

    ကျမ်းစာ အခြေခံမူ– “လူဟာ မျိုးစေ့ကြဲတဲ့အတိုင်း ရိတ်သိမ်းရလိမ့်မယ်။”—ဂလာတိ ၆:၇။

  • စာသင်ချိန်မှာ အာရုံစိုက်ပါ။ စာသင်ခန်းထဲ ရောက်နေတာ ကောင်းပေမဲ့ စာသင်ပေးနေတာကနေ အကျိုးရဖို့ အတတ်နိုင်ဆုံး လုပ်ဆောင်ပါ။ ကောင်းကောင်း မှတ်သားပါ။ ဆရာ၊ ဆရာမပြောတာကို နားလည်အောင် လုပ်ပါ။ စာသင်နေချိန်အတွင်း မေးခွန်းမေးလို့ရတယ်ဆိုရင် မေးပါ။

    “စာသင်ခန်းထဲမှာ ကျွန်မ မေးခွန်း အများကြီး မေးတယ်။ ဆရာ၊ ဆရာမက ကျောင်းသားတစ်ယောက် နားမလည်မှန်း သိရင် သေချာ ပြန်ရှင်းပြတယ်ဆိုတာ ကျွန်မ သိလို့ပဲ။”—အိုလီဗီယာ။

    ကျမ်းစာ အခြေခံမူ– “ကိုယ်ဟာ အာရုံစိုက် နားထောင်နေရဲ့လားဆိုတာ သတိပြုပါ။”—လုကာ ၈:၁၈။

  • စာခိုးမချပါနဲ့။ စာခိုးချတာက မရိုးသားမှု ဖြစ်တယ်။ ကျောင်းမှာ စာခိုးချတဲ့နည်းတွေ အများကြီးရှိတယ်။ တစ်နည်းကတော့ တခြားသူရဲ့စာကို ကူးချတာဖြစ်တယ်။ အဲဒီလိုလုပ်တာက မရိုးသားရုံသာမက ကိုယ့်ကို ဘာကောင်းကျိုးမှ မပြုဘူး။

    “တစ်ခုခုကို နားမလည်ဘူးဆိုရင် တခြားတစ်ယောက်ရဲ့ အဖြေတွေကို ကူးမချပါနဲ့။ စာခိုးချတာက သင့်အတွက် ဘာမှ အကျိုးမပြုဘူး။ ပြဿနာကို ကိုယ့်ဘာသာ ဖြေရှင်းမယ့်အစား တခြားသူကို အားကိုးဖို့ သင်ယူနေရာရောက်တယ်။”—ဂျော်နသန်။

    ကျမ်းစာ အခြေခံမူ– “ကိုယ့်အလုပ်ကို ကောင်းကောင်းလုပ်ပါ။ အဲဒီလိုဆိုရင် ဂုဏ်ယူစရာအကြောင်း ရှိလိမ့်မယ်။”—ဂလာတိ ၆:၄။ Contemporary English Version.

  • အိမ်စာကို ဦးစားပေးလုပ်ပါ။ ဖြစ်နိုင်မယ်ဆိုရင် တခြား အလုပ်၊ အထူးသဖြင့် အပန်းဖြေတာတွေ မလုပ်ခင် အိမ်စာ အရင်လုပ်ပါ။a အိမ်စာလုပ်ပြီးသွားမှ အပန်းဖြေရင် ပိုပျော်စရာကောင်းတယ်။

    “ကျွန်တော်က အိမ်စာတွေကို အရင်လုပ်တယ်။ အဲဒါကြောင့် ကျွန်တော့်အဆင့်တွေ တက်လာတယ်။ အိမ်ရောက်ပြီဆိုရင် ခဏလောက် အိပ်လိုက်ချင်တယ်၊ ဒါမှမဟုတ် သီချင်း နားထောင်ချင်တယ်။ ဒါပေမဲ့ အိမ်စာကို အရင်လုပ်တယ်၊ ပြီးမှ အနားယူတယ်။”—ကယ်ဗင်။

    ကျမ်းစာ အခြေခံမူ– “ပိုအရေးကြီးတဲ့အရာတွေကို ပိုင်းခြားသိ” ပါ။—ဖိလိပ္ပိ ၁:၁၀။

  • အကူအညီ တောင်းပါ။ တခြားသူတွေဆီက အကူအညီ လက်ခံဖို့ မရှက်ပါနဲ့။ မိဘတွေဆီမှာ အကြံဉာဏ် တောင်းပါ။ အဆင့်တက်လာအောင် ဆရာ၊ ဆရာမဆီမှာ အကူအညီ တောင်းပါ။ တစ်ခါတလေ ကျူရှင်ဆရာတစ်ယောက်၊ ဒါမှမဟုတ် ဂိုက်သင်ပေးတဲ့သူဆီကနေလည်း အကူအညီ ရနိုင်တယ်။

    “ဆရာ၊ ဆရာမတွေဆီ တိုက်ရိုက်သွားပါ။ ဘာသာရပ်ကို နားလည်ဖို့၊ အဆင့်တက်လာဖို့ အကူအညီ တောင်းပါ။ သင် ကြိုးစားချင်တာကို ဆရာတွေ သဘောကျပြီး ကူညီပေးပါလိမ့်မယ်။”—ဒေးဗစ်။

    ကျမ်းစာ အခြေခံမူ– “အကြံပေးသူ များရင်တော့ အောင်မြင်တတ်တယ်။”—ပညာအလိမ္မာ ၁၅:၂၂။

  • ရနိုင်သမျှ အခွင့်အရေးတိုင်းကနေ အကျိုးရယူပါ။ တချို့နိုင်ငံတွေမှာ အဆင့်တက်စေနိုင်တဲ့ ကုစားစာမေးပွဲတွေ ရှိတယ်။ ကျသွားတဲ့အဆင့် ပြန်တက်အောင် ပြန်လည်ကုစား ဖြေဆိုနိုင်ပါတယ်။ စာပေးပွဲကျတယ်ဆိုရင် ကုစားစာမေးပွဲ ပြန်ဖြေပြီး အောင်မြင်အောင် ကြိုးစားနိုင်တယ်။

    ဆယ်ကျော်သက် မိန်းကလေးတစ်ယောက် အိပ်ခန်းထဲမှာ ဂီတာတီးနေစဉ်။

    အဆင့်တက်အောင်လုပ်တာက တူရိယာတစ်ခု တီးတတ်အောင် သင်ယူတာနဲ့ တူတယ်။ ခက်ပေမဲ့ လုပ်ရကျိုးနပ်တယ်

    “ဘာသာရပ်တစ်ခုမှာ အဆင့်တက်ချင်တယ်ဆိုရင် ကျွန်မ လုပ်တာတစ်ခုရှိတယ်။ ပြန်လည်ကုစားဖြေဆိုခွင့် ရှိမရှိ၊ အဆင့်တက်အောင် ပြန်ဖြေလို့ရမရ ဆရာ၊ ဆရာမတွေကို မေးတယ်။”—မက်ကန်ဇီ။

    ကျမ်းစာ အခြေခံမူ– “ကြိုးစားပမ်းစားလုပ်တဲ့ အလုပ်မှန်သမျှ အကျိုးရှိတယ်။”—ပညာအလိမ္မာ ၁၄:၂၃။

ရွယ်တူတွေ အဆို

အလက်ဇန်ဒရာ။

“ကျောင်းမှာ အောင်မြင်ချင်တယ်ဆိုရင် ဒီအခွင့်အရေးကို တစ်သက်မှာ တစ်ခါပဲ ရတယ်ဆိုတာ သတိရပါ။ ကြိုးစားလေ အောင်မြင်လေပဲ။”—အလက်ဇန်ဒရာ။

ဧလိုင်ဂျာ။

“ကိုယ့်ရည်မှန်းချက်အကြောင်း ဆရာတွေကို ပြောပြထားပါ။ ကျွန်တော် ကျောင်းတက်တုန်းက အဆင့်တက်ဖို့ ဘာလုပ်ရမလဲလို့ ဆရာတွေကို မေးခဲ့တယ်။ အိမ်စာတွေ ထပ်လုပ်ရနိုင်တယ်၊ အပိုအိမ်စာတွေ လုပ်ရနိုင်တယ်။”—ဧလိုင်ဂျာ။

မက်ကန်ဇီ။

“အကူအညီရဖို့ ကိုယ်ကအစပြု တောင်းခံပါ။ အဆင့်တက်ဖို့ ကြိုးစားချင်စိတ် ရှိတာကို ဆရာတွေ တွေ့တဲ့အခါ ကူညီပေးချင်ကြတယ်။”—မက်ကန်ဇီ။

ပြန်လည်သုံးသပ်ချက်။ ကျောင်းမှာ အဆင့်ကျသွားရင် ဘယ်လိုလုပ်မလဲ

  1. ၁။ အတန်းမှန်မှန် တက်ပါ။

  2. ၂။ စာသင်ချိန်မှာ အာရုံစိုက်ပါ။

  3. ၃။ စာခိုးမချပါနဲ့။

  4. ၄။ အိမ်စာကို ဦးစားပေးလုပ်ပါ။

  5. ၅။ အကူအညီ တောင်းပါ။

  6. ၆။ ရနိုင်သမျှ အခွင့်အရေးတိုင်းကနေ အကျိုးရယူပါ။

a စာလေ့လာတဲ့အကျင့်ကို ပိုတိုးတက်စေတဲ့ သတ်သတ်မှတ်မှတ် အကြံပြုချက်တွေကို “လူငယ်များအမေး . . . အိမ်စာတွေပြီးအောင် ဘယ်လို လုပ်နိုင်သလဲ” ဆောင်းပါးကို ကြည့်ပါ။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ