ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • ijwbq ဆောင်းပါး ၁၄၀
  • ယေရှု ဘယ်လို ကယ်တင်သလဲ

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ယေရှု ဘယ်လို ကယ်တင်သလဲ
  • ကျမ်းစာမေးခွန်းများရဲ့ အဖြေ
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • ကျမ်းစာအဖြေ
  • ကယ်တင်ခြင်းခံရရန် ကျွန်ုပ်တို့ဘာပြုလုပ်ရ မည်နည်း
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၀
  • ယေဟောဝါသက်သေများသည် သူတို့သာလျှင် ကယ်တင်ခံရမည်ဟု ယုံကြည်ကြပါသလော
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၈
  • ကယ်တင်ခံရရန် ကျွန်ုပ်တို့ဘာလုပ် ရမည်နည်း
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၆
  • ‘တစ်ခါကယ်တင်ခံရတာနဲ့ အမြဲကယ်တင်ခံရပြီ’ လို့ ကျမ်းစာသွန်သင်သလား
    ကျမ်းစာမေးခွန်းများရဲ့ အဖြေ
နောက်ထပ် ကြည့်ပါ
ကျမ်းစာမေးခွန်းများရဲ့ အဖြေ
ijwbq ဆောင်းပါး ၁၄၀
ယေရှုကို လူမျိုးပေါင်းစုံ ဝိုင်းရံနေစဉ်

ယေရှု ဘယ်လို ကယ်တင်သလဲ

ကျမ်းစာအဖြေ

ယေရှုက မိမိရဲ့အသက်ကို ရွေးဖိုးအဖြစ် ပေးပြီး သစ္စာရှိလူသားတွေကို ကယ်တင်ခဲ့တယ်။ (မဿဲ ၂၀:၂၈) ဒါကြောင့် ကျမ်းစာက ယေရှုကို “လောကရဲ့ ကယ်တင်ရှင်” လို့ခေါ်ထားတယ်။ (၁ ယောဟန် ၄:၁၄) “သူကလွဲလို့ ဘယ်သူမှ ကျွန်တော်တို့ကို မကယ်တင်နိုင်ဘူး။ ဘာလို့လဲဆိုတော့ ကျွန်တော်တို့ကို ကယ်တင်ဖို့ ကမ္ဘာပေါ်မှာ ဘုရားသခင် ရွေးချယ်ထားတာ သူ့နာမည်ပဲ ရှိတယ်။ တခြားနာမည် မရှိဘူး” လို့လည်း ဖော်ပြထားတယ်။—တမန်တော် ၄:၁၂။

ယေရှုဟာ မိမိကို ယုံကြည်သူ “အားလုံးအတွက် အသေခံခဲ့တယ်။” (ဟီဘရူး ၂:၉။ ယောဟန် ၃:၁၆) အဲဒီနောက် “ဘုရားသခင်က သူ့ကို သေရာကနေ အသက်ပြန်ရှင်အောင် လုပ်ပေး” ခဲ့တဲ့အတွက် ဝိညာဉ်သတ္တဝါအနေနဲ့ ကောင်းကင်ကို ပြန်တက်ခဲ့တယ်။ (တမန်တော် ၃:၁၅) “သူ့နာမည်ကိုအမှီပြုပြီး ဘုရားသခင်ဆီ ဆုတောင်းသူတိုင်းကို အပြည့်အဝ ကယ်တင်နိုင်တဲ့အစွမ်း သူ့မှာ ရှိတယ်။ ဘာကြောင့်လဲဆိုတော့ သူတို့အတွက် အသနားခံပေးဖို့ သူအမြဲအသက်ရှင်နေလို့ပဲ။”—ဟီဘရူး ၇:၂၅။

ကျွန်တော်တို့အတွက် ယေရှု အသနားခံပေးဖို့ ဘာကြောင့် လိုအပ်သလဲ

လူသားအားလုံးဟာ အပြစ်သားတွေ ဖြစ်ကြတယ်။ (ရောမ ၃:၂၃) အပြစ်တရားက လူသားတွေနဲ့ ဘုရားသခင်ကြားမှာ အတားအဆီး ဖြစ်နေပြီး သေခြင်းကို ဖြစ်စေတယ်။ (ရောမ ၆:၂၃) ဒါပေမဲ့ ယေရှုရဲ့ ရွေးဖိုးပူဇော်သက္ကာကို ယုံကြည်သူတွေအတွက် ယေရှု “ရှေ့နေလိုက်ပေး” တယ်။ (၁ ယောဟန် ၂:၁၊ အောက်ခြေမှတ်ချက်) သူတို့ရဲ့ ဆုတောင်းချက်ကို နားထောင်ပေးဖို့၊ ယေရှုရဲ့ ရွေးဖိုးကို အခြေခံပြီး သူတို့ရဲ့ အပြစ်တွေကို ခွင့်လွှတ်ပေးဖို့ ဘုရားသခင်ဆီ ယေရှု အသနားခံပေးတယ်။ (မဿဲ ၁:၂၁။ ရောမ ၈:၃၄) ဒါက ဘုရားအလိုတော်နဲ့ ညီတဲ့အတွက် ယေရှုရဲ့ အသနားခံချက်ကို ဘုရားသခင် နားထောင်တယ်။ ဘုရားသခင် ယေရှုကို မြေကြီးပေါ် စေလွှတ်ရတဲ့အကြောင်းရင်းက “သူ့ကို သုံးပြီး လူ့လောကကို ကယ်တင်ဖို့ပဲ။”—ယောဟန် ၃:၁၇။

ယေရှုကို ယုံကြည်ရုံနဲ့ ကယ်တင်ခြင်း ရမလား

မရပါဘူး။ ကယ်တင်ခြင်း ရဖို့ ယေရှုကို ယုံကြည်ရမယ်။ နောက်ထပ်လည်း လိုအပ်ပါသေးတယ်။ (တမန်တော် ၁၆:၃၀၊ ၃၁) ကျမ်းစာက ဒီလိုဆိုတယ်– “အသက်စွမ်းအား မရှိတဲ့ ကိုယ်ခန္ဓာဟာ အသေဖြစ်သလို လုပ်ရပ်မပါတဲ့ ယုံကြည်ခြင်းကလည်း အသေပဲ။” (ယာကုပ် ၂:၂၆) ကယ်တင်ခြင်း ရဖို့

  • ယေရှုနဲ့ အဖယေဟောဝါဘုရားအကြောင်း လေ့လာရမယ်။—ယောဟန် ၁၇:၃။

  • ယေရှုနဲ့ ယေဟောဝါကို ယုံကြည်သက်ဝင်ရမယ်။—ယောဟန် ၁၂:၄၄။ ၁၄:၁။

  • ယေရှုနဲ့ ယေဟောဝါရဲ့ စကားကို နာခံခြင်းအားဖြင့် ယုံကြည်ကြောင်း ပြရမယ်။ (လုကာ ၆:၄၆။ ၁ ယောဟန် ၂:၁၇) ယေရှုကို “သခင်” လို့ခေါ်တဲ့သူတိုင်း ကယ်တင်ခြင်း ရမှာ မဟုတ်ဘူး။ “ကောင်းကင်မှာ စံမြန်းတဲ့ ကျွန်တော့်အဖရဲ့ အလိုတော်ကို ဆောင်တဲ့သူပဲ” ကယ်တင်ခြင်း ရမယ်လို့ သွန်သင်ခဲ့တယ်။—မဿဲ ၇:၂၁။

  • အခက်အခဲတွေကြားမှာ ယုံကြည်ကြောင်း ဆက်တင်ပြရမယ်။ “အဆုံးထိ ခံနိုင်ရည်ရှိသူဟာ ကယ်တင်ခံရလိမ့်မယ်” လို့ ယေရှု ရှင်းရှင်းလင်းလင်း ပြောခဲ့တယ်။—မဿဲ ၂၄:၁၃။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ