ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ လက်သင်္ကေတပြဘာသာစကား
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • ရှောလမုန်သီချင်း ၂
  • သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

မာတိကာ

    • ရှောလမုန် စခန်းချတဲ့နေရာက ရှုလမိုက် (၁:၁–၃:၅)

ရှောလမုန်သီချင်း ၂:၁

အောက်ခြေမှတ်ချက်များ

  • *

    မူရင်း၊ “ကုံကုမံပန်းပါ။”

ကျမ်းညွှန်းများ

  • +သီ ၂:၁၆

ရှောလမုန်သီချင်း ၂:၅

ကျမ်းညွှန်းများ

  • +၁ရှ ၃၀:၁၁၊ ၁၂

ရှောလမုန်သီချင်း ၂:၆

ကျမ်းညွှန်းများ

  • +သီ ၈:၃

ရှောလမုန်သီချင်း ၂:၇

ကျမ်းညွှန်းများ

  • +သီ ၃:၅; ၈:၄
  • +၂ရှ ၂:၁၈

ရှောလမုန်သီချင်း ၂:၉

ကျမ်းညွှန်းများ

  • +သီ ၂:၁၇; ၈:၁၄

ရှောလမုန်သီချင်း ၂:၁၂

ကျမ်းညွှန်းများ

  • +သီ ၆:၁၁
  • +ရှာ ၁၈:၅; ယဟ ၁၅:၂
  • +ယေ ၈:၇

ရှောလမုန်သီချင်း ၂:၁၃

ကျမ်းညွှန်းများ

  • +ရှာ ၂၈:၄; နာ ၃:၁၂

ရှောလမုန်သီချင်း ၂:၁၄

ကျမ်းညွှန်းများ

  • +သီ ၅:၂; ယေ ၄၈:၂၈
  • +သီ ၈:၁၃
  • +သီ ၁:၅; ၆:၁၀

ရှောလမုန်သီချင်း ၂:၁၆

ကျမ်းညွှန်းများ

  • +သီ ၇:၁၀
  • +သီ ၂:၁; ၆:၃
  • +သီ ၁:၇

ရှောလမုန်သီချင်း ၂:၁၇

အောက်ခြေမှတ်ချက်များ

  • *

    “ကွဲအက်နေတဲ့ တောင်တန်းပေါ်က” ဒါမှမဟုတ် “ဗေသာတောင်တန်းပေါ်က” လည်းဖြစ်နိုင်။

ကျမ်းညွှန်းများ

  • +၂ရှ ၂:၁၈
  • +သီ ၂:၉; ၈:၁၄

အထွေထွေ

သီ. ၂:၁သီ ၂:၁၆
သီ. ၂:၅၁ရှ ၃၀:၁၁၊ ၁၂
သီ. ၂:၆သီ ၈:၃
သီ. ၂:၇သီ ၃:၅; ၈:၄
သီ. ၂:၇၂ရှ ၂:၁၈
သီ. ၂:၉သီ ၂:၁၇; ၈:၁၄
သီ. ၂:၁၂သီ ၆:၁၁
သီ. ၂:၁၂ရှာ ၁၈:၅; ယဟ ၁၅:၂
သီ. ၂:၁၂ယေ ၈:၇
သီ. ၂:၁၃ရှာ ၂၈:၄; နာ ၃:၁၂
သီ. ၂:၁၄သီ ၅:၂; ယေ ၄၈:၂၈
သီ. ၂:၁၄သီ ၈:၁၃
သီ. ၂:၁၄သီ ၁:၅; ၆:၁၀
သီ. ၂:၁၆သီ ၇:၁၀
သီ. ၂:၁၆သီ ၂:၁; ၆:၃
သီ. ၂:၁၆သီ ၁:၇
သီ. ၂:၁၇၂ရှ ၂:၁၈
သီ. ၂:၁၇သီ ၂:၉; ၈:၁၄
  • သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
  • ၁
  • ၂
  • ၃
  • ၄
  • ၅
  • ၆
  • ၇
  • ၈
  • ၉
  • ၁၀
  • ၁၁
  • ၁၂
  • ၁၃
  • ၁၄
  • ၁၅
  • ၁၆
  • ၁၇
သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
ရှောလမုန်သီချင်း ၂:၁-၁၇

ရှောလမုန်သီချင်း

၂ “ကျွန်မဟာ ကမ်းရိုးတန်း လွင်ပြင်မှာ ပေါက်တဲ့ အရိုင်းပန်းလေးပါ။*

ချိုင့်ဝှမ်းတွေမှာ ပေါက်တဲ့ နှင်းပန်းလေးပါ။”+

 ၂ “မိန်းကလေးတွေထဲမှာ မောင့်ချစ်သူဟာ

ဆူးပင်တွေအလယ်က နှင်းပန်းလေးလိုပဲ။”

 ၃ “ယောက်ျားလေးတွေထဲမှာ ကျွန်မချစ်သူဟာ

တောသစ်ပင်တွေ အလယ်က ပန်းသီးပင်လိုပဲ။

အဲဒီအပင်ရိပ်မှာ ကျွန်မ ခိုနားချင်လိုက်တာ။

အသီးတွေဟာ သိပ်ချိုမြိန်တာပဲ။

 ၄ ချစ်သူက ကျွန်မကို စားသောက်ပွဲကျင်းပတဲ့အိမ်ထဲ ခေါ်သွားတယ်။

သူ့မေတ္တာဟာ ကျွန်မအတွက်ပဲဆိုတာ လူတကာသိနိုင်တယ်။

 ၅ လွမ်းနာကျနေတဲ့ ကျွန်မကို

လန်းဆန်းသွားအောင် စပျစ်သီးပျဉ်တွေ ကျွေးကြပါဦး။+

အားပြည့်သွားအောင် ပန်းသီးတွေ ကျွေးကြပါဦး။

 ၆ ချစ်သူရဲ့ ဘယ်လက်ဟာ ကျွန်မခေါင်းအုံးပဲ။

ညာလက်နဲ့ ကျွန်မကို ပွေ့ဖက်ထားတယ်။+

 ၇ အို ဂျေရုဆလင် သမီးပျိုတို့၊

ကျွန်မရင်ထဲမှာ အချစ်စိတ် ပေါ်မလာတဲ့အတွက် ပေါ်အောင် အတင်းမလုပ်ပါဘူးလို့+

လယ်ပြင်က ဒရယ်တွေ၊+ သမင်မတွေကို တိုင်တည်ပြီး သစ္စာဆိုကြပါ။

 ၈ ချစ်သူရဲ့ အသံပါလား။

ကြည့်စမ်း၊ တောင်တန်း တောင်ကုန်းတွေကို ဖြတ်ကျော်ပြီး

သူအပြေးအလွှား လာနေပြီ။

 ၉ ကျွန်မချစ်သူဟာ ဒရယ်နဲ့တူတယ်။ သမင်ပျိုနဲ့လည်း တူတယ်။+

ဟော ဟိုမှာ၊ ကျွန်မတို့အိမ်နံရံနောက်မှာ သူရပ်နေတယ်။

ပြတင်းပေါက်ကနေ ငေးကြည့်နေတယ်။

မှန်ကူကွက်တွေကြားကနေ လှမ်းကြည့်နေတယ်။

၁၀ ကျွန်မချစ်သူက ပြောတယ်–

‘မောင့်ချစ်သူရေ၊ ထပါတော့။

မောင့်ရဲ့ အလှဆုံးလေး၊ အတူလိုက်ခဲ့ပါတော့။

၁၁ ဆောင်းရာသီ ကုန်ပြီ။

မိုးတွေလည်း နှုတ်ဆက်ထွက်ခွာသွားပြီ။

၁၂ ရွာမှာ ပန်းတွေပွင့်လာပြီ။+

အပင်တွေချိုင်ရမယ့်အချိန် ရောက်ပြီ။+

မောင်တို့မြေမှာ ချိုးကူသံ ကြားရပြီ။+

၁၃ သီးဦးသီးဖျား သဖန်းသီးတွေ ဝင်းမှည့်လာပြီ။+

စပျစ်ပင်တွေ ဖူးပွင့်ပြီး ရနံ့သင်းထုံလာပြီ။

မောင့်ချစ်သူရေ၊ ထလာခဲ့ပါတော့။

အလှဆုံးလေး၊ အတူလိုက်ခဲ့ပါတော့။

၁၄ ကျောက်ဆောင်တွေ၊ ကျောက်ကမ်းပါးတွေကြားမှာ ခိုအောင်းနေတဲ့ မောင့်ချိုးငှက်လေးရေ၊+

မင်းကို တွေ့ပါရစေ။ အသံလေး ကြားပါရစေ။+

မင်းအသံဟာ ချိုသာလို့ပါ။

မင်းမျက်နှာဟာ ချစ်စရာကောင်းလို့ပါ။’”+

၁၅ “ငါတို့စပျစ်ခြံတွေ ဖူးပွင့်နေပြီ။

စပျစ်ခြံတွေကို ဖျက်ဆီးနေတဲ့ မြေခွေးတွေ၊ မြေခွေးလေးတွေကို ဖမ်းကြပါ။”

၁၆ “ချစ်သူဟာ ကျွန်မရဲ့ မူပိုင်ရှင်ပါ။ ကျွန်မကလည်း ချစ်သူရဲ့ မူပိုင်ရှင်ပါ။+

နှင်းပန်းတောထဲမှာ+ သူသိုးထိန်းနေတယ်။+

၁၇ အို ချစ်ရတဲ့မောင်၊

လေပြည် မသွေးခင်၊ အရိပ်တွေ မကွယ်ပျောက်ခင် အပြေးလှမ်းလာခဲ့ပါတော့။

စည်းခြားထားတဲ့ တောင်တန်းပေါ်က* ဒရယ်လို၊+ သမင်ပျိုလို+ အရောက်လှမ်းလာခဲ့ပါတော့။

မြန်မာ စာစောင်များ (၂၀၁၁-၂၀၂၅)
ထွက်ပါ
ဝင်ပါ
  • မြန်မာ လက်သင်္ကေတပြဘာသာစကား
  • ဝေမျှပါ
  • နှစ်သက်ရာ ရွေးချယ်ပါ
  • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
  • လိုက်နာရန် စည်းကမ်းများ
  • ကိုယ်ရေးလုံခြုံမှု မူဝါဒ
  • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
  • JW.ORG
  • ဝင်ပါ
ဝေမျှပါ